O/D ခလုပ်ဆိုသည်မှာ over drive မမောင်းချင်ပါက ပိတ်၍ရအောင် off ခလုတ် တပ်ဆင်ပေးထားခြင်းဖြစ်ပါသည်။
ထိုခလုတ်သည် ကားတိုင်းတွင် မပါဝင်ပေ။
Over Drive ဆိုသည်မှာ အင်ဂျင်ရုန်အားကို လျှော့ချပြီး အမြန်နှုန်းကို မြင့်စေသောကြောင့် ရိုးရိုးဂီယာ နံပါတ် ၅နှင့် မောင်းနေကဲ့သို့ ဆီစားသက်သာခြင်း၊ အင်ဂျင်သက်သာခြင်း၊ ဆူညံမှုနည်းခြင်း၊ ခရီးပိုရောက်ခြင်းများရှိပါသည်။
O/D နှိပ်ထားပါက O/D off ဆိုသော မီးဝါလေးလင်းလာပြီး Over Drive မဖြစ်စေရန် စတင်တင်လုပ်ဆောင်ပါသည်။
ဥပမာအားဖြင့် D ဖြင့် မောင်းနှင်သော်လည်း D တာဝန်ကို အပြည့်မလုပ်ဘဲ နောက်ဆုံးဂီယာတစ်ချက် မဝင်ဘဲ သွားနေမည်ဖြစ်ပါသည်။
လီဘာနင်းပါက အထသွက်ရခြင်းမှာ ပုံမှန်အင်ဂျင်အပတ်ရေထက် နောက်ကျပြီးမှ ဂီယာချိန်းပြီး အရှိန်အမြင့်ဆုံးဂီယာတစ်ချက်မဝင်သောကြောင့် ( ရိုးရိုးဂီယာဖြစ်ပါက လီဘာအကုန်နင်းမှဂီယာချိန်းသကဲ့သို့) ဖြစ်ပါသည်။
O/D off ကို တောင်တက် တောင်ဆင်းလမ်းများတွင်လည်းကောင်း၊ မိုးများနှင်းများကျ၍ လမ်းချောနေချိန်တွင်လည်းကောင်း၊ ကီလို ၆၀ ဝန်းကျင် ကားကျော်တက်ချိန်တွင် အသုံးပြုနိုင်ပါသည်။
O/D off ကိုတောင်အတက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ O/D မပိတ်ဘဲ D ဖြင့် ပုံမှန်မောင်းနေပါက ဂီယာဘောက်အတွင်းတွင် ဂီယာခဏခဏ ချိန်းရသဖြင့် ဆီပူလာပြီး ကလပ်ပလိတ်နာကာ ဂီယာပျက်စီးတတ်သောကြောင့်
ဖြစ်ပါသည်။
လမ်းချောချိန်၊ တောင်အတက်အဆင်းများတွင် အရှိန်လွန်မောင်းနှင်မှုမဖြစ်သကဲ့သို့ လမ်းကောင်း၍ မြေပြန့်၌ သုံးပါက ဂီယာ တစ်ချက်ကျန်နေသောကြောင့် ရိုးရိုးဂီယာဆို နံပါတ် ၅ မချိန်းဘဲ ၄ဖြင့်သာ မောင်းနေသကဲ့သို့ ဆီစားပြီး
ကြာကြာမောင်းပါက အင်ဂျင်ကိုလည်းထိခိုက်စေပါသည်။
မလိုအပ်ဘဲ O/D off မီးဝါလေး မလင်းထားသင့်ပေ။
အရှိန်အလွန်များနေချိန် ဂီယာဒေါင်းသော ခလုတ်မဟုတ်ပေ။
O/D အလုပ်လုပ်ပုံကို နားလည်သွားပါ ကားမောင်းသောသူအတွက် အဆင်ပြေနိုင်ပါသည်။