ဂျပန်ပြည်တွင်းဈေးကွက် ပြည်ပအီးဗီများ နေရာရ


ဂျပန်ပြည်တွင်းဈေးကွက် ပြည်ပအီးဗီများ နေရာရ

ဂျပန်အမျိုးသမီး နာရူမီအဘေးက ဂျပန်မှာ နေထိုက်သူ ဖြစ်ပြီး Honda အီးဗီ ဝယ်မယ့်အစား ပြည်ပမှ တင်သွင်းတဲ့ Peugeot e-208 ကို ဝယ်ယူခဲ့ပါတယ်။ Peugeot က ခရီးတာ ပိုဝေးဝေး မောင်းနှင်နိုင်လို့ ဖြစ်ပါတယ်။

နာရူမီအဘေးက ပြည်ပမှတင်သွင်းတဲ့ ဘက်ထရီသုံး အီးဗီ battery electric vehicle (BEV) ဝယ်သုံးသူထဲမှာ ပါဝင်လိုက်တာ ဖြစ်ပါတယ်။
 ဂျပန်ကားထုတ်လုပ်ရေး လုပ်ငန်းများက BEV ထုတ်လုပ်ရင် နိုင်ငံတစ်လွှားမှာ အားသွင်းဖို့ အခြေခံအဆောက်အအုံ မရှိသေးတာကြောင့် ရောင်းအားနည်းပါးနေမှာ သေချာတာကြောင့် ဘက်ထရီ ဓာတ်ဆီ ၂ မျိုးစပ် hybrid တွေကိုသာ များများစားစား ထုတ်လုပ်ကြတယ်။
 
လျှပ်စစ်ကား စီးလိုသူတွေအဖို့ ပြည်ပမှ တင်သွင်းတဲ့ BEV တွေကို ဝယ်စီးဖြစ်ကြတယ်။

ဂျပန်မှာ နှစ်စဉ်ကားစီးရေ ၅ သန်းဝန်းကျင် ရောင်းချတယ်။ တစ်ဆယ်ပုံ ကိုးပုံက ပြည်တွင်း ကြီး ၃ ကြီး ကားထုတ်လုပ်ရေးလုပ်ငန်းတွေ ဖြစ်တဲ့  Toyota Motor Corp , Honda Motor Co, Nissan Motor Co  တို့ရဲ့ ကားတွေဖြစ်ပါတယ်။

ဂျပန် မော်တော်ယာဉ် သွင်းကုန်လုပ်ငန်းရှင်များ အသင်း Japan Automobile Importers Association ရဲ့ အချက်အလက်များအရယမန်နှစ်က အိမ်စီးကားတွေ ရောင်းအား ၃.၂% ကျဆင်းခဲ့‌တယ်။ ပြည်ပကားမော်ဒယ်ရောင်းအား ၁.၇% မြင့်တက်ခဲ့တယ်။ ပြည်ပ BEV တင်သွင်းမှု ၃ ဆ ပိုများခဲ့တယ်။ စီးရေ ၈,၆၁၀ စံချိန်တင် တင်သွင်းခဲ့ပါတယ်။ ထက်ဝက်နီးပါးက Tesla Inc ရဲ့ BEV တွေ ဖြစ်မယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းပါတယ်။ 
Volkswagen ကလည်း ဂျပန်မှာ BEV အပိုင်းအကန့်ကို  နေရာရဖို့ မော်ဒယ်အမျိုးမျိုးဖြင့် ကြိုးပမ်းနေပါတယ်။ ၂၀၂၅ မှာ ၎င်းပိုင်ဆိုင်တဲ့ Audi ရဲ့ BEV မော်ဒယ်တွေ ကို စီးရေ ၁၀,၀၀၀ ဝန်းကျင် ရောင်းရဖို့ မျှော်မှန်းထားပါတယ်။ 

VW group က အမြန်အားသွင်းစတေရှင် ၂၅၀ ကို ယခုနှစ်အတွင်း ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

 Stellantis က ၎င်းရဲ့ Peugeot BEV မော်ဒယ် အသစ် ၂ မျိုးကို ယခုနှစ်မှာ ရောင်းချပါမယ်။.

Hyundai Motor Co က ရောင်းအားမကောင်းလို့ ဂျပန်ဈေးကွက်ကို ကျောခိုင်းထားတာ ၁၂ နှစ်ကြာပြီးချိန်မှာ မေလကစလို့ ၎င်းရဲ့ Ioniq 5 midsize crossover BEV ကို စတင်ရောင်းချပါမယ်။ ယခုလို ဂျပန်ဈေးကွက်ထဲ ပြန်ဝင်တာ အောင်မြင်စေဖို့ အွန်လိုင်း ဆိုရှယ် ဂိမ်းကုမ္ပဏီ DeNA Co နှင့် car sharing service ၊ အာမခံလုပ်ငန်း Sompo Holdings ရဲ့ ကားအငှားဝန်ဆောင်မှုတို့နှင့် လက်တွဲထားပါတယ်။ 

Read 2158 times