Oppo နှင့် Vivo စမတ်ဖုန်းများကို NIO ကားသော့အဖြစ် အသုံးပြုနိုင်ပြီ


Oppo နှင့် Vivo စမတ်ဖုန်းများကို NIO ကားသော့အဖြစ် အသုံးပြုနိုင်ပြီ

TO GET INSTANT UPDATE 
Join Telegram Channel 

https://t.me/Guid4U

 

တရုတ်စမတ်ဖုန်း လုပ်ငန်းကြီး နှစ်ခုဖြစ်သည့် Oppo နှင့် Vivo တို့သည် ၎င်းတို့၏ စမတ်ဖုန်းမော်ဒယ်အချို့ကို လျှပ်စစ်ကားကုမ္ပဏီ NIO ၏ ET5၊ ET7၊ ES7 နှင့် EC7 မော်ဒယ်များအတွက်  လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားပြီး ကားသော့များအဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၂၀၂၃ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကြေညာခဲ့ကြသည်။

NIO ကားပိုင်ရှင်များသည် Oppo  စမတ်ဖုန်းကို ဒစ်ဂျစ်တယ် ကားသော့အဖြစ် wallet app တွင် ထည့်ရန် လုပ်ဆောင်ပေးရမည့် ဆက်တင်များအားလုံးကို ချိန်ပေးပြီးသောအခါ ပြီ Oppo စမတ်ဖုန်းကို  ကားသော့အဖြစ် အသုံးပြုနိုင်သည်။

 

ကားအနီးသို့ ၎င်းOppo  စမတ်ဖုန်းနှင့်အတူ ရောက်သွားသည့်အခါ ကားတံခါးများ အလိုအလျောက်သော့ပွင့်သွားမည်။ ကားထဲ ယာဉ်မောင်း ဝင်ထိုင်ပြီးလျှင် driving mode ကို စသုံးနိုင်ပြီ ဖြစ်သည်။ NIO ၏ ကားသော့ကိုယူဆောင်လာရန် မလိုအပ်ချေ။

Oppo သည် Tesla ၊  XPeng ၊ Li Auto တို့နှင့်လည်း အလားတူ ပူးပေါင်းဆောင်ရွက်မှုများကို ယခင်က ကြေညာခဲ့သည်။

  

စမတ်ဖုန်းလုပ်ငန်းကြီး Vivo ကလည်း အလားတူပင် ၎င်း၏ ဒစ်ဂျစ်တယ်ကားသော့ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ဒစ်ဂျစ်တယ်ကားသော့ သုံးနိုင်သည့် Vivo စမတ်ဖုန်း မော်ဒယ်များမှာ 

  •  Vivo X series, 
  •  Vivo S series, 
  •  iQOO flagship series, 
  •  iQOO Neo series, 
  •  iQOO Z series, 
  •  NEX series 

 တို့ဖြစ်ပါသည်။

 

 စမတ်ဖုန်းဒစ်ဂျစ်တယ်ကားသော့ သုံးနိုင်သည့် NIO ကားမော်ဒယ်များမှာ ET5, ET7, ES7,  EC7 တို့ ဖြစ်ပါသည်။အခြားမော်ဒယ်များအတွက် လုပ်ကိုင်နေဆဲဟု Vivo က ပြောကြားသည်။

 

Vivo နှင့် Oppo တို့သည် BBK group လက်အောက်မှ brand များ ဖြစ်ပါသည်။

 

NIO သည်လည်း စမတ်ဖုန်း ထုတ်လုပ်မည့် အစီအစဉ် ရှိပါသည်။

ကုမ္ပဏီသည် ဖုန်းထုတ်လုပ်ရေး ပူးပေါင်းလုပ်ဆောင်မည်ဟု ပြီးခဲ့သည့်နှစ် ၂၀၂၂ မတ်လနှောင်းပိုင်းတွင် အတည်ပြုခဲ့သည်။

 

NIO ကား သုံးစွဲသူများက ကားများနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်သည့် ဖုန်းတစ်လုံးကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့ကြသဖြင့် စမတ်ဖုန်း ထုတ်လုပ်ပေးဖို့ ဖြစ်လာခဲ့ကြောင်း NIO တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် စီအီးအို William Li က ပြောကြားသည်။

NIO ဖုန်းသည် Huawei သို့မဟုတ် Xiaomi တို့နှင့် ယှဉ်ပြိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းမဟုတ်ဘဲ သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက်သာဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

NIO ကားပိုင်ရှင်များအနက် ထက်ဝက်သည် NIO ဖုန်းများကို ဝယ်ယူပါက ကုမ္ပဏီ၏ ရည်မှန်းချက်သို့  ရောက်ရှိလိမ့်မည် ဟု Li က ဆိုသည်။

 ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ NIO ကား ၂၉၈,၀၆၂ စီးကို ဝယ်ယူသူများထံ ပေးအပ်ခဲ့ပြီးပြီ ဖြစ်သည်။

Source CnEVPost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 309 times