ကမ္ဘာ့နိုင်ငံအသီးတွင်လည်း ယခုကဲ့သို့ အမိုးပွင့်ကားများ ပြေးဆွဲလျက်ရှိသည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်ပါသည်။
ခရီးသွား အပန်းဖြေ ကဏ္ဍအထူးပြုသီးသန့် ပြုလုပ်ထားသော အမိုးဖွင့်ကား သမိုင်းကြောင်းကို Myanmar Automobile Equipment Directory စာဖတ်ပရိတ်သတ်များ သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။
အမိုးဖွင့်ဘတ်စ်ကားဆိုသည်မှာအမိုးမပါသည့်နှစ်ထပ်ဘတ်စ်ကားဖြစ်ပြီး ရှေးတုန်းကအသုံးပြုခဲ့ကြသည့် ဘတ်စ်ကားများကိုအမိုးမပါပဲတည်ဆောက်ခဲ့ကြသော်လည်း ဒီဘက်ခေတ်တွင်ဒေသရှုခင်းများကို ကမ္ဘာလှည့် ခရီးသည်များလှည့်လည်ကြည့်ရှု့ရန်အတွက်ဝန်ဆောင်မှုပေးသည့်ယာဉ်အဖြစ်သာအမိုးဖွင့်ဘတ်စ်ကားများကိုတည်ဆောက်အသုံးပြုလာကြပါသည်။
၁၉၂၀ ပြည့်လွန်နှစ်များအထိအသုံးပြုခဲ့သည့်အမိုးဖွင့်ဘတ်စ်ကားအများစုမှအပေါ်ထပ်အတွက် အမိုးအပါဝင်သည့်နှစ်ထပ်ဘတ်စ်ကားများဖြစ်ပြီး မူလလက်ဟောင်းအမိုးပွင့်ဘတ်စ်ကားများဟုဆိုနိုင်ပါသည်။
ယခုချိန်တွင်အမိုးဖွင့်ဘတ်စ်ကားများကိုမြို့တွင်းရှု့ခင်းကြည့်ရန်နှင့်ကျေးလက်အထိမ်းအမှတ်နေရာများ၊ စိတ်ဝင်စားစရာနေရာများကိုကမ္ဘာလှည့်ခရီးသည်များလှည့်လည်ကြည့်ရှု့လေ့လာရန်အတွက်အဓိကအသုံးပြု လာကြပါသည်။
တချို့ဒေသများတွင်အမိုးဘတ်စ်ကားများကိုနွေးနွေးထွေးထွေးရှိပြီး ခြေခင်းလက်ခင်းသာသည့် ရာသီဥတုမျိုးတွင် သာပုံမှန်မြို့တွင်း မောင်းခရီးသည်တင်ဘတ်စ်ကားများအဖြစ် အသုံးပြုသကဲ့သို့ ကမ်းခြေမြို့လေးများ၊ ကျေးလက်ဒေသနှင့် ကမ်းရိုးတန်းဒေသများတွင် ရှု့ခင်းကြည့်ရန်အတွက် ရာသီအပိုင်းအခြားနှင့်ပေးသည့် ဝန်ဆောင်မှုတစ်ခုအဖြစ်အသုံးပြုကြပါသည်။
အမိုးဖွင့်ဘတ်စ်ကားများကိုအောင်ပွဲခံအားကစားအသင်းများအတွက်လည်းမကြာခဏအသုံးပြုလေ့ရှိပါသည်။
မင်္ဂလာပွဲကဲ့သို့အခမ်းအနားများတွင်လည်းခေတ်ဟောင်းအမိုးဖွင့်ဘတ်စ်ကားများကိုငှားရမ်းအသုံးပြုကြ ပါသည်။
အထင်ကရပုဂ္ဂိုလ်များကိုပရိသတ်အလွယ်တကူမြင်ရအောင်အမိုးဖွင့်ဘတ်စ်ကားများသုံးနိုင်သော်လည်း ၂၀၀၉ ခုနှစ်ကဒတ်ချ်တော်ဝင်မိသားစုစီးလာသည့်အမိုးဖွင့်ဘတ်စ်ကားတိုက်ခိုက်ခံရတာကိုကြည့်ပါကလုံခြုံရေးအရ စိတ်မချရပါဘူး။
သမားရိုးကျပုံမှန်ဘတ်စ်ကားများကိုပဲအမိုးဖွင့်ဘတ်စ်ကားများအဖြစ်ပြောင်းလဲဖန်တီးမှုကအများစုဖြစ်ပြီး အမိုးဖွင့်ဘတ်စ်ကားများထဲတွင်တချို့ကအမိုးလုံးဝမတပ်ထားသကဲ့သို့ တချို့ကျတော့လည်းတစ်စိတ်တစ်ပိုင်းတပ်ဆင် ထားတာတွေ့နိုင်ပြီး အကာအရံလက်တန်းများပါဝင်ပါသည်။
ဆိုးရွားသည့်ရာသီဥတုအခြေအနေမျိုးတွင်အခြေအနေအရအမိုးကိုလိုသလိုဖွင့်၊ ပိတ်နိုင်အောင်ဖန်တီးထားသည့်အမိုးဖွင့်ဘတ်စ်ကားမျိုးလည်းတွေ့ရပြီး တချို့အမိုးဖွင့်ကားများတွင်တော့ ရာသီဥတုဒဏ်ခံနိုင်သည့်ထိုင်ခုံများတပ်ဆင် အသုံးပြုကြပါသည်။