မြန်မာနိုင်ငံတွင် ပထမဆုံး Volvo ကားအရောင်းပြခန်းဖွင့်လှစ်


ဆွီဒင်နိုင်ငံထုတ် Volvo ကားများကို မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်းရောင်းချခွင့်ရရှိထားသည့် Performance Auto International ကုမ္ပဏီမှ ပထမဆုံး Volvo ကားအရောင်းပြခန်းသစ်ကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

Performance Auto International ကုမ္ပဏီကို Volvo Group၊ UMG ကုမ္ပဏီနှင့် Wai Family ကုမ္ပဏီတို့မှ အကျိုးတူပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

Volvo ကားအရောင်းပြခန်းအသစ်သည် စတုရန်းပေ ၂၂,၀၀၀ ကျယ်ဝန်းပြီး Performance Auto International အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းအကုန်ကျခံတည်ဆောက်ထားကာ တစ်နေရာတည်းတွင် 3S ဝန်ဆောင်မှုရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

Volvo ကားအရောင်းပြခန်းကို အမှတ် ၁၄၆(က)၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး ထိုအရောင်းပြခန်းတွင် Volvo ၏၂၀၁၇ မိုဒယ်ထုတ်ကားများဖြစ်သည့် Hatchback ကားအမျိုးအစား V40 ကိုအမေရိကန်ဒေါ်လာ ခုနှစ်သောင်းကျော်၊ Sedan ကားအမျိုးအစားဖြစ်သည့် XC60 ကို အမေရိကန်ဒေါ်လာ ၁၀၆,၀၀၀ နှင့် ၁၁၆,၀၀၀ ကြား၊ Sedan ကားအမျိုးအစား XC 90 ကိုအမေရိကန်ဒေါ်လာ ၁၄၅,၀၀၀ မှ ၁၆၅,၀၀၀ ကြားဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

Read 2587 times