YBS ယာဉ်လိုင်းများ ၅၈ ရာခိုင်နှုန်းပြေးဆွဲပြီး ခရီးသည် ၂၀ ရာခိုင်နှုန်းသာစီးနင်း


ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမူအာဏာပိုင်အဖွဲ့လက်အောက်ရှိ YBS ယာဉ်လိုင်းများမှာ ယခုအခါ ၅၈ ရာခိုင်နှုန်းသာပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ မဖြစ်ပွားမီကာလတွင် တစ်ရက်လျှင်ခရီးသည်ဦးရေ ၁၈ သိန်းကျော် သယ်ယူပို့ဆောင်ပေးရပြီး COVID-19 ရောဂါဖြစ်ပွါးပြီးနောက် ခရီးသွားပြည်သူများ တဖြည်းဖြည်းလျော့နည်းလာမူကြောင့် ချိန်ဆနှိုင်းယှဉ်ပြီး YBS ယာဉ်လိုင်းများကိုပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

မြို့ပြင်မှမြို့ထဲသို့ သွားလာသည့် ခရီးသည်များသာ စီးနင်းမူများပြီး မြို့ထဲသို့သွားလာသည့် ယာဉ်လိုင်းများသာ အများဆုံးပြေးဆွဲလျက်ရှိသည်။ ရုံးတက်ရုံးဆင်းချိန် များတွင် ခရီးသည်ဦးရေများပြားပြီး

နေ့လယ်ခင်းအချိန်တွင် စီးနင်းသည့် ခရီးသည်ဦးရေမရှိသလောက် နည်းပါး ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမူအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် YBS ယာဉ်လိုင်း ၁၀၂ လိုင်းမှမော်တော်ယာဉ် ၂၄၀၁ စီးဖြင့် ခရီးသည် ၃၄၉၅၅၅ ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ရာ COVID-19 ရောဂါမဖြစ်ပွါးမီကာလနှင့်နှိုင်းယှဉ်ပါက ခရီးသည်ဦးရေ ၂၀ ရာခိုင်နှုန်းသာ စီးနင်းကြောင်း သိရသည်။

myotaw.news

Read 285 times