ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ပြည်သူလူထုအားဝန်ဆောင်မှုပေးသည့်အနေဖြင့် မိမိယာဉ်တွင် အမှုဖွင့်အရေးယူထားသည့် ယာဉ်မတော်တဆမှု ရှိ/မရှိနှင့် ယာဉ်စည်းကမ်းချိုးဖောက်မှု ရှိ/မရှိတို့အား အလွယ်တကူစိစစ်သိရှိနိုင်ရန် ရည်ရွယ်၍ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ Online Complaint Centre(OCC)နှင့် ဒုတပ်ဖွဲခွဲမှူးရုံးများသို့ မိမိသိလိုသောယာဉ်နံပါတ်ဖော်ပြ၍ ဖုန်းဖြင့်ဖြစ်စေ၊ Viber ဖြင့်ဖြစ်စေ ရုံးချိန်အတွင်း( #ရုံးချိန်အတွင်း) စုံစမ်းမေးမြန်းပါက ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါသည်။
/
ထိုသို့ မေးမြန်းထားသဖြင့် မိမိယာဉ်သည် ပြစ်မှုကင်းရှင်းကြောင်း သိထားပြီး ဖြစ်သော်လည်း မိမိယာဉ်အားကညန တွင် သက်တမ်းတိုးမည်ဆိုပါက ပြစ်မှုကင်းရှင်းကြောင်းသက်သေခံအထောက်အထားစာရွက်စာတမ်း ရယူရန် လိုအပ်မည်ဖြစ်ပြီး
ပုဇွန်တောင်မြို့နယ်၊ ၅၁ လမ်း၊ မှုသေးစစ်ဌာနတွင်လည်းကောင်း၊
မြင်သာ၊ အင်းစိန်၊ ဒဂုံတောင်၊ ရွာသာကြီး( ဒဂုံအရှေ့)၊ သန်လျင်ရှိ
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန One Stop Service တွင်လည်းကောင်း
ထုတ်ယူရမည်ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းရန် ဖုန်းနံပါတ်များ-
Online Complaint Centre(OCC)
၀၉ ၇၇၇ ၄၃၆ ၂၃၂ (Viber Only)
၀၉ ၇၇၇ ၄၃၆ ၂၃၃ (Viber Only)
အမှတ်(၆) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်- အရှေ့)
၀၁ ၂၉၂၂၈၈
အမှတ်(၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်- အနောက်)
၀၁ ၈၆၀၄၈၁၂
အမှတ်(၈) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်- တောင်)
၀၅၆ ၂၃၃၆၀
အမှတ်(၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်- မြောက်)
၀၉ ၄၂၀၀ ၆၆၈ ၅၅ (Viber Only)