ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုရန် အွန်လိုင်းတွင် ရက်ချိန်းရယူမည့် သူများအတွက် သိသင့်သည့်အချက်များ
၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းလိုင်စင်ဖြေဆိုလိုသူများ များပြား၍ လိုင်စင်ဖြေဆိုမည့်သူများအနေဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသဖြင့် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ စိတ်ပင်ပန်းခြင်းအခက်အခဲများ ဖြစ်ပေါ်ခဲ့ရပါသည်။
ယင်းအခက်အခဲများလျော့နည်းသွားရန် လူကိုယ်တိုင်လာရောက်ရန် မလိုအပ်သော လိုင်စင်ဖြေဆိုမည့်နေ့ရက် အားကြိုတင်စာရင်းသွင်းမှတ်သားသည့် စနစ်(Online Booking System) ကို (၁.၁၀.၂၀၁၇) ရက်မှစတင်၍ ပြောင်းလဲကျင့်သုံးသွားပါသည်။
၂။ ယာဉ်မောင်းလိုင်စင် ဖြေဆိုလိုသူများသည် Google Chrome Browser မှတဆင့် www.rtad.gov.mm website တွင် (၉.၁၀.၂၀၁၇) ရက်၊ (တနင်္လာနေ့) မှ စတင်ဖြေဆိုရ်န် Online Booking စနစ်ဖြင့် ဆောင်ရွက်နိုင်ပါမည်။
၃။ ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် တစ်ရက်လျှင် လိုင်စင်အသစ်ဖြေဆိုသူ(၄၀၀) သိးအထိလက်ခံပေးမည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် (၁၀၀) ဦးနှုန်း (“ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ (၈၅) ဦး၊ “ဃ” နှင့် “င” ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ (၁၅) ဦး) ဖြင့် (၄) ကြိမ်ခွဲခြား သတ်မှတ်ထားပါသည်။
(က) “ပထမ” အကြိမ် (၁၀းဝဝ နာရီမှ ၁၁း၃၀ နာရီအထိ)(သတင်းပို့ရမည့် ၀၈း၃၀ နာရီ)
(ခ) “ဒုတိယ” အကြိမ် (၁၁း၃၀ နာရီမှ ၁၃းဝဝ နာရီအထိ)(သတင်းပို့ရမည့်အချိန် ၁၀းဝဝ နာရီ)
(ဂ) “တတိယ” အကြိမ် (၁၃း၃၀ နာရီမှ ၁၅း၁၀ နာရီအထိ)(သတင်းပို့ရမည့်အချိန် ၁၂းဝဝ နာရီ)
(ဃ) “စတုတ္တ” အကြိမ် (၁၅းဝဝ နာရီမှ ၁၆း၃၀ နာရီအထိ)(သတင်းပို့ရမည့်အချိန် ၁၃း၃၀ နာရီ)
၄။ Online Booking ရယူရန် သတ်မှတ်ချက်များ
(က) “ခ” (B) ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-
(၁) အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(၂) ရန်ကုန်တိုင်းမှ ထုတ်ပေးထားသည့် “သ” (T) ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) “က”(A) ယာဉ်မောင်းလိုင်စင် သက်တမ်း (၃) လပြည့်ပြီး၊ သက်တမ်းရှိ လိုင်စင်ဖြစ်ရမည်။
(၃) ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ရန်ကုန်တိုင်းအတွင်းရှိယာဉ်မောင်း သင်တန်းကျောင်းမှ တက်ရောက်ပြီးသည့် သင်တန်းဆင်းလက်မှတ်ပါရှိရမည်။
(၄) အခြားတိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ယာဉ်မောင်းသင်တန်းကျောင်းများမှ သင်တန်းဆင်းလက်မှတ် ရရှိထားသူဖြစ်လျှင် တိုင်းဒေသကြီးရုံး(ရန်ကုန်) မြင်သာ Online Booking ဌာနတွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ရက်ချိန်းရယူရမည်။
(ခ) “ဃ” (D) ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-
(၁) အသက်(၂၁) နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။
(၃) ရန်ကုန်တိုင်းမှ ထုတ်ပေးထားသည့် “ခ” (B) ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီး ရန်ကုန်တိုင်းလိုင်စင်ပြောင်းလဲရရှိပြီးမှ Online Booking ပြုလုပ်နိုင်မည်။
(ဂ) “င” (E) ယာဉ်မောင်းလိုင်စင်ရယူလိုသူများ-
(၁) အသက်(၂၃) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(၂) ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူများဖြစ်ရမည်။
(၃) ရန်ကုန်တိုင်းမှ ထုတ်ပေးထားသည့် “ဃ” (D) ယာဉ်မောင်းလိုင်စင် သက်တမ်း (၂) နှစ်ပြည့်ပြီးသူ (သို့မဟုတ်) တစ်ဆက်တည်း “ခ” (B) ယာဉ်မောင်းလိုင်စင် (၅) နှစ်ပြည့်ပြီး သူ (သို့မဟုတ်) “ခ” (B) ယာဉ်မောင်းလိုင်စင်သက်တမ်းနှင့် “ဃ” (D) ယာဉ်မောင်းလိုင်စင် သက်တမ်းစုစုပေါင်း တစ်ဆက်တည်း (၅) နှစ်ပြည့်ပြီးသူ၊ သက်တမ်းရှိယာဉ်မောင်းလိုင်စင်များဖြစ်ရမည်။
(၄) အခြားတိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ရုံးများ၏ “ခ” (B) ယာဉ်မောင်းလိုင်စင်( သို့) “ဃ” (D) ယာဉ်မောင်းလိုင်စင်ဖြစ်ပါက ရန်ကုန်တိုင်းအတွင်းရှိရုံးများတွင် နယ်ဝင်ဆောင်ရွက်ပြီးမှ Online Booking ပြုလုပ်နိုင်မည်။
၅။ Online Booking ပေးရာတွင် အနည်းဆုံး (၃) ရက်မှ အများဆုံး (၃၀) ရက် အထိကြိုတင်ရယူနိုင်ပြီး Booking စနစ်ကို အောက်ပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ပါသည်-
(က) Google Chrome Browser မှတဆင့် www.rtad.gov.mm website ကိုဝင်ပါ။အောက်ပါအတိုင်းပေါ်လာမည်-
(ခ) ယာဉ်မောင်းလိုင်စင်ရေးဖြေ ဖြေဆိုမှု ရက်ချိန်းရယူရန် လျှောက်ထားရန်ကို Click နှိပ်ပါ။အောက်ပါအတိုင်းပေါ်လာမည်-
(ဂ) Online Appointment Application Form တွင် အောက်ပါအချက်များဖြည့်စွက်ပါ-
(၁) လာရောက်ဖြေဆိုမည့်ရုံး - တိုင်းဒေသကြီးရုံး(ရန်ကုန်) မြင်သာ ကိုရွေးချယ်ပါရန်၊
(၂) ရယူလိုသည့်လိုင်စင် - လိုင်စင်အမျိုးအစားရွေးချယ်ရန်
(၃) လာရောက်ဖြေဆိုမည့်နေ့ - မိမိရေးဖြေ ဖြေဆိုလိုသည့် နေ့ရက်ကို ရွေးချယ်ပါရန်
(ဥပမာ-အောက်တိုဘာလ (၉) ရက်နေ့ကို ရွေးချယ်မည်ဆိုပါစို့)
(စနေ၊ တနင်္ဂနွေ နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များနှင့် ရက်ချိန်းလူပြည့်သွားသည့် နေ့ရက်များကို ရွေးချယ်၍ ရမည်မဟုတ်ပါ။)
(၄) ဖြေဆိုမည့်အချိန် -လာရောက်ဖြေဆိုမည့်အချိန်ရွေးချယ် ပါရန်
(၅)လက်ရှိလိုင်စင်အမှတ် -လိုင်စင်အမှတ်ထည့်ရန်
လက်ရှိလိုင်စင်ဖြည့်သွင်းရာတွင် အင်္ဂလိပ်စာဖြင့်သာ ဖြည့်သွင်းရမည်ဖြစ်ပါသည်။
လိုင်စင်နံပါတ်၏ ရိုက်သွင်းရမည့်ပုံစံမှာ T/00001/17 ဖြစ်ပါသည်။
ရှေ့တွင် အက္ခရာတစ်လုံးပါရှိပါမည်(ဥပမာ- “သ” ဖြစ်လျှင် T/ ၊ “ခ” ဖြစ်လျှင် B/ နှင့် “ဃ” ဖြစ်လျှင် D/ ဟုဖြည့်သွင်းရပါမည်။)
အဆိုပါ အက္ခရာတစ်လုံးနောက်တွင် ဂဏာန်း (၅) လုံးပါရှိရပါမည်။
(ဥပမာ-ဂဏာန်း (၅) လုံးမပြည့်ပဲ သ/137/17 ဟုလိုင်စင်ကဒ်ပေါ်တွင် တွေ့ရှိပါက ရှေ့တွင် ဂဏန်းငါးလုံးပြည့်ရန် “0” (သုည) ထပ်ထည့်၍ T/00137/17 ဟုဖြည့်သွင်းရပါမည်။)
၎င်း၏ နောက်တွင် /17 (သို့) /16 စသည့် မိမိလိုင်စင်ရရှိခဲဲ့သည့် ခုနှစ်ပါရှိမည် ဖြစ်ပါသည်။
(၆) လက်ရှိလိုင်စင်ထုတ်ပေးသည့်ရုံး -လိုင်စင်ထုတ်ပေးသည့်ရုံးအမည် ထည့်ရန်
“သ” ယာဉ်မောင်းလိုင်စင်တွင် လိုင်စင်ထုတ်ပေးသည့် ရုံးအမည်အား အောက်ပါ အတိုင်းဖော်ပြထားပါသည်-
“ခ”, “ဃ” ယာဉ်မောင်းလိုင်စင်များတွင် လိုင်စင်ထုတ်ပေးသည့် ရုံးအမည် သင်္ကေတအား လိုင်စင်နောက်ကျော ဘက်တွင် ဖော်ပြထားပါသည်-
(၇) အချက်အလက်များ ဖြည့်စွက်ပြီးပါက အောက်ပါအတိုင်းဖြစ်ပေါ်လာပါမည်-
(၈) ရွေးချယ်ဖြည့်သွင်းသည့် အချက်အလက်များ မှန်ကန်မှု မရှိ(မရှိ)လျှင် အချက်အလက်မှားယွင်း၍ လျှောက်ထားမှုဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းနှင့် မြင်သာ online booking ဌာနသို့ လူကိုယ်တိုင်သွားရောက်၍ ဆောင်ရွက်နိုင်ကြောင်း အသိပေးအကြောင်းကြားမည် ဖြစ်ပါသည်။
(၉) လျှောက်ထားသူအချက်အလက် - အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အဘအမည်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာတို့ပေါ်လာပါမည်။
(၁၀)အီးမေးလ်လိပ်စာရှိလျှင် ဖြည့်စွက်ရန်နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို ဖြည့်သွင်း၍ လျှောက်ထားရန်ကို နှိပ်ရပါမည်။
(၁၁) စစ်ဆေးမှုမှန်ကန်လျှင် အောက်ပါအတိုင်းပေါ်လာမည်။
(၁၂) လျှောက်ထားရန် ကို click နှိပ်ပါက အောက်ပါအတိုင်းပေါ်လာမည်။
(၁၃)အထက်ပါ download Appointment Letter Here ကိုနှိပ်၍ Appointment Letter, လျှောက်လွှာပုံစံ (Application Form) နှင့် ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုရာတွင် ယူဆောင်လာရမည့် အချက်အလက်များ (Instrucitons) ကို download ဆွဲယူနိုင်ပါသည်။
Download ရရှိသည့် pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Print ထုတ်ယူ၍ လိုင်စင်ဖြေဆိုမည့် ရက်တွင် ယူဆောင်လာပါရန်
(သို့မဟုတ်)
Download ရရှိသည့် pdf ဖိုင်ပါ Application Form, Appointment Letter တို့အား Mobile Phone (or) Tablet တစ်ခုခုဖြင့် တင်ပြနိုင်ရမည်။
၆။ အကယ်၍ လျှောက်ထားသူသည် ရက်ချိန်းယူပြီးဖြစ်လျှင် အောက်ပါအတိုင်း အသိပေးစာပေါ်မည် ဖြစ်ပါသည်-
(ရက်ချိန်းစာရယူပြီး မလာဖြစ်ကြောင်း ကြိုတင်သိရှိလျှင် ရက်ချိန်းစာ ပယ်ဖျက်ပေးရပါမည်။)
၇။ ဌာန၏ တားစာရင်းတွင် ပါရှိနေသော်လည်းကောင်း၊ သတ်မှတ်အသက်မပြည့်လျှင်သော်လည်းကောင်း ၊ လက်ရှိလိုင်စင်၏ သတ်မှတ်သက်တမ််းမပြည့်လျှင်သော်လည်းကောင်း လျှောက်ထားမှု ဆောင်ရွက်နိုင်မည် မဟုတ်(မဟုတ်)ပါ။
၈။ ရက်ချိန်းစာရယူပြီး မလာဖြစ်ကြောင်း ကြိုတင်သိရှိလျှင် အောက်ပါအတိုင်းသွားရောက်၍ ပယ်ဖျက်ထားရပါမည်။
၉။ ရက်ချိန်းရယူရန် လျှောက်ထားမှု အောင်မြင်ပြီးသော်လည်း ရက်ချိန်စာ download ဆွဲယူ၍ မရလိုက်လျှင်သော်လည်းကောင်း (သို့) ရက်ချိန်းစာကို ပြန်လည်ရယူလိုလျှင် သော်လည်းကောင်း အောက်ပါအတိုင်း သွားရောက်ဆောင်ရွက်နိုင်ပါသည်။
၁၀။ Online Booking လျှောက်ထားမှုတွင် အဆင်မပြေမှုရှိလျှင် (သို့) အခက်အခဲရှိလျှင် တိုင်းဒေသကြီးရုံး(ရန်ကုန်) မြင်သာ Online Booking ဌာနတွင်လည်း လိုအပ်သည့် အထောက်အထားများနှင့်တကွ လူကိုယ်တိုင်လာရောက်၍ ရုံးချိန်အတွင်း ရက်ချိန်းလာရောက်ရယူနိုင်ပါသည်။
၁၁။ ရက်ချိန်းစာရယူပြီးသော လျှောက်ထားသူများသည် ရေးဖြေဖြေဆိုရန် လာရောက်သည့် နေ့တွင် မိမိဖြေဆိုမည့် လိုင်စင်အလိုက် အောက်ဖော်ပြပါ အချက်အလက်များကို ယူဆောင်လာရမည် ဖြစ်ပါသည်-
(က) “ခ” ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ ယူဆောင်လာရန်
(၁) သင်မောင်းလိုင်စင် (မူရင်းနှင့်မိတ္တူ)
(၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်းနှင့်မိတ္တူ)
(၃) ယာဉ်မောင်းသင်တန်းတက်ရောက်ပြီးသည့်သင်တန်းဆငန်းလက်မှတ် (မူရင်းနှင့်မိတ္တူ)
(၄) ရေးဖြေတစ်ကြိမ်စစ်ဆေးခ (၅၀၀ ကျပ်)
(၅) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား(Phone or Tablet or Notebook) တစ်ခုခုဖြင့်တင်ပြနိုင်သည်။
(ခ) “ဃ” ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများယူဆောင်လာရန်
(၁) “ခ” ယာဉ်မောင်းလိုင်စင် (မူရင်းနှင့်မိတ္တူ)
(၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်းနှင့်မိတ္တူ)
(၃) ရေးဖြေတစ်ကြိမ်စစ်ဆေးခ (၅၀၀ ကျပ်)
(၄) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား(Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။
(ဂ) “င” ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများယူဆောင်လာရန်
(၁) “ခ” (သို့) “ဃ” ယာဉ်မောင်းလိုင်စင် (မူရင်းနှင့်မိတ္တူ)
(၂) နိုင်ငံသားစိစစ်ရေးကတ်(မူရင်းနှင့်မိတ္တူ)
(၃) ရေးဖြေတစ်ကြိမ်စစ်ဆေးခ (၅၀၀ ကျပ်)
(၄) QR Code ပါသည့် Appointment Letter Printout စာရွက် (သို့) လက်ခံရရှိသည့် mail အထောက်အထား(Phone or Tablet or Notebook) တစ်ခုခုဖြင့် တင်ပြနိုင်သည်။
၁၂။ စုံစမ်းမေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်-
• ရုံးချုပ်(နေပြည်တော်) 067-3405359 , 067-3405099
• တိုင်းဒေသကြီးရုံး (ရန်ကုန်) 01-570967
• တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး) 01-2585082
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန
Appointment Letter နမူနာပုံစံ
မှတ်ချက်။ (၁) သတ်မှတ်ချိန်ထက် နောက်ကျပါက ဖြေဆိုမည့် ရက်ချိန်း စာရင်းမှအလိုအလျောက်ပျက်ပြယ်ပါမည်။
(၂) အခြားသူအားအစားထိုး ဖြေဆိုခွင့်လုံးဝမရှိပါ။
(၃) သက်ဆိုင်ရာရုံး၏ မှတ်တမ်းအချ်ကအလက်များနှင့် ကွဲလွဲမှုရှိပါကဖြေဆိုခွင့်မပြုပါ။
Application Form နမူနာပုံစံ
လက်ရှိ လိုင်စင်အမှတ်နှင့် လိုင်စင်ထုတ်ပေးသည့်ရုံး