ကနဦး မှတ်ပုံတင် online booking စနစ်သစ် လုပ်ကိုင်ပုံ လမ်းညွှန်


ကနဦးမှတ်ပုံတင် online booking စနစ်သစ် လုပ်ကိုင်ပုံ အသိပေး ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါတယ်

 


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်း

လုပ်ငန်းများဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား 

ကြိုတင်စာရင်းသွင်းသည့်စနစ် (Online Booking System)သို့ 

ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း 

 

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် Corona Virus Disease 2019 COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကနဦး (နေပြည်တော်၊ ရန်ကုန်-ထောက်ကြန့်၊ ရန်ကုန်-ရွာသာကြီး၊ မန္တလေး) ရုံး(၄)ရုံး၏ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ၁.၁၂.၂၀၂၀ ရက် (အင်္ဂါနေ့) မှစတင်၍ ပြန်လည် ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 

 ၂။ ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ပြည်သူများအဆင်ပြေစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ဆောင်ရွက်ရန် ရက်ချိန်းရယူခြင်းအား ကြိုတင်စာရင်းသွင်းသည့်စနစ် (online Booking System) ဖြင့် ၁.၁၂.၂၀၂၀ ရက် (အင်္ဂါနေ့)မှ စတင်၍ ပြောင်းလဲကျင့်သုံးသွားမည် ဖြစ်ပါသည်။ 

 

၃။ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင်ရွက်လိုသည့် ယာဉ်ပိုင်ရှင်များသည် မိမိ ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်လိုသည့်နေ့ရက်ကို

www.rtad.gov.mm

Website တွင် Online booking ကို ၂၈.၁၁.၂၀၂၀ ရက် (စနေနေ့) မှစတင်၍ အနည်းဆုံး(၁)ရက်မှ အများဆုံး (၃၀)ရက် အထိ ကြိုတင်ရယူနိုင်ပါသည်။

 

 ၄။ ရုံးဖွင့်ရက်တစ်ရက်လျှင် ရုံးများအလိုက် အောက်ပါစီးရေအတိုင်း အချိန်များခွဲခြား၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်

 

 (က) ကနဦး(နေပြည်တော် )

နံနက်ပိုင်း
၉:ဝဝ မှ ၁၀:၃၀ ထိ ၁၀ စီး

၁၀:၃၀ မှ ၁၂:၀၀ ထိ ၁၅ စီး

နေ့လယ်ပိုင်း 

၁၃:၀၀ မှ ၁၄:၃၀ ထိ  ၁၅ စီး

၁၄:၃၀ မှ  ၁၅:၃၀ ထိ ၁၀ စီး


(ခ) ကနဦး(ရန်ကုန်-ထောက်ကြန့်) 

နံနက်ပိုင်း
၉:ဝဝ မှ ၁၀:၃၀ ထိ  ၃၅ စီး

၁၀:၃၀ မှ ၁၂:၀၀ ထိ   ၃၅ စီး

နေ့လယ်ပိုင်း 

၁၃:၀၀ မှ ၁၄:၃၀ ထိ   ၃၅ စီး

၁၄:၃၀ မှ  ၁၅:၃၀ ထိ   ၃၅ စီး


(ဂ ) ကနဦး(ရန်ကုန်-ရွာသာကြီး) 

နံနက်ပိုင်း
၉:ဝဝ မှ ၁၀:၃၀ ထိ ၁၀ စီး

၁၀:၃၀ မှ ၁၂:၀၀ ထိ ၁၅ စီး

နေ့လယ်ပိုင်း 

၁၃:၀၀ မှ ၁၄:၃၀ ထိ  ၁၅ စီး

၁၄:၃၀ မှ  ၁၅:၃၀ ထိ ၁၀ စီး


 (ဃ) ကနဦး(မန္တလေး)

နံနက်ပိုင်း
၉:ဝဝ မှ ၁၀:၃၀ ထိ  ၁၅ စီး

၁၀:၃၀ မှ ၁၂:၀၀ ထိ  ၂၅ စီး

နေ့လယ်ပိုင်း 

၁၃:၀၀ မှ ၁၄:၃၀ ထိ  ၂၅ စီး

၁၄:၃၀ မှ  ၁၅:၃၀ ထိ ၁၅ စီး

၅။ online အသုံးပြုရန် အသေးစိတ် အချက်အလက်များအား

https://www.motc.gov.mm/

www.myanmarrtad.com,

www.rtad.gov.mm

Website နှင့် RTAD HQ Facebook page ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Online Booking လျှောက်ထားသည့် Appointment Letter ၌ ကြိုတင် ဖော်ပြထားသည့် COVID-19 ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များအား သေချာစွာ ဖတ်ရှု၍ တိကျစွာ အလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

မရှင်းလင်းသည်များ ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်

နေပြည်တော် • ရုံးချုပ်(နေပြည်တော်) - ၀၆၇-၃၄၀၅၀၉၉

 • ကနဦး(နေပြည်တော် ) - ၀၉-၄၄၂၀၀၁၁၁၆ 

ရန်ကုန်တိုင်းဒေသကြီး • တိုင်းဒေသကြီးရုံး(ရန်ကုန်) - ၀၁-၅၇၀၉၆၇ 

• ကနဦး(ထောက်ကြန့်) - ၀၉-၅၁၀၇၅၂၆

 • ကနဦး(ရွာသာကြီး) - ၀၉-၂၅၀၇၅၀၉၁၁

 မန္တလေးတိုင်းဒေသကြီး • တိုင်းဒေသကြီးရုံး(မန္တလေး) - ၀၂-၄၀၃၆၁၁၃

 • ကနဦး(မန္တလေး) - ၀၉-၄၂၃၃၃၇၂၂၄

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

မှတ်ချက်

 (၁) ရယူထားသော သတ်မှတ်ချိန်အတွင်းလာရောက်ရန်နှင့် သတ်မှတ်ချိန်ထက် နောက်ကျပါက ရက်ချိန်းစာရင်းမှ အလိုအလျောက်ပယ် ဖျက်မည်။

 (၂) ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန်အတွက် မော်တော်ယာဉ် တစ်စီးတွင် လူတစ်ဦး သို့မဟုတ် အများဆုံးလူနှစ်ဦးသာ လာရောက်ဆောင်ရွက်ရန်။ 

(၃) Online Booking ရယူရာတွင် အမည်စာရင်း ကြိုတင်ပေးပို့ထားသောသူသာ လာရောက် ဆောင်ရွက်ရန်။

(၄)  ကနဦးမှတ်ပုံတင်လုပ်ငန်း လာရောက်ဆောင်ရွက်မည့်နေရာသို့ အသက်(၆၀)နှစ် နှင့် အထက်သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများနှင့် ကလေးငယ်များအား ခေါ်လာခွင့်မပြု။ 

 

၁။ ကနဦးမှတ်ပုံတင်လုပ်ငန်း လာရောက်ဆောင်ရွက်ရာတွင် အောက်ပါစာရွက်စာတမ်းများယူဆောင်လာပါရန် - 

(က) ပြည်ပမှတင်သွင်းယာဉ်

 (၁) သွင်းကုန်လိုင်စင်/သွင်းကုန်ပါမစ်

(၂) ID (or) RON

(၃) Customs Statements + ယာဉ်ဓာတ်ပုံ

(၄) လုပ်ငန်းဆောင်ရွက်သူ NRC

(၅) Co.,Ltd ကိုယ်စားလှယ်လွှဲစာ

 

 (ခ) အရောင်းပြခန်းယာဉ်

(၁) အရောင်းပြခန်းလက်မှတ် 

(၂) ကြီး/ကော် လက်မှတ် 

(၃) ယာဉ် အို/ဟောင်း အပ်နှံ အစားထိုး ပုံစံ "ဃ" "စ"

(၄) ကြိုတင်ဝင်ငွေခွန် (Co.,Ltd လိုအပ်) 

 

(ဂ) SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်ယာဉ်

(၁) Letter of Authorization 

(၂) QC Would be signed by origin Co.,Ltd 

(၃) MIC ခွင့်ပြုချက် 

(၄) Both Our Inspectors (Engineers) 

(၅) Vin Plate 

(၆) COA, IC 

(၇) Delivery Order

(၈) ကုမ္ပဏီ/ ပိုင်ရှင်လျှောက်လွှာ၊ NRC

 

 ၂။ ကနဦးမှတ်ပုံတင်ရန် လာရောက်ကြမည့်သူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကနဦးမှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်ရာတွင် covid-19 ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွှန် (Version-1.0) ပါ အောက်ပါအချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါသည်

(က) online တွင် ကြိုတင်ကြေညာထားသည့် လာရောက်ခွင့်မပြုသူများ လုံးဝမလာရောက်ရန်၊ 

(ခ) ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေရသူများ၊ လွန်ခဲ့သော (၁၄)ရက် အတွင်း coviD-19 အတည်ပြုလူနာနှင့် ထိတွေ့ခြင်းရှိခဲ့သူများ လုံးဝ မလာရောက်ရန်၊ 

(ဂ) ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (Surgical Mask) နှင့် မျက်နှာအကာ (Face Shield)ကို လုပ်ငန်းလာရောက်ဆောင်ရွက်နေစဉ် ကာလ တစ်လျှောက်လုံး မဖြစ်မနေ ဝတ်ဆင် အသုံးပြုရန်၊ 

Mask လဲလှယ်လိုပါက အသုံးပြုပြီး Mask များကို အဖုံးပါသော ခြေနင်းအမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်ရန်၊

(ဃ) ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရန်အတွက် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေ အကွာ နေရာ သတ်မှတ်၍ နေထိုင်ရန်၊ 

(င) နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း တစ်ခါသုံးတစ်ရှူး (သို့မဟုတ်) တံတောင်ကွေး ဖြင့် လုံခြုံစွာဖုံးအုပ်ရန်၊ အသုံးပြုပြီး တစ်ရှူးများကို အဖုံးပါသော ခြေနင်း အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်ရန်၊ 

အယ်လ်ကိုဟောအနည်းဆုံး(၆၀%)ပါဝင်သော ရေမလိုလက်သန့်စင်ဆေးရည် (Hand Sanitizer/Gel)ကို ဆောင်ထား၍ အသုံးပြုရန် (သို့မဟုတ်) ရေနှင့်ဆပ်ပြာကို အသုံးပြု၍ လက်ကို စက္ကန့် (၂၀)ကြာအောင် မကြာခဏစနစ်တကျ ဆေးကြောရန်၊ 

(ဆ) စည်းကမ်းမဲ့ တံတွေး ထွေးခြင်း၊ ကွမ်းတံတွေး ထွေးခြင်း၊ အမှိုက်ပစ်ခြင်းများ လုံးဝ မပြု လုပ်ရန်၊ 

(ဇ) လူစုလူဝေးမဖြစ်စေရေးအထူးဂရုပြုရန်၊ မိမိ၏ မော်တော်ယာဉ်ပေါ်တွင်သာ အတတ်နိုင်ဆုံး နေထိုင်ရန်နှင့် ကိစ္စတစ်စုံ တစ်ရာမရှိဘဲ အောက်သို့ဆင်းခြင်း၊ စုဝေး စကားပြောခြင်းနှင့် စားသောက်ခြင်းများ လုံးဝ မပြုလုပ်ရန်။

 

Read 6436 times