ကား လုပ်ငန်းလိုင်စဥ်သက်တမ်းတိုး Online Booking လုပ်သင့်နေပြီ


 

ဇူလှိုင်၂၈ရက်နေ့က ဖြစ်ပါသည်။ ကား လုပ်ငန်းလိုင်စဥ်သက်တမ်း တိုး၊ ဝါးတန်းလမ်းမှာ
သွားလုပ်ခဲ့ပါသည်။
နံနက်၁၀:၃၀မိနစ်ကစပီး
စာရွက်ထပ်လာရာ ည၆နာရီကျော်မှ ဆောင်ရွက်မှုပြီးစီးပါသည်။
နောက်မှာ စောင့်နေသူများ
အများကြီးကျန်ပါသည်။
ဝန်ထမ်းများလည်းဆက်တိုက် မနားတမ်း
ဆောက်ရွက်ပေးပါသည်။
မေးမြန်းမှုများကိုလည်း စိတ်ရှည်စွာ
ရှင်းပြပါသည်။
လာရောက်သက်တမ်းတိုးသူများကို ပြီးစီးအောင်
ညထိ ဆောင်ရွက်ပေးပါသည်။
အထဲမှာလည်း ထိုင်ပီး စောင့်ရန်
စနစ်တကျ ဆောင်ရွက်ပေးထားပါသည်။
သက်တမ်းတိုး လာလုပ်သူ များသွားပါသည်။
ကိုဗစ်ကာလ မှာ လူအများကြီးနှင့်
အချိန်အကြာကြီး မဖြစ်သင့်ပါ။
ရောဂါကူးစက်နိုင်ရန် စိုးရိမ်ရပါသည်။
အခြားလုပ်ဆောင်ချက်များအတိုင်း Online Booking
နှင့်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုပါသည်။

မှတ်ချက်။ 

ရိုးရိုးသက်တမ်းတိုး ၁၂၀၀၀ကျပ် ဖြစ်ပြီး
အမည်ပြောင်းဆိုရင် ၁၂၀၀၀ကျပ် ထပ်ပေးရပါမည်

Read 9253 times