စင်ကာပူမော်တော်ယာဉ်နဲ့ နည်းပညာလုပ်ငန်းစုတစ်ခုကနေ ထိုင်ခုံတစ်လုံးတပ် ယာဉ်ပျံမော်တော်ယာဉ် အမျိုးအစားတစ်ခုကို မိတ်ဆက်ထုတ်လုပ်ပေးခဲ့ပါတယ်။ ၎င်းယာဉ်ပျံကို အမေရိကန်ဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခဲ့တာပါ။
ဒီလိုယာဉ်အမျိုးအစား တီထွင်ဖန်တီးမှုကနေ မြို့ပြ ပတ်ဝန်းကျင် အနှံ့အပြား အိမ်အရောက် ဝန်ဆောင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ခရစ်စမွန် S8 လို့ ပေးထားပြီး လာမယ့် နောက်တစ်နှစ်မှာ ကယ်လီဖိုးနီးယားမှာ မိတ်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ အဆိုပါ မော်တော်ယာဉ်ပျံကို စက်ထိန်းမပါပဲ အတွင်းခန်းမောင်းနှင်မှုနဲ့ပဲ လိုယန်းမှာ စမ်းသပ် မောင်းနှင်နေတယ်လို့ သိရပါတယ်။ နောက်ပြီး စင်ကာပူမြို့ပြလေကြောင်း အာဏာပိုင်အဖွ့ဲအစည်းထံ ချဉ်းကပ်ပြီး အသုံးချမောင်းနှင်မှုတွေ လုပ်ဆောင်သွားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လဲ သိရပါတယ်။ ကုမ္ပဏီဟာ လာမယ့်နှစ် မတ်လမှာ အမေရိကန်နိုင်ငံအတွင်း စမ်းသပ်မောင်းနှင်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ကုမ္ပဏီတည်ထောင်သူ အကြီးအကဲ နီယိုကော့ဘန်က အဆိုပါ ယာဉ်ပျံအမျိုးအစားကို မြို့ပြလေကြောင်း ဝေဟင် အသုံးဝင် အသုံးချနိုင်ဖို့နဲ့ မြို့ပြသယ်ယူပို့ဆောင်ရေး အိမ်အရောက်ပို့ဆောင်ပေးနိုင်မယ့် ဝန်ဆောင်မှု မျိုးအတွက် ဒီဇိုင်းဆွဲဖန်တီးထားခြင်းဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အမေရိကန် ကားပါကင်စနစ်အတိုင်း တည်ဆောက်ထားကာ ၁၅ စတုရန်းမီတာ၊ အမြင့်၁၅ မီတာပျံသန်းနိုင်ပြီးဝန်အလေးချိန် ၁၀၀ ကီလိုဂရမ် တင် ဆောင်နိုင်မှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
နောက်ပြီး အဆိုပါယာဉ်ပျံရဲ့ စက်စွမ်းရည်မောင်းနှင်မှုက အရှိန် တစ်နာရီကီလိုမီတာတစ်ရာနဲ့ လေထဲ ပျံဝဲရပ်တန့်မှု မိနစ် ၂၀ ရပ်တန့်နိုင်တယ်လို့ သိရပြီး ကြာမြင့်ချိန် မိနစ် ၆၀ အထိ တပ်တိုးသွားဖို့လည်း အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အော်တိုပိုင်းလော့စနစ်နဲ့ မန်နျူရယ်ထိန်းချုပ်မှုစနစ်တွေနဲ့ မောင်းနှင်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။