Omni Focus မှ ပြေးဆွဲသော YBS - Airport Shuttle ပြန်လည်ပြေးဆွဲ


Omni Focus  မှ ပြေးဆွဲသော YBS - Airport Shuttle 
(အောင်မင်္ဂလာအဝေးပြေး <-> လေဆိပ် <-> ဆူးလေ)(ကမ္ဘာအေးဘုရားလမ်း) 
ယာဉ်လိုင်းအား ၁.၁၀.၂၁ (သောကြာနေ့) တွင် ပြန်လည်ပြေးဆွဲပါတယ်။

မှတ်တိုင်ရပ်နားရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ရှိ မှတ်တိုင်၌ လုံခြုံရေးသတ်မှတ်ချက်ကြောင့် ရပ်နားသွားမည်မဟုတ်ကြောင်း သိရပါတယ်။ 

YBS - Airport Shuttle ယာဉ်လိုင်းပြေးဆွဲရာတွင် ကမ္ဘာအေးဘုရားလမ်းကိုတစ်ခုထဲသာ ယာယီအသုံးပြုသွားမည်ဖြစ်ပြီးကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မှတ်တိုင်များကိုသာ အသွား/အပြန်ရောက်ရှိမှာ ဖြစ်ပါတယ်။  
ပြည်လမ်း လမ်းကြောင်းကို မကြာမီပြေးဆွဲသွားနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရပါတယ်။

ခရီးသွားပြည်များအနေဖြင့် မိမိတို့ ယာဉ်လိုင်းများ အပါအဝင် YBS ယာဉ်လိုင်းများစီးနင်းရာတွင် Mask ကို စနစ်တကျတပ်ခြင်းဖြင့် Covid 19 ရောဂါ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။

Omni Focus  မှ ပြေးဆွဲသော YBS-82 နှင့် YBS-83 ယာဉ်လိုင်းများကို ၁.၉.၂၀၂၁ (ဗုဒ္ဓဟူးနေ့) တွင် ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ 

 

Source: Omni Focus

Read 666 times