ရေနံမဟာလုပ်ငန်းကြီး Shell က ဓာတ်ဆီဆိုင်ကို အားသွင်းရုံအဖြစ်သို့ ပြောင်းလဲ


ရေနံမဟာလုပ်ငန်းကြီး Shell က ဓာတ်ဆီဆိုင်ကို အားသွင်းရုံအဖြစ်သို့ ပြောင်းလဲ

ရေနံမဟာလုပ်ငန်းကြီး Shell က ဓာတ်ဆီဆိုင်အဟောင်းတစ်ခုကို အီးဗီ electric vehicle (EV)အတွက်သာ သုံးစွဲသည့်  အားသွင်းရုံအသစ်တစ်ခုအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲလိုက်ပါတယ်။ အားသွင်းနေသည်ကို စောင့်နေရစဉ် အင်တာနက် သုံးစွဲရန် free WiFi ပေးထားပါတယ်။ ဈေးဝယ်ဖို့ မီနီမားကက်တစ်ခုလည်း ရှိပါတယ်။ ကော်ဖီဆိုင် တစ်ဆိုင်လည်း ဖွင့်လှစ်ပေးထားပါတယ်။
ယခုလို ဓာတ်ဆီဆိုင်ကို အာသွင်းရုံအဖြစ်သို့ ပထမဆုံးအကြိမ် ပြောင်းလဲပေးတာလို့ Shell က ဆိုပါတယ်။

Google Street View (October 2020)

ဆိုင်က ယူကေရှိ လန်ဒန်မြို့မှ ဖူဟံလမ်းမှာ တည်ရှိပါတယ်။

Shell Recharge Station လို့ အမည်ပေးထားပြီး ၂၀၂၂ ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အားသွင်းရုံ အမိုးမှာ နေရောင်ခြည်စွမ်းအင် ရယူဖို့ ဆိုလာပြားတွေ ခင်းထားပါတယ်။

 

အီးဗီ ဝယ်စီးတာများပြားတဲ့ ယူကေမှာ အားသွင်းရုံ မလုံမလောက်ဖြစ်နေပါတယ်။ Society of Motor Manufacturers and Traders ရဲ့ အချက်အလက်များအရ ယူကေမှာ ၂၀၂၁ အတွင်း အီဗီ စီးရေ ၁၉၀,၀၀၀ ဝန်းကျင် မှတ်ပုံတင်ခဲ့ပါတယ်။ အီးဗီတွေအတွက် အားသွင်းရုံ ခုရေ ၂၉,၀၀၀ ‌ခန့်သာ ရှိပါတယ်။ 
အားသွင်းရုံ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ Shell က အားသွင်းရုံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံပါတယ်။

 

ဘယ်အားသွင်းတိုင်က သုံးနေပြီး ဘယ်တိုင် အားလပ်နေကြောင်း ယာဉ်မောင်းကို ပြသအသိပေးထားပါတယ်။

 

 

ဓာတ်ဆီကားအတွက် Shell ရဲ့ အနီးဆုံး ဓာတ်ဆီ/ဒီဇယ် ဆီဆိုင်ကို လမ်းညွှန်ပေးထားပါတယ်။

 

 

ဓာတ်ဆီဆိုင် အထင်ဖြင့် မှားမဝင်မိအောင် အီးဗီများအတွက်သာဖြစ်ကြောင်း အသိပေးထားပါတယ်။ 

 

 Costa ကော်ဖီဆိုင်၊ Waitrose ကုန်စုံဆိုင်၊ ဖရီးဝိုင်ဖိုင်တို့ စီစဉ်ပေးထားပါတယ်။


 

Shell Recharge အားသွင်းရုံမှာ အားသွင်းတိုင် ၉ ခု ရှိပြီး 175-kW ဖြင့် အားသွင်းပေးပါတယ်။ အားသွင်းနေတာကို စောင့်ဆိုင်းနေစဉ် အင်တာနက်သုံးဖို့ ဖရီးဝိုင်ဖိုင် ပေးထားပါတယ်။ ဆိုင်ထိုင်ချက်ရင် Costa ကော်ဖီဆိုင် ရှိပါတယ်။ ဈေးဝယ်ဖို့ Waitrose ကုန်စုံဆိုင် ရှိပါတယ်။

၂၀၂၅ မတိုင်ခင် ယူကေမှာ အားသွင်းတိုင် စုစုပေါင်း ၅၀,၀၀၀ ကို အီးဗီအားသွင်းဖို့အတွက် ထားရှိဖို့ Shell က လျာထားပါတယ်။


ရီဘက်ကာက သူငှားစီးတဲ့ Renault Zoe E-Tech လျှပ်စစ်ကား အားသွင်းနေစဉ် ကော်ဖီဆိုင် ထိုင်ပါတယ်။ အားသွင်းတိုင်မှာ ယာဉ်မောင်းသူ က်ုယ်တိုင် လုပ်ကိုင်ပြီး အားသွင်းရတာမှာ လွယ်ကူကြောင်း၊ ဘာမှ မမှားအောင် စီစဉ်ထားတာ ထောင့်စေ့တယ်လို့ ရီဘက်ကာက ပြောပြပါတယ်။

ဒါပေမဲ့ ဓာတ်ဆီထည့်သလိုတော့ မမြန်ဘူး။ အားသွင်းဖို့ အချိန်ပေးရတယ်လို့ သူက ပြောပါတယ်။

အားကုန်လုနီးပါးကို အားသွင်းတာ ၁၄ မိနစ် ကြာပြီးချိန်မှာ ရီဘက်ကာရဲ့ကားမှာ ၃၈% အားပြည့်ပါတယ်။ အားသွင်းနေတာ အားဘယ်လောက်ပြည့်ပြီလဲဆိုတာ အချိန်နဲ့တပြေးညီ ဖော်ပြပေးပြီး ယာဉ်မောင်းကို အသိပေးပါတယ်။

 

 

အချိန်ပေးရတာ မှန်ပေမဲ့ ယူကေမှာ ဓာတ်ဆီဈေး မြင့်တက်နေလို့ လျှပ်စစ်ကားက ပိုတွက်ခြေကိုက်တယ်လို့ သူက ‌ပြောပြပါတယ်။

အခုလို အားတစ်ခါသွင်းရင် ၈ ပေါင်(ကန်ဒေါ်လာ ၁၀.၈၆) ဝန်းကျင် ကျသင့်တယ်လို့ ဆိုပါတယ်။

အားသွင်းခကို Shell Recharge အက်ပ်ဖြင့်ဖြစ်စေ၊ ကတ်ဖြင့်ဖြစ်စေ ပေးချေနိုင်တဲ့အပြင် QR code သုံးပြီးတော့လည်း ပေးချေနိုင်ပါတယ်။

 

ဈေးနှုန်းက 1 KWh ကို ၀.၄၉ ပေါင် ဖြစ်ပါတယ်။
၂၀၂၅ မတိုင်ခင် ယူကေမှာ အားသွင်းတိုင် စုစုပေါင်း ၅၀,၀၀၀ ကို အီးဗီအားသွင်းဖို့အတွက် ထားရှိဖို့ Shell က လျာထားပါတယ်။

Read 7297 times