တစ်ပတ်ရစ်ကား၊ လေလံကားဆိုတာ လက်ရှိမြန်မာပြည်က ကားအများစုဖြစ်ပါသည်။
အင်ဂျင်ပါ၀ါဘယ်လောက်စီစီကို အခွန်ဘယ်လောက်နဲ့ဆိုပြီးသွင်းနေတဲ့ကားအားလုံးကို ဆိုလိုပါသည်။
ကားအဟောင်းစျေးကွက်မှာ မြန်မာပြည်တွင်သာမက နိုင်ငံအသီးသီးမှာရှိပြီး တပတ်ရစ်ကားကိုပြန်စီးကျခြင်းမှာ စျေးသက်သာသော အားသာချက်တစ်ခုကြောင့်ဖြစ်ပါသည်။
မိမိရွေးချယ်ယူထားကားသည် ကီလိုမီတာမြောက်များစွာ အသုံးပြုထားသောနှစ်ချို့တစ်ပတ်ရစ်ကားဖြစ်နေပါက ရရှိနိုင်သောဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါသည်။
ကားများမကောင်းသောကြောင့် Grade အမျိုးမျိုးခွဲသွင်းကြသည်။
GradeA ၊ Grade B စသဖြင့် မည်သို့ခွဲသွင်းစေကာမူ ကားတွင် အပြစ်အနာအဆာများပါရှိလေ့ရှိပါသည်။
အပြင်ပိုင်းအပြင်အဆင် လှပနေသော်လည်း အတွင်းပိုင်းတွင်အပြစ်အနာအတာများရှိနေတတ်သည်။
အထူးသဖြင့်ဂရိတ်နိမ့်လေလေ ကား၏ Performanceကျဆင်းလေလေဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် ဘယ်နှစ်ကီလိုမီတာမောင်းပြီးသည့်ကားတစ်စီးအနေဖြင့် အင်ဂျင်မှထုတ်သည့် အိတ်ဇော်ဘယ်လောက်ထိ အရောင်ရင့်လာမည်၊ အသံဘယ်လောက်ဆူညံလာမည် ကအစ၊ ကားတစ်ကိုယ်လုံးတွင် အသုံးပြုခဲ့သည့် သတ္တုများမှ အပူချိန်ကြောင့် အငွေ့ထွက်ပြီး ကျန်းမာရေး ထိခိုက်နိုင်သည်ကအစ တွက်ချက်ပြီး နှစ်ကြာသည့် ကားဖြစ်လေ အခွန်ဆောင်ခိုင်းမှု ပိုတိုးလာလေဖြစ်ပါသည်။
ထို့ကြောင့် ဂျပန်နိုင်ငံတွင် နှစ်နှစ်လောက်သာအသုံးပြုကြပြီး လေလံကွင်းပို့ကြပါသည်။
အင်ဂျင်တစ်လုံးသည် သူ၏ Running hour တစ်ခုအတွင်းသာ အကောင်းဆုံးအလုပ်လုပ်တာပါ။
သက်တမ်းရင့်လာသည့် အင်ဂျင်ဖြစ်လေ Performance ကျလေဖြစ်ပါသည်။
ဆိုးကျိုးမှာ လောင်စာဆီ ပိုစားလာပြီး ယခင်က လေ၊ ဆီ အချိုးက နှစ်အတန်ကြာ ပြောင်းလဲလာပြီး ဆီအချိုးပိုကြီးလာတတ်ပါသည်။
ထို့ကြောင့် ဓာတ်ဆီဆိုင်တွင် တန်းဆီရသည့် အခြေအနေပိုများလာပြီး မသန့်သည့် ဆီသုံးမိပါက ဆိုးကျိုးများစွာ ခံစားရစေပါမည်။
ဂျပန်တွင် ကားမီးခိုး အရောင်ဘယ်လောက်ကို ကြာကြာထွက်ပါက ဒဏ်ငွေဘယ်လောက်ဆောင်ရမည် ဆိုသည်ကို တခါတည်း သတ်မှတ်ထားပြီး ဖြစ်ပါသည်။
ထို့ကြောင့် စက်ထုတ်လုပ်သူများက မီးခိုးသက်သာအောင် ဖော်မြူလာမျိုးစုံနှင့် ဖန်တီးပါသည်။
မြန်မာပြည်ရောက်လာသည့် ကားများသည် ဂျပန်တွင် မကောင်းတော့ပဲ မီးခိုးအတွက် စည်းကမ်းသတ်မှတ်မှုကို အချို့ကကျော်လွန်နေခါနီးအခြေအနေများကြောင့် သဘာဝပတ်ဝန်းကျင်ကို ကြိမ်းသေညစ်နွမ်းစေပါသည်။
ပရီမီယံကားတစ်စီးအနေဖြင့် အဟောင်းတစ်စီး ပြိုင်တူဝယ်ပါက ဘယ်တစ်စီးက အာမခံရမည် ဆိုသည်ကို အားလုံးသိကြမည်ဖြစ်ပါသည်။
နိုင်ငံကြီးများတွင် ကားအစိတ်အပိုင်းတစ်ခုခုဖြစ်ပါက ကုမ္ပဏီက ချက်ချင်းခေါ်ယူပြင်ဆင်ပေးရပါသည်။
ဒါတောင်စီးတဲ့သူ မကျေနပ်ပါက တရားစွဲခွင့်ရနိုင်ပါသည်။
ထိုအခွင့်အရေးကို တစ်ပတ်ရစ်ကားများ ၀ယ်စီးသူများ မရနိုင်ပဲ အစိတ်အပိုင်းတစ်ခုစီအတွက် အာမခံလည်း မရှိသည့်အတွက် ကိုယ်ပျက်ကိုယ်ပြင်ရမည်ဖြစ်သည်။
တစ်ပတ်ရစ်ကားမှန်ပါက စျေးသက်သာပါသည်။
လက်ရှိမြန်မာပြည်အခြေအနေအရ စျေးကြီးနေပါသည်။
အော်ရီဂျင်နယ် ကားဝယ်စီးရသည့် တန်ဖိုးထက်တာင် ၂ ဆ၊ ၃ ဆမကလည်း စျေးကြီးနေတတ်ပါသည်။
လက်ရှိမြန်မာပြည်အနေအထားအရ တစ်ပတ်ရစ်ကား စျေးကွက်ကိုသာ မှီခိုခွင့် ရှိနေသေးပါသည်။