Toyota က မော်ဒယ်အဟောင်း ဓာတ်ဆီအင်ဂျင်ကားများကို အီးဗီဖြစ်သွားအောင် ပြောင်းလဲပေးမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၁၉၈၀ ပြည့်နှစ်လွန်ကာလတုန်းက ထုတ်လုပ်ခဲ့တဲ့ လူကြိုက်များခဲ့တဲ့ ဓာတ်ဆီအင်ဂျင် ကားမော်ဒယ်တွေကို မီးခိုးထုတ်လွှတ်မှု ကင်းတဲ့ သန့်ရှင်းသောကားများအဖြစ် တစ်ဖန်ပြန်လည်ထုတ်လုပ်မယ်လို့ Toyota Motor က ပြောကြားပါတယ်။
ဂျပန်နိုင်ငံ ချီဘာမြို့မှာ ကျင်းပတဲ့ ဝယ်သူစိတ်တိုင်းကျ ထုတ်လုပ်ပေးတဲ့ကားပြပွဲမှာ Toyota Motor က ခေတ်ဟောင်းကားမော်ဒယ် AE86 မျိုးဆက် ကားနှစ်စီးဖြင့် ၎င်းအစီအစဉ်ကို အသိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တစ်စီးကို ဘက်ထရီဖြင့် မောင်းနှင်တဲ့ကားအဖြစ် တစ်နည်းပြောရရင် အီးဗီမော်ဒယ်အဖြစ် ပြောင်းလဲပေးထားပါတယ်။ ကျန်တစ်စီးကိုတော့ ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်တဲ့ ကားမော်ဒယ်အဖြစ် ပြောင်းလဲထားပါတယ်။
Toyota ဥက္ကဋ္ဌ Akio Toyoda က ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်ရေး ပန်းတိုင်ကို သွားနေတာမှာ နည်းလမ်းတစ်သွယ်အဖြစ် ရှိပြီးသား ကားမော်ဒယ်များကို ပြန်လည်မွမ်းမံပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံတွင် လမ်းပေါ်တွင် ကားအစီးရေ ၂၀ ခန့်တွင် တစ်စီးသာ အသစ်ဖြစ်ပြီး ကားအဟောင်းများတွင် အများစုမှာ ဓာတ်ဆီဖြင့် မောင်းနှင်ကြတဲ့ကားများ ဖြစ်ပါတယ်။ ဒီတော့ ကားအဟောင်းများကို ဘက်ထရီဖြင့် မောင်းနှင်သော ကား သို့မဟုတ် ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်သော ကားအဖြစ် ပြောင်းလဲပေးနိုင်ဖို့ နည်းလမ်း ကြံဆတာ ဖြစ်ပါတယ်။
"ကိုယ်ချစ်တဲ့ကား ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ကားကို စွန့်လွှတ်မယ်အစား ရွေးချယ်စရာ နည်းလမ်းတစ်ခု ချန်ထားဖို့ အရေးကြီးပါတယ်" လို့ Toyoda က ပြောကြားပါတယ်။ သူကိုယ်တိုင်ကလည်း ကားချစ်တတ်သူဖြစ်ပြီး ပြိုင်ကားမောင်းခဲ့သူလည်း ဖြစ်ပါတယ်လို့ သူက ပြောကြားပါတယ်။
အီးဗီများ အမြောက်အမြား ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်ထဲသို့ နောက်ကျပြီးမှ ဝင်ရောက်လာတဲ့ Toyota က ၎င်း၏ ကားများကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲဖို့ ကန်ဒေါ်လာ ၇၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ရေးဆွဲထားပါတယ်။ ဘက်ထရီဖြင့် မောင်းနှင်သောကားများကို ပိုမိုထုတ်လုပ်သွားဖို့ ရည်မှန်းထားပြီး ၂၀၃၀ မှာ ဘက်ထရီသုံး လျှပ်စစ်ကားမော်ဒယ်များ အနည်းဆုံး တစ်နှစ်လျှင် စီးရေ ၃.၅ သန်း ရောင်းချနိုင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U