ယခုနှစ်အတွင်း ယာဉ်အိုး/ဟောင်း အစီး ၁,၃၀၀၀ ကျော် အပ်နှံရာ တိုက်ကြေးကား အစီးလေးရာကျော်ပါဝင်


ယခုနှစ်အတွင်း ယာဉ်အိုဟောင်း အစီး ၁,၃၀၀ ကျော် အပ်နှံခဲ့ရာ တွင် တိုက်ကြေကား အစီးလေးရာကျော် ပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ယာဉ်မတော်တ ဆမှုကြောင့် တိုက်ကြေပျက်စီးသွား သည့်ကားများ၊ မီးလောင်ပျက်စီး သွားသောကားများကို အရည်ကျို အပ်နှံဖျက်သိမ်း၍ အစားထိုးယာဉ် တင်သွင်းခွင့်ပေးခြင်းအား ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ စတင်ခွင့်ပြုခဲ့ရာ ၂၀၁၆ ခုနှစ်အတွင်း ၂,၂၃ စီး၊ ၂၀၁၅ ခုနှစ်အတွင်း ၁,၄၂၆ စီး အပ်နှံခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း ၌လည်း တိုက်ကြေကား ၄၂၁ စီးအပ်နှံရာတွင် ဇန်နဝါရီလတွင်ရှစ်စီး၊ ဖေဖော်ဝါရီလတွင် ၃ စီး၊ မတ်လ တွင် ၃၁ စီး၊ ဧပြီလတွင် ၄၁ စီး၊ မေလတွင် ၆၁ စီး၊ ဇွန်လတွင် ၃၁ စီး၊ ဇူလိုင်လတွင် ၄၅ စီး၊ သြဂုတ် လတွင် ၄၆ စီး၊ စက်တင်ဘာလ တွင် ၃၅ စီး၊ အောက်တိုဘာလတွင် ၅၄ စီး၊ နိုဝင်ဘာ ၂၀ ရက်အထိ ၂၄ စီး အပ်နှံထားကြောင်း သိရ သည်။

“တိုက်ကြေ အပ်နှံမယ်ဆိုရင် အမှန်တကယ် တိုက်ကြေဟုတ်/မ ဟုတ် စစ်ဆေးပြီးမှ အပ်နှံခွင့်ပြုတဲ့ အတွက် ဒီနှစ်ထဲမှာ တိုက်ကြေကား အပ်နှံမှုက အရင်နှစ်တွေထက်စာ ရင် လျော့နည်းသွားပါတယ်၊ တစ် လကို အစီးလေးဆယ်ဝန်းကျင်အပ် နှံမှုရှိပြီး ၈၀ ရာခိုင်နှုန်းဝန်းကျင်က လူစီးကားတွေ ဖြစ်တာကို တွေ့ရပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ကြေစလစ်ဖြင့် ၁၃၀၀ စီစီ စတိနံပါတ်ကားများကို ဝယ်ယူ ခွင့်ပါမစ် လျှောက်ထားနိုင်သောကြောင့် တိုက်ကြေစလစ်များ အ ဝယ်များနေပြီး ကျပ် ၁၁၃ သိန်း ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိ ရသည်။ ရန်ကုန်လိုင်စင်ဖြင့် ကား ဝယ်ယူအသုံးပြုခွင့် ပေးမည့် YVQC စနစ် ထွက်ပေါ်လာပါက ကားဈေးများလည်း အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သလို စလစ်ဈေး များလည်း လက်ရှိပေါက်ဈေးထက်ကျဆင်းသွားနိုင်ဖွယ် ရှိကြောင်း၊ ကားတင်သွင်းသူများက ခန့်မှန်း ထားကြသည်။

Read 827 times