ဓာတ်ဆီသည်မော်တော်ယာဉ်များ၏အဓိကလောင်စာဆီဖြစ်ပါသည်။
ဓာတ်ဆီအရည်အသွေးအမျိုးမျိုးရှိပြီး ဓာတ်ဆီ၏အဆင့်ကိုအောက်တိန်း(Octane) နံပါတ်ဖြင့်ခွဲခြားသည်။
အောက်တိန်းဆိုသည်မှာနိုင်ငံတကာတွင်သုံးစွဲနေသောဓာတ်ဆီအတန်းအစားများ၊ ဓာတ်ဆီ၏ဂုသတ္တိ၊အရည်အသွေးညံ့သောဓာတ်ဆီသုံးစွဲခြင်းကြောင့်ဖြစ်လာနို်င်သောပြဿနာများစသည့်ဖြင့် ဓာတ်ဆီအကြောင်းအရာစုံကိုရှာဖွေတင်ပြပါမည်။
ဓာတ်ဆီ၏အရည်အသွေးကိုအောက်တိန်းနံပါတ်ဖြင့်ခွဲခြားသည်။
အောက်တိန်းနံပါတ်မြင့်သောဓာတ်ဆီများသည်လောင်ကျွမ်းမှုအားကောင်းပြီး မီးခေါက်သံ(knocking) လုံးဝမဖြစ်ပေါ်ပါ။
ထို့ကြောင့် Octane Number ၏အဓိပ္ပာယ်မှာလောင်စာတစ်ခု၏မီးခေါက်သံဖြစ်ပေါ်မှုကို ခုခံတားဆီးပေးနို်င်သောအညွှန်းကိန်းကိုဖော်ပြရာတွင်သုံးစွဲသောတန်ဖိုးတစ်ခုဖြစ်သည်။
တစ်နည်းအားဖြင့်လောင်စာဆီတစ်ခု၏အောက်တိန်းနံပါတ်ဆိုသည်မှာယင်းလောင်စာဆီ၏မီးခေါက်သံမဖြစ်ပေါ်မှုအရည်အသွေးပင်ဖြစ်သည်။
ဓာတ်ဆီသည်ရေနံစိမ်းမှအဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားသောဟိုက်ဒြိုကာဗွန်ဓာတ်ပေါင်းတစ်ခုဖြစ်သည်။
ဓာတ်ဆီသည်အငွေ့ပျံလွယ်ပြီးယင်းအငွေ့သည်အလွန်မီးလောင်လွယ်သောသတ္တိရှိသည်။
ဓာတ်ဆီကို Ignition စနစ်ပါသော Spark Plug သုံးသော I.C.E အင်ဂျင်များတွင်အသုံးပြုသည်။
ဓာတ်ဆီ၏ဂုသတ္တိများမှာအငွေ့ပျံလွယ်ပြီးသာမာန်အပူချိန်တွင်ပင်အငွေ့ပျံခန်းခြောက်လွယ်သည်။
ပြင်းထန်စူးရှသောအနံ့တစ်မျိုးရှိပြီး ယင်းအနံ့ကြောင့်ဓာတ်ဆီယုုိစိမ့်လျှင်ချက်ချင်းသိနို်င်သည်။
ရေကဲ့သို့အရောင်မရှိသောကြောင့်ထွင်းဖောက်နိုင်သည်။
***သင်စိတ်ဝင်စားနိုင်သောကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြင့်ရွေးချယ်သင့်သည့်ကားများ***
သိပ်သည်းဆမှာ(0.60 to 0.78) တွင်ရှိ၍ ရေတွင်ပေါ်နိုင်သည်။
အခြားဆီများနှင့် ရာဘာတို့ တွင် ပျော်ဝင်နိုင်သည်။
အလွယ်တကူမီးထလောင်နိုင်သောစွမ်းရည်ရှိ၍ ကိုင်တွယ်ရာတွင်အထူးသတိကြီးစွာထားရသည်။
တည်ငြိမ်လျှပ်စစ်ကြောင့်အလွယ်တကူမီးထလောင်နိုင်သဖြင့်ပူပြင်းသောနွေရာသီတွင်ဓာတ်ဆီများကို ကိုင်တွယ်ရွှေ့ပြောင်းရာ၌အလွန်အန္တရာယ်များသည်။
(ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များမကြာခဏမီးလောင်နေခြင်းမှာထိုအချက်ကြောင့်ဖြစ်သည်။)
အင်ဂျင်အတွင်းမီးလောင်ပေါက်ကွဲရာတွင်မီးခေါက်သံ (Knocking)မဖြစ်ပေါ်ဘဲပြည့်ဝစွာလောင်ကျွမ်းနိုင်ရမည်။
ဓာတ်ဆီများ၏အဆင့်အတန်းကိုအောက်တိန်းနံပါတ်ဖြင့်ခွဲခြားသတ်မှတ်သည်။
လောင်စာဆီတစ်မျိုး၏ Octane နံပါတ်ဆိုသည်မှာအင်ဂျင်တစ်လုံး၏ Performance ကိုစံပြုတိုင်းတာနိုင်သော အရည်အသွေးညွှန်းကိန်းဖြစ်သည်။
ဓာတ်ဆီအင်ဂျင်တစ်လုံး၏ မီးခေါက်သံ (Knocking) ဖြစ်ပေါ်မှုကိုခုခံကာကွယ်ပေးသောအရည်အသွေးသည် ထိုလောင်စာဆီ၏အောက်တိန်းတန်ဖိုးဖြစ်သည်။
Octane Rating ကိုတစ်ကမ္ဘာလုံးဘုံသတ်မှတ်ထားသောယူနစ်မှာ RON (Research Octane Number) ဖြစ်သည်။
အခြားနိုင်ငံများတွင်သုံးစွဲသောယူနစ်များလည်းရှိသည်။
Motor Octane Number (MON) နှင့် Anti-Knock Index (AKI) ယူနစ်များကိုအမေရိကန်၊ ကနေဒါနှင့် ဥရောပနိုင်ငံများတွင်သုံးစွဲသည်။
တစ်ကမ္ဘာလုံးအသုံးများသော Octane ယူနစ်မှာ RON ဖြစ်သည်။
ပုံမှန်ဓာတ်ဆီတွင်ပါ၀င်သော RON ပမာဏမှာ (၈၇) မှ (၉၀) အတွင်းရှိ သည်။
အလယ်အလတ် Mid-Grade အောက်တိန်းဆီမှာ (92 RON) ဖြစ်ပြီး Premium Grade မှာ (95 RON)ရှိသည်။
Super Plug Grade မှာ (98 RON) မှ (100 RON)အထိရှိသည်။
မြန်မာနိုင်ငံတွင်အသုံးများသောအောက်တိန်းဆီမှာ (92 RON)နှင့် (95 RON) (Premium)အဆင့်ရှိသည်။ နိုင်ငံတကာတွင်သုံးစွဲနေသော Gasoline လောင်စာဆီများ၏ Octane Rating နံပါတ်များစွာအောက်ပါအတိုင်း ဖြစ်ပါသည်။
1. Australia, New Zealand - 92 RON
2. Indonesia - 92 RON
3.Germany (Aral Super) - 95 RON
4.Europe (Euro Super) - 95 RON
5.Malaysia (Shell V-Power) - 97 RON
6.Japan (Premium) - 100 RON
7.Italy (Shell V-Power) - 100 RON
8.France (Super 95) - 95 RON
9.Hong Kong - 98 RON
10.India - 91 RON
11.Singapore (3 grade)
12.(Caltex, SPC and Shell) - 92 RON,
13.95 RON, 98 RON
14.South Africa - 95 RON
15.Sweden - 98 RON
16.Taiwan - 95 RON
17.United Kingdom - 95 RON
18.USA - 97 RON
အောက်တိန်းနံပါတ်မြင့်သောဓာတ်ဆီများသည်သာမန်ဓာတ်ဆီများထက်စျေးပိုပေးရသော်လည်း Compression မြင့်မားသောခေတ်ပေါ်ဓာတ်ဆီအင်ဂျင်များတွင်အင်ဂျင် Performance အကောင်းဆုံး ရရှိစေရန်အောက်တိန်းဆီများကိုသာသုံးရသည်။
အောက်တိန်းနံပါတ်နိမ့်သောစျေးပေါသောဓာတ်ဆီများသည်အင်ဂျင်ခေါက်သံ (Knocking)ထွက်သည်။
အင်ဂျင် Knocking ဖြစ်ခြင်းသည်အင်ဂျင်ကိုများစွာထိခိုက်စေသည်။
Knocking များလွန်းပါကပစ္စတင်များပျက်စီးပြီးအင်ဂျင်ပါလုံးဝပျက်စီးသွားစေနိုင်သည်။
အင်ဂျင် Knocking ဖြစ်ခြင်းသည်လောင်စာဆီအရည်အသွေးညံ့ခြင်းကြောင့်ဖြစ်သည်။
မိမိကားအတွက်သင့်လျော်သောဓာတ်ဆီအမျိုးအစားကိုရွေးချယ်ရမည်။
ခေတ်ဟောင်းကားများ၊ (၁၉၉၀) ခုနှစ်မတိုင်မီကကားများတွင်သာမန်ဓာတ်ဆီကိုသုံးနိုင်သည်။
Compression မြင့်သောအင်ဂျင်များတွင်အောက်တိန်းဆီကိုသုံးရမည်။
ယနေ့ခေတ်ပေါ်ကားများတွင် Fuel System တစ်ခုလုံးသည်ကွန်ပျူတာထိန်းချုပ်စနစ်ဖြင့်လည်ပတ်နေသဖြင့် လောင်စာဆီအရည်အသွေးကောင်းဖို့လိုသည်။
ယာဉ်ပိုင်ရှင်လက်စွဲစာအုပ်တွင်အသုံးပြုရမည့်ဓာတ်ဆီအဆင့်ကိုဖော်ပြထားသည်။
Octane 92 RON ဆီလား၊ Super Plug 95 RON ဆီကိုသုံးရမလား။
သင့်ကားတွင်ပုံမှန်သုံးနေသောဓာတ်ဆီလောင်စာသည်အင်ဂျင်ခေါက်သံထွက်လာပါကအောက် တိန်းတစ်ဆင့်မြင့်သောဓာတ်ဆီကိုပြောင်း၍သုံးသင့်သည်။
အောက်တိန်းဆီသုံးသော်လည်းအင်ဂျင်ခေါက်သံထွက်နေသေးလျှင်သင့်ကားအင်ဂျင်တွင် ချွတ်ယွင်းချက်တစ်ခုခုရှိနေ၍ဖြစ်မည်။
အင်ဂျင်ကျူးနင်းလုပ်ကြည့်ပါ။
တစ်ခုခုတော့ထူးခြားမည်။
အင်ဂျင် Compression မြင့်မားသောပြိုင်ကား Sport Cars များနှင့်အဆင့်မြင့်ဇိမ်ခံကားများတွင် အင်ဂျင်ခေါက်သံဖြစ်ခြင်း (Knocking) မှကာကွယ်ရန် Octane ဓာတ်ဆီကိုသုံးစွဲသင့်သည်။
စျေးချိုသောဓာတ်ဆီအည့ံများတွင်ချေးချွတ်ပေးနိုင်သောထပ်ပေါင်းပစ္စည်းများ (Dispersant-detergent Additives)မပါ၀င်ပါ။
စျေးပေါသောဓာတ်ဆီများသည် Profit Margin နားတွင်ကပ်၍ထုတ်လုပ်ထားသဖြင့်ဆီအရည်အသွေး ညံ့ပါသည်။
ထိုဆီများကိုသုံးစွဲလျှင်အင်ဂျင်ပေါက်လောင်ခန်းတွင်း၌ Deposit များအနယ်ကျလာပြီး အင်ဂျင်၏စွမ်းဆောင်မှု (Performance)ကိုကျဆင်းစေပါသည်။
ဓာတ်ဆီအည့ံများတွင်ပါသော Deposit အနယ်အနှစ်များသည်လောင်စာဆီဖြန်းပေးသော Fuel Injector များ၏ဆီပန်းပုံစံ (Spray Pattern)များကိုမူမမှန်ဖြစ်စေသည်။
အကျိုးဆက်အနေဖြင့်လေ-လောင်စာဆီအရောအနှောအချိုးအစားကိုထိခိုက်စေသည်။
ဆီဖြန်းပေးနိုင်သောပမာဏနည်းသွားသဖြင့်ဆီနည်းသောလောင်စာ-လေအချိုးအစားကိုဖြစ်စေသည်။
အင်ဂျင် Misfire ဖြစ်ခြင်း၊အင်ဂျင်စလိုး Speed (Idle Speed) တွင်တုန်ခါနေခြင်း၊စက်သေသွားခြင်းများဖြစ်နိုင် သည်။
ရုတ်တရက်စက်ရှိန်တင်လိုက်ပါကချက်ချင်းတက်မလာဘဲတုံ့ဆိုင်းနေတတ်သည်။
အရည်အသွေးကောင်းသောဓာတ်ဆီလောင်စာဖြစ်ရန် Deposits များကိုထိန်းချုပ်နိုင်သော Additional Additives ထပ်ပေါင်းဓာတုပစ္စည်းများကို ထပ်မံရောစပ်ပေးရသည်။
ထပ်ပေါင်း Additives ပစ္စည်းများတွင်ပိုလီသာရာမိုင်း (Polyetheramine) ပစ္စည်းသည် အကောင်းဆုံးဖြစ်သည်။
Injectors များ၊ ဗားများ (Valves) နှင့်ပေါက်ကွဲလောင်ကျွမ်းခန်း (Conbustion Chambers)များကို အမြဲသန့်ရှင်းနေစေရန်ကူညီပေးနိုင်စွမ်းရှိသည်။
အင်ဂျင်အတွင်း Deposits များကို ကာကွယ်တားဆီးပေးနိုင်သော Additives ပမာဏသည် 1000 ppm (Parts Per Million) အနည်းဆုံးရှိရမည်။
အရည်အသွေးမြင့်သောဓာတ်ဆီများတွင် Additive ပါ၀င်နှုန်းသည် 100 ppmအထိရှိ သည်။
ခေတ်ပေါ်ဓာတ်ဆီအင်ဂျင်များ၏ လောင်စာစနစ်သည်ကွန်ပျူတာထိန်းချုပ်စနစ်ဖြစ်၍အင်ဂျင်ဆင်ဆာ ပေါင်းများစွာမှသတင်းအချက်အလက်အခြေအနေများကိုအခြေခံသည်။
အင်ဂျင်ခေါက်သံဖြစ်မှုအခြေအနေကို Knocking Sensor မှ အာရုံခံသတင်းပို့ပေး၍လေနှင့်ဆီအချိုးအစားကို လိုအပ်သလိုပြောင်းလဲပေးသည်။
ထိုတာဝန်ကို PCM ခေါ် (Powertrain Control Module) ကဆောင်ရွက်သည်။
အရည်အသွေးည့ံသောဓာတ်ဆီများသည်အင်ဂျင်အတွင်း၌ Deposits အနည်ကျခြင်း၊ Misfire ဖြစ်ခြင်း၊ စက်သံမမှန်ခြင်း၊ အင်ဂျင်ခေါက်သံဖြစ်ခြင်း၊ အင်ဂျင်အပူချိန်မြင့်တက်စေခြင်း၊ Valve များ၊ Pistons များကို ပျက်စီးစေခြင်းစသော ဆိုးကျိုးများကိုသာဖြစ်စေသည်။
EFI စနစ်အင်ဂျင်များတွင် Fuel Pump နှင့် Injector များကိုထိခိုက်စေသည်။
Spark Plug များကိုသက်တမ်းတိုးစေသည်။
မိမိကားအင်ဂျင်နှင့်သင့်တော်သောအရည်အသွေးမြင့် Octane ဆီ များကိုရွေးချယ်သုံးစွဲခြင်းဖြင့် အင်ဂျင် သက်တမ်းကိုရှည်စေပြီး Emissionထုတ်လွှတ်မှုကိုလည်းလျော့ကျစေမည်ဖြစ်သည်။