ကတိအတိုင်း အီးဗီ SUV ထုတ်လုပ်တဲ့ Fisker က ၃ မိနစ်ဗီဒီယို ထုတ်ဝေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Fisker Inc. သည် လျှပ်စစ်ကား Ocean မော်ဒယ် ထုတ်လုပ်မှု စတင်ခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်မပြည့်ခင်မှာပင် စက်ရုံတွင် SUV အီးဗီ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို Fisker က ဗီဒီယို တင်ဆက်ခဲ့ပါတယ်။ ၃ မိနစ်ဖြင့် ကြည့်နိုင်အောင် ဆိုလာအမိုး တပ်ဆင်ခြင်းမှအစ ကိုယ်ထည် မှုတ်ဆေးတင်တာအလယ် အစိတ်အပိုင်းများ တပ်ဆင်ခြင်းအဆုံး Ocean ကိုယ်ထည်တစ်ခုလုံး တပ်ဆင်ထုတ်လုပ်တဲ့ အီးဗီ ထုတ်လုပ်မှု လုပ်ငန်းစဉ် အစအဆုံး ခြုံငုံမိအောင် တည်းဖြတ်ထားပါတယ်။ တရားဝင် official ဗီဒီယိုကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။
Ocean SUV ကို ဩစတီးယားနိုင်ငံ Graz မြို့ရှိ စမတ်ကားစက်ရုံမှာ ထုတ်လုပ်ပါတယ်။ Magna Steyr လုပ်ငန်းက ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်ပေးပါတယ်။
Ocean SUV ကို LA Auto Show in 2021 ကားပြပွဲမှာ ပွဲထုတ်ပြသခဲ့ပါတယ်။ တစ်နှစ်အတွင်း ထုတ်လုပ်မှု စတင်မှာဖြစ်ကြောင်း Fisker က ပြပွဲမှာ ကြေညာခဲ့ပါတယ်။
ကတိအတိုင်း Ocean SUV ကားများ စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Ocean SUV စတင်ထုတ်လုပ်ခြင်း အခမ်းအနားမှာ Fisker က ထုတ်လုပ်ရန် လျာထားတဲ့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
၂၀၁၃ ပထမ ၃ လပတ်မှာ Ocean စီးရေ ၃၀၀ ကိုမျှသာ ထုတ်လုပ်မှာ ဖြစ်ပေမဲ့ ဒုတိယ ၃ လပတ်မှာတော့ စီးရေ ၈,၀၀၀ အထိ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ တတိယ ၃လပတ်မှာ စီးရေ ၁,၅၀၀၀ ထုတ်လုပ်ပါမယ်။ နှစ်ကုန်ချိန်မှာ Ocean စီးရေ ၄၂,၄၀၀ ထုတ်လုပ်ဖို့ Fisker ရည်မှန်းထားပါတယ်။
Ocean အိမ်စီးပြိုင်ကားစတိုင်လ် အခြေခံဈေးနှုန်းက အမေရိကန်ဈေးကွက်အတွက် $37,499 ဖြစ်ပါတယ်။
Source electrek
MAG