Ocean Super Center တွင် ကျပ်သုံးသောင်းဖိုးနှင့်အထက် ဝယ်ယူသူများကို Hyundai All New Accent ကားမဲဖောက်


လှိုင်သာယာ ၊ ကိုးမိုင် ၊ ပုဇွန်တောင် ၊ ရွှေတိဂုံမြို့နယ်များရှိ Ocean Super Center များ ၊ နေပြည်တော်မြို့ရှိ ဥတ္တရသိရိ Ocean Super Center ၊ မန္တလေးမြို့ရှိ Mingalar Mandalay Ocean Super Center ၊ မုံရွာမြို့နှင့် မော်လမြိုင်မြို့တို့တွင်ရှိသည့် Ocean Super Center များတွင် မတ် ၁၃ ရက်မှ ဧပြီ ၁၂ ရက်အထိ Hyundai Road Show များကျင်းပမည် ဖြစ်ရာ အဆိုပါရက်အတွင်း Ocean Super Center များ၌ ကျပ်သုံးသောင်းဖိုးနှင့်အထက် ဝယ်ယူပါက Hyundai All New Accent ကားသစ်တစ်စီးအပြင် ကျပ်သိန်းတစ်ရာတန်ဖိုးရှိသည့် အခြားစုမဲပေါင်းများစွာကိုလည်း မဲဖောက်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။

Hyundai All New Accent သည် Sedan ကးအမျိုးအစား ဖြစ်၍ 1.4 Liter ၊ 4-Cylinder အင်ဂျင်တပ်ဆင်ထားကာ ဆီစားသက်သာပြီး ၁၆ လက်မအလွိုင်းဘီးခွေများ ၊ သို့မဟုတ် ၁၄ လက်မ စတီးဘီးခွေများ ၊ အနောက်ဘက်ဒစ်ဘရိတ်များ ၊ လေအိတ်ခြောက်လုံး ၊ အီလက်ထရိုခရိုမစ် နောက်ကြည့်မှန် ၊ စတီယာရင်ပေါ်မှ အသံထိန်းချုပ်ခလုတ် ၊ ကျယ်ဝန်းသည့်ပစ္စည်းထည့်စရာအကန့် ၊ Bluetooth မှတစ်ဆင့် ဖုန်းခေါ်ဆိုမှုနှင့် ဖြေဆိုမှုများ ပြုလုပ်နိုင်သောစနစ်များပါဝင်ပါတယ်။ Power Window အဖွင့်/အပိတ် ၊သားရေထိုင်ခုံများ ၊ သော့မဲ့ ကားနှိုးစနစ် ၊ အလိုအလျောက်တံခါးလော့ခ်ချပေးသည့် စနစ်နှင့် အပှု/အအေး လေအေးပေးစနစ်များလည်း ပါဝင်ပါတယ်။ Hyundai Accent ကို မြင်းကောင်ရေတစ်ရာအား ၊ 6-speed Auto ဂီယာဖြင့် တပ်ဆင်ထုပ်ထားပါတယ်။

ဆွဲဆောင်မှုရှိသည့် အပြင်ပိုင်းအပြင်အဆင်နှင့် အတွင်းခန်းတွင် Navigation စနစ် ၊ Touch Screen ၊ Bluetooth စနစ် ၊ Wi-Fi ကဲ့သို့ Multi Infotainment စနစ်များအပြင် နောက်ဆုံးပေါ်နည်းပညာများလည်း ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။2019 Hyundai Accent ကားသစ်ကို ကီလိုတစ်သိန်း ၊ သို့မဟုတ် သုံးနှစ် အာမခံပေးထားပြီး ကျပ် ၂၉၉ သိန်း(ဝင်ငွေခွန်မပါ)ဖြင့် Showroom များတွင် ဝယ်ယူရရှိနိုင်ကြောင်းလည်း သိရပါတယ်။

 

Read 500 times