O/D ခလုတ်ဆိုတာဘာလဲ ?


O/D ခလုတ် ဆိုတာ over drive မမောင်းချင်ရင် ပိတ်လို့ရအောင် off ခလုတ် တပ်ဆင်ပေးထားတာပါ။ 

ကားတိုင်းတော့ မပါ ပါဘူး။ over drive ဆိုတာ ကတော့ အင်ဂျင်ရုန်းအားကို လျှော့ချပီး အမြန်နှုန်းကို မြင့်စေသောကြောင့် ဆီစားသက်သာမယ် ၊ အင်ဂျင် သက်သာမယ် ၊ ဆူညံမှု နည်းမယ် ၊ ခရီး ရောက်မယ် (ရိုးရိုးဂီယာ ဆို နံပါတ် ၅ နဲ့ မောင်းနေသလိုပေါ့)

O/D နှိပ်ထားရင် ထူးခြားမှု

O/D off ဆိုတဲ့ မီးဝါလေး လင်းလာပါမယ်။ Over drive မဖြစ်စေအောင် စတင်အလုပ် လုပ်နေပါပီ ။ ဥပမာ -- D နဲ့ မောင်းနေသော်လည်း D တာဝန် ကို အပြည့်မလုပ်ဘဲ နောက်ဆုံး ဂီယာ တစ်ချက် မဝင်ဘဲ သွားနေမှာပါ။ လီဘာနင်းရင် အထ သွက်မယ်… ဘာကြောင့်ဆိုတော့ ပုံမှန် အင်္ဂျင်အပတ်ရေထက် နောက်ကျပြီးမှ ဂီယာချိန်းလို့ပါ။ အရှိန်အမြင့်ဆုံးဂီယာ တစ်ချက်မဝင်ပါဘူး... (ရိုးရိုးဂီယာ ဆို လီဘာ ကုန်နင်းပီးမှ ဂီယာ ချိန်းသလိုပေါ့)

O/D off ကို ဘယ်အချိန်သုံးမလဲ ?

• တောင်တက် တောင်ဆင်းလမ်းတွေ

• လမ်းချောနေချိန် (မိုးများ နှင်းကျချိန်)

• ကီလို ၆၀ ဝန်းကျင် ကားကျော်တက်ချိန်

O/D off ကို တောင် အတက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ O/D မပိတ်ဘဲ D ဖြင့် ပုံမှန်မောင်းနေပါက ဂီယာဘောက်အတွင်းမှာ ဂီယာ ခဏခဏ ချိန်းရသဖြင့် ဆီပူလာပြီး ကလပ်ပလိတ် နာကာ ဂီယာပျက်စီးတတ်ပါတယ်။ လမ်းချောချိန်၊တောင်အတက်ဆင်း တွေမှာ အရှိန်လွန် မောင်းနှင်မူမဖြစ်တော့ပါ။ လမ်းကောင်း၍မြေပြန့်၌သုံးရင် ဂီယာ တစ်ချက်ကျန်နေသောကြောင့် ဆီစားမယ်၊ (ရိုးရိုး ဂီယာ ဆို နံပါတ် ၅ မချိန်းဘဲ ၄ နဲ့ ပေမောင်းနေသလိုပေါ့)

ကြာကြာမောင်းရင် အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်။မလိုအပ်ဘဲ O/D off မီးဝါလေး မလင်းထားပါနဲ့။ အရှိန်အလွန်များနေချိန် ဂီယာဒေါင်းတဲ့ ခလုတ် မဟုတ်ပါ။ O/D အလုပ် လုပ်ပုံ နားလည်သွားရင် အဆင်ပြေပြီ။

Read 78740 times