ရန်ကုန်လိုင်စင် စလစ်ကပ် ပွိုင့်သရီး စတိ နံပါတ် ကားတွေရဲ့ ဈေးနှုန်းဟာ ကျပ်သိန်း ၃ဝဝ အထက် ရောက်ရှိနေတဲ့အတွက် အရောင်းအဝယ်အေးနေပြီး ကျပ်သိန်း၂ဝဝ ဝန်းကျင်ရှိတဲ့ နံပါတ် ထွက်ပြီးသား ပွိုင့်သရီးကား လေးတွေသာ အရောင်းအဝယ်ရှိပါတယ်။
သီရိမင်္ဂလာကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုချစ်တိုးက YVQC စနစ်နဲ့ ရန်ကုန် လိုင်စင်ချထားပေးမယ်ဆိုတဲ့ သတင်းတွေက ခပ်စိပ်စိပ်ထွက်လာတော့ စောင့်ကြည့်တာတွေရှိနေပြီး အရောင်းအဝယ် အေးနေပါတယ်။ အေးနေတယ်ဆိုပေမဲ့ လုံးဝမရောင်းရတာတော့ မဟုတ်ဘဲ ကျပ်သိန်း ၂၅၀ နဲ့ ကျပ်သိန်း ၁၅၀ ကြားကားလေးတွေ အရောင်းအဝယ်ဖြစ်တာများပြီး ၊ ကျပ်သိန်း ၄ဝဝ/၅ဝဝ ဝန်းကျင်ရှိတဲ့ စလစ်ကပ်ကားတွေလဲ ကြိုးကြားကြိုးကြားတော့ အရောင်းအဝယ်ရှိတယ်”လို့ ပြောပါတယ်။
YVQC စနစ်နဲ့ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုး ထွက်ရှိ နေပါတယ်။ အချို့ကလည်းမူ ကြမ်း မှာ တင်ပြထားတဲ့အတိုင်းအင်ဂျင် ပါဝါအလိုက်ကျပ်သိန်း ၃၀/၆၀/၉၀ ကောက်ခံပြီး ရန်ကုန်လိုင်စင်ချ ထားပေးမယ်လို့ မျှော်လင့်ကြသလို အင်ဂျင်ပါဝါမရွေးဘဲ ကျပ်သိန်း ၉၀ ကောက်ခံမယ်လို့လည်း သတင်းထွက်ထားတာလည်း ရှိပါတယ်။ နောက်တစ်ချက်က ကွန်ဆိုင်းမန့် လက်ကျန်ကားတွေကို ရန်ကုန်လိုင်စင်ချထားပေးမလား မျှော်လင့်တဲ့သူတွေကလည်း ရှိနေပါတယ်။ အဲဒါကြောင့် YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ချထားပေးရင် ဈေးကွက် အပြောင်းအလဲရှိဦးမလား စောင့်ကြည့်သူတွေရှိနေတာဖြစ်တယ်။
နံပါတ်ထွက်ပြီးသား ပွိုင့်သရီးကား
ရန်ကုန်လိုင်စင်ကို အင်ဂျင်ပါဝါ မခွဲခြားဘဲ ကျပ်သိန်း ၉၀ ကောက်ခံပြီးမှ ချထားပေးရင် အင်ဂျင်ပါဝါသေးတဲ့ ပွိုင့်သရီးတွေအ တွက်ကျတော့ ပေးဆောင်ရတာ များပါတယ်။ ရန်ကုန်လိုင်စင် စလစ် ကပ်ပြန်တော့လည်း လက်ရှိ စလစ် ပေါက်ဈေးအရ ကျပ်သိန်း ၁၃၀ ဝန်းကျင် ပေးဆောင်ရပါတယ်။ အဲ ဒါကြောင့် ဟွန်ဒါဖစ်ရှက်တယ်လ်၊ ဟွန်ဒါဖစ် ဂျီကေသရီးတို့လို ရန် ကုန်လိုင်စင် စတိနံပါတ်ပွိုင့်သရီး တွေရဲ့ ဈေးနှုန်းဟာ ကျပ်သိန်း ၃ဝဝ ကနေ ကျပ်သိန်း ၃၈ဝကြား အထိ ဈေးတွေမြင့်တက်နေပါ တယ်။ အဲ ဒါကြောင့်လည်း စတိ နံပါတ်တွေ အဝယ်နည်းပြီး နံပါတ် ထွက်ပြီးသား ရန်ကုန်လိုင်စင် ပွိုင့် သရီးကားလေးတွေ အဝယ်လိုက် လာပါတယ်။
ရန်ကုန်လိုင်စင်ကားလေးတွေ အဝယ်လိုက်လာသလို နယ်လိုင် စင် ပွိုင့်သရီးကားလေးတွေလည်း အဝယ်များလာပြီး ကားလည်း ရှား ပါးလာပါတယ်။ နယ်ဝယ်လက် တွေအနေနဲ့လည်း အရင်ကလို ရန် ကုန်လိုင်စင်ကိုပဲ လိုက်ရှာဝယ်တာ ထက် နယ်လိုင်စင်အမည်ပေါက် ဝယ်ယူတာ များလာပါတယ်။ ဝယ် ရောင်းတွေအနေနဲ့လည်း ရန်ကုန် မှာ ရန်ကုန်လိုင်စင် ပွိုင့်သရီးကား လေးတွေ ရှားပါးလာတဲ့အတွက် နယ်အထိ ဆင်းဝယ်တာတွေ ရှိလာ ပါတယ်။
ဝယ်လက် အများစုကတော့ ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူခွင့် ရသ လို အရစ်ကျစနစ်နဲ့လည်း ဝယ်လို့ ရတဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ် လုပ်တဲ့ ဘရန်းနယူးကားသစ်တွေ ကို ရွေးချယ်တာ များလာပါတယ်။ ဒါပေမဲ့ ဆူဇူကီးဆွစ်ဇ်၊ ဆူဇူ ကီး စီရက်ဇ်နဲ့ ဆူဇူကီးကယ်ရီတို့ ဟာ ဈေးနှုန်းမြှင့်တင်ရောင်းချလာတာ ကြောင့်လည်း နံပါတ်ထွက်ပြီး သား ရန်ကုန်လိုင်စင်ပွိုင့်သရီးလေး တွေကို ပြန်ဝယ်လာကြတာလည်း ရှိတယ်။
စလစ်ကပ်ကားတွေ
စ လစ် ကပ် ကား တွေ ထဲ က တော့ အယ်လ်ဖတ်၊ ကလူဂါနဲ့ဝှစ်ရှ် နံပါတ်ဟောင်းလေးတွေလည်း တစ်စီးစနှစ်စီးစ အရောင်းအဝယ် ဖြစ်ပါတယ်။ ကျပ်သိန်း ၂၅၀ အောက် နံပါတ်ထွက်ပြီးသား ပွိုင့် သရီးလေးတွေ အရောင်းအဝယ် ဖြစ်သလို ကျပ်သိန်း ၄ဝဝ နဲ့ ၆ဝဝ ကြား စလစ်ကပ်ကားလေးတွေ လည်း ကြိုးကြားကြိုးကြား ရောင်းနေရပါတယ်။
စလစ်ဈေးအနည်းငယ်ကျ
YVQC စနစ်နဲ့ ရန်ကုန်လိုင် စင် ချ ထားပေးတော့မယ်ဆိုတဲ့ သ တင်းတွေ ခပ်စိပ်စိပ်ထွက်လာ တာကြောင့် ရန်ကုန်လိုင်စင်စလစ် ဝယ်တဲ့သူနည်းသွားပြီး စလစ်ဈေး အနည်းငယ် ကျဆင်းပါတယ်။ ဒါပေမဲ့ရန်ကုန်လိုင်စင်စလစ်အပ် ကားပိုမိုရှားပါးလာတာကြောင့် စလစ်ဈေးက သိပ်အများကြီး ကျဆင်းမသွားပါဘူး။ လက်ကျန်ကွန် ဆိုင်းမန့်ကားတွေကို ရန်ကုန်လိုင် စင် ချထားမပေးရင်တော့ စလစ် လိုအပ်ချက်က ရှိနေဦးမှာပါ။ အဲဒါ အ ပြင် ဖရီးပါမစ်နဲ့ ကားတင်သွင်း ခွင့်ဟာ နိုင်ငံသားတစ်ဦးအနေနဲ့ တစ် စီးသာ တင်သွင်းခွင့်ရှိတာ ကြောင့် တစ်စီးထက်ပိုပြီး ကားပိုင် ဆိုင်လို သူတွေအတွက်ကလည်း စလစ်လို အပ်ချက်ကတော့ ဆက် ရှိနေဦး မှာ ဖြစ်ပါတယ်။