ဟွန်ဒါ ကျောထောက်နောက်ခံပြု အစ္စရေး ကုမ္ပဏီက အီးဗီ အားသွင်းရုံများအတွက်  နျူကလီးယားဓာတ်အားထုတ်စက် အသေ


ဟွန်ဒါ ကျောထောက်နောက်ခံပြု အစ္စရေး ကုမ္ပဏီက အီးဗီ အားသွင်းရုံများအတွက်  နျူကလီးယားဓာတ်အားထုတ်စက် အသေးစား တီထွင်ထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

အီးဗီ အားသွင်းရုံများကို လျှပ်စစ်ဓာတ်အားပေးရန်အတွက် ဟွန်ဒါမှ ကျောထောက်နောက်ခံ ပြုထားသော အစ္စရေး ကုမ္ပဏီ NT-Tao သည်နျူကလီးယားဓာတ်အားထုတ်စက် အသေးစားတီထွင်ထားပါသည်။ 
အရွယ်အစားနှာ ကွန်တိန်နာတစ်လုံးထဲ ထားသိုလုပ်ကိုင်နိုင်သည့် အရွယ်အစားဖြစ်ပြီး လျှပ်စစ်ဓာတ်အား ကီလိုဝပ် တသောင်းမှ နှစ်သောင်းအထိ ထုတ်လုပ်ပေးနိုင်ပါသည်။ 

NT-Tao သည် ၂၀၂၉ ခုနှစ်တွင် သရုပ်ပြရန် နျူကလီးယားဓာတ်အားထုတ်စက်များကို ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၃၀ ခုနှစ် နောက်ပိုင်းးတွင် စီးပွားဖြစ်ထုတ်လုပ်ရန် ရည်မှန်းထားသည်။

NT-Tao တွင် Honda, Mitsui Sumitomo Insurance တို့အပါအဝင် လုပ်ငန်းအချို့တို့က ရင်းနှီးမြှုပ်နှံထားကြပါသည်။ ယခုအထိ ရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်း ကန်ဒေါ်လာ ၂၈ သန်း ရှိနေပြီ ဖြစ်ပါသည်။ 

NT-Tao စီအီးအို Oded Gour-Lavie ၏ အဆိုအရ ကီလိုဝပ် နှစ်သောင်း နျူကလီးယားဓာတ်အားထုတ်စက် အတွက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၀ မှ  သန်း ၁၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားသည်။
ဓာတ်အားထုတ်လုပ်ရန် ကုန်ကျစရိတ်မှာ တစ် ကီလိုဝပ်နာရီကို ၆ ဆင့်မှ ၁၃ ဆင့် ဖြစ်ပါသည်။ 

Source asia nikkei 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 167 times