နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးမြေကျွံမှု ဖြစ်ပွား


နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးမြေကျွံမှု ဖြစ်ပွား

နေပြည်တော်-မန္တလေးဘက်ခြမ်း အမြန်လမ်းမကြီးမိုင်တိုင် 310/0 ဖာလုံနှင့် 310/1 ဖာလုံကြားတွင် လမ်းမကြီးမြေကျွံမှု ဖြစ်ပွားထားပါသည်။

ညပိုင်းခရီးသွားမောင်းနှင်ကြသော ယာဉ်ကြီးယာဉ်ငယ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေးအတွက် အဆိုပါလမ်းပိုင်းတွင် အမြန်လမ်းမကြီး(ပြင်/ထိန်း) မှ ယာယီရှောင်လမ်း ပြုလုပ်ပေးထားပါကြောင်းနှင့် အဆိုပါနေရာ မရောက်မီ ယာဉ်များအား အရှိန်‌ထိန်းမောင်းနှင်ကြပါရန် အမြန်လမ်းမီးသတ်တပ်ဖွဲ့ကွပ်ကဲမှုရုံးမှ ထုတ်ပြန်ထားပါသည်။

Read 770 times