နိုဝင်ဘာလအထိ ကားဟောင်းစလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားသည့် Brand New ကားအစီး ငါးရာကျော်ရှိ


ယခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ကားဟောင်းစလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားသည့် Brand New ကား ၉၉၆ စီးရှိကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

ကား အရောင်းပြခန်းများမှ တင်သွင်းရောင်းချသော Brand New ကားများကို ကားဟောင်း ( စလစ်ကပ်၍ ရန်ကုန်လိုင်စင်လျှောက်ထားခွင့်ပေးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ( မတ်လတွင် ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်၍ Brand New ကား အစီး ၂ရဝ ပါမစ် လျှောက်ထားခဲ့ သည်။

ရန်ကုန်လိုင်စင်ဖြင့် ကား ဝယ်ယူအသုံးပြုခွင့်မူဝါဒ YVQC စနစ် ထွက်ပေါ်မလာသေးသည့်အ တွက် ယခုနှစ်အတွင်း စလစ်ကပ်၍ ပါမစ်လျှောက်ထားသော Brand New ကားအရေအတွက် ပိုများလာပြီး နိုဝင်ဘာလကုန်အထိ ၅၅၆ စီးရှိခဲ့ကြောင်း သိရသည်။


“ကားအရောင်းပြခန်းတွေက နေ ပုံစံ(ဃ)စလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားခွင့်ပြုတာကို ပြီးခဲ့တဲ့နှစ် မတ်လကစပြီး ခွင့်ပြု ပေးခဲ့ပါတယ်၊ ဒီနှစ်အတွင်းမှာ ရန် ကုန်လိုင်စင်နဲ့ ဝယ်ယူခွင့်ပါမစ်လျှောက်တဲ့ Brand New ကား အရေအတွက် ပိုများလာပါတယ်””ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း Brand New ကားများ စလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားရာတွင် ဇန်နဝါရီလ၌ ၆၅ စီး၊ ဖေဖော်ဝါရီ လ၌ ၅၄ စီး၊ မတ်လ၌ ၃၃ စီး၊ ဧပြီလ၌ ၃၆ စီး၊ မေလ၌ ၅၅ စီး၊ ဇွန်လ၌ ၅၃ စီး၊ ဇူလိုင်လ၌ ၈၅ စီး၊ သြဂုတ်လ၌ ၅၄ စီး၊ စက်တင်ဘာ လ၌ ၄၅ စီး၊ အောက်တိုဘာလ ၄၂ စီးနှင့် နိုဝင်ဘာလ၌ ၄၅ စီး တို့ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Read 398 times