ထိုင်း နိုင်ငံတကာ ကားပြပွဲ   မတ်စ်စည်းကမ်းဖြေလျော့


ထိုင်း နိုင်ငံတကာ ကားပြပွဲ   မတ်စ်စည်းကမ်းဖြေလျော့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၃၉ ကြိမ်မြောက် Thailand International Motor Expo 2022 တွင် နိုင်ငံတကာ မော်တော်ကားထုတ်လုပ်သူများ ပြသသည့် မော်တော်ကားများကို အရောင်းမြှင့်တင်ရန် ငှားရမ်းထားသော မော်ဒယ်များသည် ယခင်က မတ်စ် မဖြစ်မနေ ဝတ်ဆင်ကြရပြီး ယခုအခါ မတ်စ်မတပ်ဘဲ  ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ကြောင်း The Nation သတင်းမီဒီယာက သတင်းဖော်ပြပါတယ်။

နှစ်စဉ်ကျင်းပတဲ့ Thailand International Motor Expo ကို ကိုဗစ်ကာလမှာလည်း မပျက်မကွက် ပြသခဲ့ပေမဲ့ မော်ဒယ်များ အပါအဝင် ပွဲခင်းထဲ ရှိနေသူတိုင်း မဖြစ်မနေ မတ်စ်တပ်ဖို့ လိုအပ်ခဲ့ပါတယ်။ 
ယခုနှစ်ပြပွဲမှာတော့ မိမိဆန္ဒအလျောက်သာ မတ်စ်တပ်ကြပါတယ်။ ငယ်ရွယ်သူမော်ဒယ်အမျိုးသမီးများ မတ်စ်မတပ်ဘဲ တာဝန်ထမ်းဆောင်ရန် ခွင့်ပြုထားပါတယ်။
ပြပွဲမှာ လျှပ်စစ်မော်တော်ယာဉ်များ အပါအဝင် ကားများနှင့် မော်တော်ဆိုင်ကယ်များနှင့်အတူ မတ်စ်မတပ်ထားတဲ့ မော်ဒယ်များကို ပုံမှန်အတိုင်း မြင်တွေ့ကြရပါတယ်။

ပြပွဲကို Impact Arena ရဲ့ Challenger Hall 1-3 မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ စတင်ပြသခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်အထိ ပြသမှာ ဖြစ်ပါတယ်။
အများပြည်သူ လာရောက်ကြည့်ရှုရန် ကြားရက်များမှာ မွန်းတည့်မှ မွန်းလွဲ ၁ နာရီအထိ ဖွင့်ပေးထားပါတယ်။ စနေတနင်္ဂနွေမှာတော့ နံနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ဖွင့်ပေးပါတယ်။
ဝင်ကြေးလက်မှတ်ဖိုးက တစ်ဦးလျှင် ဘတ် ၁၀၀ ဖြစ်ပါတယ်။ အရပ် ၁၂၀ စင်တီမီတာ(၄ပေ) အောက် ကလေးများ ဝင်ကြေးအခမဲ့ ဖြစ်ပါတယ်။
Source The Nation

 

 

 

 

Read 712 times