မော်ဒယ်လ်နိမ့်ကားများကိုနှစ်နှစ်အတွင်းရောင်းမထွက်ပါကတင်သွင်းလာသည့်နိုင်ငံထံသို့ပြန်ပို့ရန် အစိုးရကသတ်မှတ်ထားခဲ့သော်လည်း
လက်ရှိတွင်ပြန်ပို့ရန် ကားအစီးရေ ၅,၀၀၀ ကျော်ရှိနေသော်လည်း အချို့နိုင်ငံများကပြန်ပို့မည်ကားများကိုလက်မခံသည့်အခြေအနေရင်ဆိုင်နေရကြောင်းစီးပွားနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှပြောကြားထားသည်။
လက်ရှိတွင်ပြန်ပို့ရန် ကားအစီးရေ ၅၀၀၀ ကျော်ရှိနေသော်လည်း အချို့နိုင်ငံများကပြန်ပို့မည်ကားများကိုလက်မခံသည့်အခြေအနေရင်ဆိုင်နေရကြောင်းစီးပွားနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှပြောကြားထားသည်။
ယင်းကိစ္စကြောင့်အစိုးရအနေဖြင့်နိုင်ငံသားလုပ်ငန်းရှင်များနစ်နာမှုမရှိစေရန်လမ်းညွှန်ချက်ပေးခဲ့ပြီးလက်ရှိအချိန်တွင်သက်ဆိုင်ရာမော်တော်ယာဉ်ဌာနများ၊မော်တော်ယာဉ်အသင်းအဖွဲ့များနှင့်တွေ့ဆုံညှိုနှိုင်းနေရကြောင်းသိရသည်။
အစိုးရအနေဖြင့်မူလချမှတ်ထားသောသတ်မှတ်ချက်တွင်အရောင်းစင်တာများမှ၂၀၁၅မတိုင်မီတင်သွင်းထား သောကားများကိုနှစ်နှစ်ကျော်၍ရောင်းမထွက်ပါကတင်သွင်းထားသောနိုင်ငံများသို့ပြန်လည်တင်ပို့ရန်နှင့်တင်ပို့မှုမပြုပါကဖျက်စီးရန်ညွှန်ကြားထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လတ်တလောစီစစ်ချက်များအရ၂၀၀၀ပြည့်နှစ်နှင့်၂၀၀၅ခုနှစ်အောက်ထုတ်ထားသောမော်ဒယ်လ်နိမ့်ကားများကိုပါတွေ့ရှိနေရသောကြောင့် ပြန်လည်ပို့ဆောင်မည့်စနစ်ဖြင့် မကိုက်ညီတော့ကြောင်းသိရသည်။
ယင်းမော်တော်ယာဉ်များကို ဧပြီလ ၆ ရက်နေ့မှပြုလုပ်သည့်မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီနှင့် မော်တော်ယာဉ်အသင်းအဖွဲ့များတွေ့ဆုံစဉ် စလစ်အစားငွေကျပ် သိန်း ၃၀ နှင့် ၆၀ ပေး၍ရောင်းချခွင့်ပေးမည်ဟုဆုံးဖြတ်ပေးထားကြောင်းသိရသည်။
နှစ်နှစ်ကျော်သော်လည်းရောင်းထွက်ခြင်းမရှိသေးသည့်(ယာဉ်မှတ်ပုံမတင်ရသေးသည့်)မော်တော်ယာဉ်မော် ဒယ်လ်၂၀၀၀ပြည့်နှစ်အောက်များကိုစလစ်အစားကျပ်သိန်း၃၀နှင့်၂၀၀၁မှ၂၀၀၅ခုနှစ်မော်ဒယ်လ်ထိကိုစလစ်အစားကျပ်သိန်း၆၀ပေးသွင်း၍ရောင်းချခွင့်ပြုမည်ဟု ဧပြီ ၆ ရက်နေ့ကြီး/ကော်အစည်းအဝေးမှဆုံးဖြတ်ထားသည်။