၂၀၂၅ တွင် ဓာတ်ဆီနှင့် ဒီဇယ်ကားများ နိဂုံးချုပ်ရန် နော်ဝေး  ရည်မှန်းထား 


၂၀၂၅ တွင် ဓာတ်ဆီနှင့် ဒီဇယ်ကားများ နိဂုံးချုပ်ရန် နော်ဝေး  ရည်မှန်းထား 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

• ရေနံထုတ်လုပ်သည့် နိုင်ငံဖြစ်သည့် နော်ဝေးနိုင်ငံတွင် ဓာတ်ဆီနှင့် ဒီဇယ်ကားများ ရောင်းချခြင်းကို ၂၀၂၅ တွင် အဆုံးသတ်ရန် ရည်မှန်းထားသည်။
• နော်ဝေးနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှာ ရောင်းချခဲ့သော ကားများ၏ ၇၉% သည် အပြည့်အဝလျှပ်စစ်ကားများ ဖြစ်သည်။
• Tesla Y သည် လူကြိုက်အများဆုံး မော်ဒယ် ဖြစ်သည်။ 
• နော်ဝေးအစိုးရက ယခုနှစ်မှာ အီးဗီများအပေါ် အခွန် စတင်စည်းကြပ်သည်။

 

၂၀၂၂ ခုနှစ်တွင် နော်ဝေနိုင်ငံမှာ ရောင်းချခဲ့သည့် ကားသစ်ငါးစီးအနက် လေးစီးသည် ဘက်ထရီပါဝါ လျှပ်စစ်ကားများဖြစ်ပြီး Tesla ကားများ အရောင်းရဆုံး ဖြစ်ခဲ့သည်။ 
နော်ဝေးနိုင်ငံတွင် Tesla ကားများ ရောင်းအားအကောင်းဆုံး ဖြစ်သည်မှာ ၂ နှစ်ဆက်တိုက် ရှိသွားပြီဖြစ်သည်။ Tesla က ဈေးကွက်ဝေစု ၁၂.၂%ဖြင့် ပထမနေရာ၊ Volkswagen က ၁၁.၆% ဖြင့် ဒုတိယနေရာ ရရှိထားကြသည်။

၂၀၂၂ တွင် ရောင်းချခဲ့သော လျှပ်စစ်ကား မော်ဒယ်များတွင် Tesla Model Y အရောင်းရဆုံး ဖြစ်ပြီး Volkswagen ID.4 သည် ဒုတိယ အရောင်းရဆုံး ဖြစ်သည်။ Skoda Enyaq သည် တတိယ အရောင်းရဆုံး ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ကားအသစ် ရောင်းအား၏ ၆၅% သည် ဘက်ထရီသုံး လျှပ်စစ်ကား battery electric vehicles (BEV) များ ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၇၉.၃% အထိ ဖြစ်လာသည်။

 

 

 

 

အစိုးရက အီးဗီအပေါ် အခွန်စည်းကြပ်ခြင်း စတင်သဖြင့် နော်ဝေးနိုင်ငံ၏ ၂၀၂၅ ခုနှစ်တွင် ဓာတ်ဆီနှင့် ဒီဇယ်ကားများ ရောင်းချခြင်းကို  အဆုံးသတ်ရန် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ဖို့ အဟန့်အတား ဖြစ်နေစေသည်ဟု သုံးသပ်ကြသည်။
Source Reuters 
 

Read 193 times