Nissan X Terra ၏ Platform ကို အခြေခံကာထုတ်လုပ်ထားသော Nissan X-Trail


Nissan X-Trail သည် Compact Crossover ကားအမျိုးအစားဖြစ်ပြီး ဂျပန်အခြေစိုက် Nissan မှ ၂၀၀၀ ပြည့်နှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။

၎င်း၏ ပထမမျိုးဆက် 2000-2006 နှင့် ဒုတိယမျိုးဆက် 2007-2013 တို့တွင် Compact Crossover ပုံစံဖြင့်ဖန်တီးခဲ့ပြီး တတိယမျိုးဆက် 2014 မှစ၍ အလတ်တန်း အဆင့် Crossover သို့ တိုးမြှင့်ဖန်တီးခဲ့ပါသည်။ 

Nissan X-Trail နှင့် စျေးကွက် ယှဉ်ပြိုင်ဘက် ဖြစ်ကြသည့် အခြားသော ကားများမှာ Suzuki Grand Vitora / Ford Escape / Hyundai Tuscon/ Mazda Tribute / Honda CR-V/ Toyota RAV-4 တို့ ဖြစ်ကြပါသည်။

Nissan X-Trail အား Nissan X Terra ၏ Platform ကို အခြေခံကာ ထုတ်လုပ်ခဲ့ပါသည်။

X-Trail ၏ ဒုတိယမျိုးဆက်ကားများ၏ Platfrom အား Nissan Qashqai အား ခွဲဝေပေးခဲ့ပါသည်။

Nissan X-Trail ၏ ကားများ အားလုံးတွင် 4×4 Tronsmission Transfer Case အား ထည့်သွင်းထားပြီး ထိုစနစ်သည် ယာဉ်မောင်းသူမှ 2WD, 4WD, 4WD Lock စသည်ဖြင့် ပုံစံ(၃)မျိုး ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ယခုလက်ရှိတွင် Nissan မှ Hydrogen Fuel Cell စနစ်သုံး X-Trail FCV Mode အား မိတ်ဆက် ထုတ်လုပ် ထားပါသည်။

Nissan X-Trail အား ၂၀၀၀ ပြည့်နှစ်မှ ယခုအချိန်အထိ ဂျပန်နိုင်ငံ Kyushu ဒေသရှိ Kanda, Fukuoka တွင် ထုတ်လုပ်တပ် ဆင်ပါသည်။

Nissan X-Trail ၏ ဒုတိယမျိုးဆက်အား ၂၀၀၇ မတ်လတွင် ကျင်းပခဲ့သည့် Geneva Motor Show တွင် မိတ်ဆက်ပြသခဲ့ပြီး ဂျပန်စျေးကွက်၌ 2007 August တွင် လည်းကောင်း၊ ဥရောပ၊ သြစတြေးလျနှင့် မက္ကဆီကိုစျေးကွက်များ၌ 2017 နှစ်ကုန်ခန့်တွင် လည်းကောင်း စတင် ရောင်းချခဲ့ပါသည်။

ဒုတိယမျိုးဆက် X-Trail အား Nissan C.Platform အားအခြေခံကာ ဖန်တီးခဲ့ပါသည်။ ဒုတိယမျိုးဆက် X-Trail အား မြောက်အမေရိက စျေးကွက်၌ တင်ပို့ခြင်း မရှိဘဲ ၎င်းအစား ပုံစံတူ Rogue Model ဖြင့် အစားထိုးတင် ပို့ရောင်းချ ခဲ့ပါသည်။

2008 ခုနှစ်တွင် 2.0L Turbocharged Common Rail Diesel Engine စနစ်အား ဂျပန်စျေးကွက်ရှိ X-Trail တွင် ပထမဆုံး စတင်အသုံးပြုခဲ့ပါသည်။

ဒုတိယမျိုးဆက် X-Trail၏ အတွင်းအပြင် ပုံစံများပြောင်းလဲထားသည့် Facelift Model အား 2010 July တွင် ဂျပန်စျေးကွက်၌ စတင်ရောင်းချခဲ့ပါသည်။

ထို့အတူ Limited Edition ဖြစ်သည့် Nissan X-Trail Platinum အား UK Market ၌ 2012 တွင် သီးသန့် တင်ပို့ ရောင်းချခဲ့ပါသည်။

ထိုကားများတွင် အခြားသော X-Trail များ ထက် များစွာ သာလွန်သည့် ပါ၀င်မှုများအား ထည့်သွင်း ရောင်းချခဲ့ပြီး အစင်းရေ ၂၀၀ ခန့်သာ ရောင်းချခဲ့ပါသည်။

ဒုတိယမျိုးဆက် X-Trail ၏ ထူးခြားမှုတစ်ခုမှာ ၎င်းအား တရုတ် ပြည်စျေးကွက်၌ Dongfeng Nissan Passenger Vehicle Company DFL-PV မှ တစ်ဆင့်တင်ပို့ရောင်းချပြီး Dongfeng Fengdu MX6 အမည် ဖြင့် ရောင်းချပါသည်။

ထို့အပြင် ဒုတိယမျိုးဆက် Nissan X-Trail သည် ပြင်သစ်အခြေစိုက် Renault Koleos နည်းပညာနှင့် Plat Form တို့ တူညီမှုရှိပါသည်။

ဒုတိယမျိုးဆက် Nissan X-Trail တွင် အင်ဂျင်များအနေဖြင့် 2.0L MR 20DE I4 Engine / 2.0L SR20VET I4 Engine / 2.5L QR25DE I4 Engine ဟူ၍ ဓာတ်ဆီအင်ဂျင် ၃ မျိုး ထည့်သွင်းထားပါသည်။

ထို့အပြင် 2.0L QR25DE I4 Diesel Engine၊ ဒီဇယ်အင်ဂျင် အား တပ်ဆင်ထားပါသည်။

ဂီယာစနစ်များအနေဖြင့် Manual ၆ ချက်ထိုး ဂီယာနှင့် Auto CVT ၆ ချက်ထိုး ဂီယာတို့အား ထည့်သွင်းထားပါသည်။

သို့သော် ဒုတိယမျိုးဆက် X-Trail တွင် မာကျောခိုင်ခန့်သည့် ကိုယ်ထည်ဖွဲ့စည်းမှုနှင့် အထူးကောင်းမွန်သည့် အောက်ပိုင်းစနစ်များ ထည့်သွင်းထား၍ အခြေအနေမျိုးစုံတွင် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည်။

 ထို့အပြင် ပါ၀င်သည့် Features များသည် စုံလင်ပြီး ခေတ်မီနည်းပညာသုံး ပါ၀င်မှုများစွာလည်း ထည့်သွင်းထားပါသည်။

အထက်ပါအချက်များသည် ဒုတိယမျိုးဆက် X-Trail ၏ ထူးခြားမှုများ ဖြစ်ကြပါသည်။

 

Read 1522 times