ဒုတိယမျိုးဆက် Nissan X-Trail တွင် သတိပြုရမည့်အချက်များမှာ ၎င်းသည် အလတ်တန်းစားအဆင့် Crossover များအနက် အခြားသော စျေးကွက် ပြိုင်ဖက်များကဲ့သို့ ဒီဇိုင်းပိုင်းတွင် ထူးခြားမှုမရှိဘဲ လှပသော်လည်း ရိုးစင်းသည့်ပုံစံဖြင့် ဖန်တီးထား၍ လူကြိုက်နည်းခဲ့ပြီး တတိယထိုင်ခုံတန်းပါရှိသော်လည်း များစွာ ကျဉ်းမြောင်း၍ အရွယ်ရောက်ပြီး ခရီးသည်များနှင့် အဆင်ပြေမှုမရှိကြောင်း သိရပါသည်။
2012 Nissan X-Trail ၏ Bluetooth စနစ်တွင် သိမ်းဆည်းထားသည့် ဖုန်းနံပါတ်နှင့် အခြားအဆက်အသွယ်များပျက်သွားပါက Resync Bluetooth ပြုလုပ်သင့်ပါသည်။
ထို Resync Bluetooth ကို ကား Audio သမားများ ကျွမ်းကျင်ပါသည်။
2010 Nissan X-Trail AWD တွင် ဟွန်းတီး၍ မရသည့်အပြင် Steering Wheel တွင် ရှိသည့် Volume/Channel ခလုတ်သည်လည် အသုံးပြု၍ မရခြင်းမှာ Steering Wheel အတွင်းရှိ လေအိတ်၏ နောက်တွင် တပ်ဆင်ထားသည့် ဝါယာများသည် အထက်ပါ ဟွန်းအား ထိန်းချုပ်ရန်ဖြစ်ပြီး ၎င်းတို့ချိုယွင်း၍ဖြစ်ပါသည်။ ထို့ကြောင့် ပြုပြင်ရန်လိုအပ်ပါသည်။
2012 X-Trail ရှိ Steering Wheel သည် အသုံးပြုရအလွန်ကျပ်ပြီး ၎င်းရှိ လေအိတ်မီးလင်းနေခြင်းမှာ Power Steering ရှိ ပါဝါဆီပျစ်ခဲသွားခြင်းကြောင့် ဘယ်ညာလှည့်ရာတွင် ကျပ်နေခြင်းဖြစ်ပါသည်။
ထိုသို့ဖြစ်နေပါက Owner Manual တွင် Yup-23 အမျိုးအစားဆီအားညွှန်ဆိုထားသော ပါဝါဆီလဲလှယ်ပြီး လေအိတ်မီးအား Restart ပြုလုပ်ရပါမည်။
2010 Nissan X-Trail Diesel ကိုမောင်နှင်နေစဉ်တွင် တုန်ခနဲရပ်ခြင်းမျိုးဖြစ်ရခြင်းမှာ Suspension နှင့် တိုင်းရော့ (Tie Rod) များမကောင်းခြင်းဖြစ်ပြီး ထို့သို့ဖြစ်ပေါ်လာပါက အင်ဂျင် Tune-Up ပြုလုပ်ရန်လိုအပ်ပြီး Suspension နှင့် တိုင်းရော့ (Tie Rod) များကို လဲလှယ်သင့်ပါသည်။
2012 X-Trail သည် တောင်တက်အသုံးပြုရာ၌ တစ်ခါတစ်ရံ ပါဝါလျှော့သွားတက်ပြီး အလွန်ရုန်းရလေ့ရှိပါသည်။
ထို့သို့ဖြစ်နိုင်ခြေအရှိဆုံးမှာ CVT Gear စနစ်ချို့ယွင်း၍ ၎င်းနှင့်ဆက်စပ်သည့် တောင်တက်အသုံးပြုစနစ်များ ချို့ယွင်းခြင်း ဖြစ်သည့်အပြင် သတ်မှတ်ထားသည့် ဆီအရည်အသွေးနှင့် အသုံးပြုသည့် ဆီမတူ၍ ညံ့နေ၍လည်းဖြစ်တက်ပါသည်။
2012 X-Trail ၏ ရှေ့မီးလုံးအုံအတွင်းရှိ ကြောင်မျက်လုံးမီး HID မှလွဲ၍ အခြားမီးများသည် အလွန်မှိန်နေသည့်အခါ မီးလုံးအား အတွင်းထဲအထိ ဖြုတ်ဆေးသည့် အလုပ်ရုံများရှိပါသည်။
ကနဦးအနေဖြင့် ဆေးကြည့်ပြီး လိုအပ်မှ လဲလှယ်သင့်ပါသည်။
2010 X-Trail အား အရှိန်မြှင့်ပြီးမောင်းနှင်ပါက အရှေ့ဘက်တာယာများမှ အသံများ မြည်နေတက်ပြီး ကွေ့ပါက ပိုမိုသိသာတက်ပါသည်။
ထိုသို့ဖြစ်နေရခြင်းမှာ တာယာနှင့် ဘရိတ်များအကြားတွင် တစ်ခုခုညပ်နေ၍ ဖြစ်နေတက်သောကြောင့် ကားကို Lift ဖြင့် မြှောက်၍ စစ်ဆေးကြည့်သင့်ပါသည်။
2012 X-Trail ၏ တတိယခုံတန်းအားဖြတ်ထားလိုပါက တတိယထိုင်ခုံ၏ အောက်ဘက်တွင် ချိတ်များရှိသည့်အပြင် ထိုင်ခုံနောက်ကျောတွင် ဖြုတ်တပ်ရန် အညွှန်းများရှိပြီး အညွှန်းပုံများအတိုင်း အဆင့်ဆင့်ဖြုတ်၊ တပ်ကြည့်ပါက လွယ်ကူပါသည်။
2010 X-Trail အား နောက်တွဲပစ္စည်းများတင်ခြင်းနှင့် တောင်တက်ခြင်းများကဲ့သို့ပါဝင်အသုံးများသည့်အခါတွင် စက်သေသွားလေ့ရှိပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ Fuel Filter ဆီစစ်မှ ပလပ်များ ပြဿနာရှိ၍ဖြစ်နိုင်ပြီး ဆီပိုက် Fuel Pump တွင် တစ်ခုခုပိတ်ဆို့နေနိုင်သည့်အတွက် ဝပ်ရှော့တွင် ပြသကြည့်ရမည်ဖြစ်ပါသည်။
2011 X-Trail ရှိတံခါးများသည် တစ်ခါတစ်ရံ Lock မကျသည့်အပြင် သော့ဖြင့် Lock လုပ်ပါကလည်း အဆင်မပြေဖြစ်တက်ပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ တံခါးလက်ကိုင်များရှိ Lock အာရုံခံကိရိယာများ ချွတ်ယွင်း၍လည်းကောင်း၊ သော့ဘက်ထရီအားနည်း၍ လည်းကောင်း၊ Center Lock စနစ်ရှိ ဝါယာ ချို့ယွင်း၍လည်းကောင်း ဖြစ်နိုင်သောကြောင့် အရေးကြီးပြုပြင်စေလိုပါသည်။
2010 X-Trail တွင် ဂီယာ အသုံးပြုရာ၌ (P) သို့အသွားတွင် များစွာကျပ်နေခြင်းအပြင် နောက်ရွှေ့ရာတွင်လည်း အခက်အခဲများစွားရှိတက်ခြင်းမှာ ဂီယာအုံအပေါ်သို့ အရည်များမှောက်ခဲ့ပါကလည်းကောင်း မီနီယံများချို့ယွင်း၍လည်းကောင်း ဖြစ်တက်ပါသည်။
ထိုသို့ဖြစ်ပါက ဂီယာအုံအား ဖြုတ်၍ သန့်ရှင်းလုပ်ကြည့်ပြီး အသေးစားပြုပြင်မှုအနေဖြင့် ဝပ်ရှော့သို့ သွားရောက်ပြသပေးသင့်ပါသည်။