Nissan X-Trail တွင်ဖြစ်တတ်သည့် ပြဿနာများ


ယင်းကားအမျိုးအစားကိုပြည်တွင်းတွင် ဘရန်းနယူးကားများအနေဖြင့် သုံးစွဲသူများပါသည်။

2016 မော်ဒယ်လ် Nissan X-Trail တွင် အများဆုံးဖြစ်သည့် ပြသနာမှာ အင်ဂျင်ပြသနာဖြစ်ပါသည်။

မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

အင်ဂျင်အပူရှိန်မြင့်တက်လာခြင်းဖြစ်ပြီး ဂက်စ်ကတ်(gasket) ချို့ယွင်းသည့်အတွက် အဖြစ်များပါသည်။

အင်ဂျင်အလွတ်လည်ပတ်သည့်အခါ ကြမ်းတမ်းခြင်း၊ အင်ဂျင်တုန်ခါခြင်းများ ဖြစ်တတ်ပါသည်။

၂၀၁၆ မော်ဒယ် Nissan X-Trail ကို မိုင်တစ်သိန်းခွဲကျော် မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

တာဘိုအင်ဂျင်တွင်ရှိသည့် အင်တာကူလာ(Intercooler) မှဆီယိုစိမ့်ခြင်း အဖြစ်များပါသည်။

၂၀၁၆ မော်ဒယ်လ် Nissan X-Trail ကို မိုင် ၆၅၀၀၀ ကျော်မောင်းနှင်ပြီးသည့် ကားများတွင် အဖြစ်များပါသည်။

လော့ခ်ကျသွားပြီး ချက်ချင်းပြန်ဖွင့်လို့မရသည့်ပြသနာဖြစ်ပါသည်။

ယာဉ်မောင်းသူတံခါးကလော့ခ်ကျသွားပါက ကာစတန်မာဘက်က တံခါးမှထွက်ရတာများပါသည်။

၂၀၁၆ မော်ဒယ်လ် Nissan X-Trail ကို မိုင် ၂၀၀၀၀ လောက်မောင်းနှင်ပြီးသည့်အခါ fuel pump များလဲလှယ်ရတာများပါသည်။

၂၀၁၆ မော်ဒယ်လ် Nissan X-Trail ကို မိုင် တစ်သိန်းနီးပါး မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

အဝေးပြေးလမ်းတွင် မောင်းနှင်သည့်အခါ အင်ဂျင်၏လည်ပတ်သည့် rpm ကျဆင်းပါသည်။

ပြဿနာမှာ radiator ရေဒီယေတာချို့ယွင်းသည့်အတွက် ယိုစိမ့်ပါသည်။

ပျက်စီးသည့်အစိတ်အပိုင်းများကို အသစ်လဲလှယ်ပြုပြင်ရမည် ဖြစ်ပါသည်။

၂၀၁၆ မော်ဒယ်လ် Nissan X-Trail ကိုမိုင် ၆၀၀၀၀ နီးပါး မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

ယာဉ်၏ နောက်ဘီးများက အသံမြည်လာခြင်းမျိုးဖြစ်သည်။

တာယာများကို စစ်ဆေးပြီး အရည်အသွေးမပြည့်မီတော့သည့် ကားတာယာများကို လဲလှယ်ရမည် ဖြစ်ပါသည်။

၂၀၁၆ မော်ဒယ်လ် Nissan X-Trail ကို မိုင် ၆၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

မိုးများသည့်အချိန်မှာ ၀ုိက်ပါကောင်းမွန်နေပါမှ လုံခြုံစိတ်ချနိုင်မည် ဖြစ်ပါသည်။

မိုးရွာသည့်အခါ ရှေ့လေကာမှန်ပေါ်တွင်ရှိသည့် ၀ုိက်ပါက အလုပ်မလုပ်ပါက ဆက်လက်မောင်းနှင်လို့မရနိုင်ပါ။

ထို၀ုိက်ပါက လှုပ်ရှားစေသည့် မော်တာချို့ယွင်းသောကြောင့် အလုပ်မလုပ်တာများပါသည်။

အသစ်လဲလှယ်ရပါမည်။

Nissan X-Trail အနေဖြင့် ကြီးမားသည့် ပြသနာများမရှိသည့်အတွက် ကားကောင်းတစ်စီးအဖြစ် သတ်မှတ်နိုင်ပြီး လမ်းကြမ်းခရီးများတွင်လည်း မောင်းနှင်ရန် အဆင်ပြေသည့် ကားတစ်စီး ဖြစ်ပါသည်။

Source:Kumudra journal

 

Read 1025 times