မြန်မာပြည်ရောက် Brand New ကားသစ် Nissan X-Trail 2016


ယင်းကားရုပ်ထွက်မှာတော့ Nissan ကားအများစုတွင်တွေ့ရသည့်ပုံစံအတိုင်းခရိုမီယမ် V Motion Grille ဒီဇိုင်းကိုအသုံးပြုထားပြီး အလယ်တွင် Nissan Logo တပ်ဆင်ထားပါသည်။

ကိုယ်ထည်ကို Aerodynamic ဖြစ်စေရန်လေခွင်းလိုင်းလေးများထည့်သွင်းတည်ဆောက်ထားသောကြောင့် လေထုနှင့်မော်တော်ယာဉ်ပွတ်တိုက်မှုကိုလျှော့ချပေးပြီး ဆီစားနှုန်းကိုပါသက်သာစေမည်ဖြစ်ပါသည်။

ရှေ့မျက်နှာစာတစ်ဖက်တစ်ချက်မှာတပ်ဆင်ထားသည့်ရှေ့မီးကြီးများမှာ LED With Leveliser မီးများဖြစ်သောကြောင့် အလိုအလျောက်ချိန်ညှိနိုင်ပါသည်။

ထို့ပြင်ယာဉ်ကိုမြင်သာစေရန် Daytime Running Light မီးများကိုပါထည့်သွင်းတပ်ဆင်ထားပြီး အောက်နားတွင်နှင်းခွဲမီးတစ်စုံကိုလည်းတပ်ဆင်ပေးထားပါသည်။

အတွင်းခန်းမှာခုနှစ်ယောက်စီးဖြစ်သောကြောင့်ထိုင်ခုံသုံးတန်းပါဝင်ပြီး Leather ထိုင်ခုံများတပ်ဆင်အသုံးပြုထားပါသည်။

စတီယာရင်နှင့်ဂီယာတံများကို Leather ဖုံးအုပ်ပေးထားပြီးစတီယာရင်မှာ Audio Control,Cruise Control စနစ်နှင့် Phone Answer စနစ်များအသုံးပြုနိုင်ပါသည်။

Push-start နှင့် Keyless Entry စနစ်ဖြစ်သောကြောင့်ကားကိုအလွယ်တကူစက်နှိုးအသုံးပြုနိုင်ပါသည်။

ထိုင်ခုံများကပုံစံခြောက်မျိုးပြောင်းလဲနိုင်ပြီး ကျောရိုးထိခိုက်မှုကိုအကာအကွယ်ပေးထားသည့် ဆွဲငင်အားမဲ့ ထိုင်ခုံဖြစ်သောကြောင့် ခရီးဝေးသွားပါကခရီးပန်းများကိုလျော့နည်းစေပါသည်။

အတွင်းခန်းအအေးပေးစနစ်က Full Auto with Dual Zone Climate Control ဖြစ်သောကြောင့်လိုက်ပါစီးနင်း သူများအနေဖြင့်နှစ်သက်ရာအပူချိန်ကိုထားရှိပြီး သက်သောင့်သက်သာလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပါသည်။

ဖျော်ဖြေရေးစနစ်များအနေနှင့် AM/FM/CD/MP3/USB/Aux(iPod) တို့နှင့်ချိတ်ဆက်အသုံးပြုနိုင်ပြီး စပီကာခြောက်လုံးတပ်ဆင်ပေးထားပါသည်။

X-Trail မှာ 2.5L QR25DE ဓာတ်ဆီအင်ဂျင်တပ်ဆင်အသုံးပြုထားပြီး မြင်းကောင်ရေ ၁၇၁ ကောင်အားထုတ်လုပ်ပေးနိုင်ပါသည်။

All Mode 4x4-I မောင်းနှင်မှုစနစ်ဖြစ်သောကြောင့် Mode သုံးမျိုးပြောင်းလဲမောင်းနှင်နိုင်ပါသည်။

ပုံမှန်လမ်းအခြေအနေမှာ 2WD Modeနှင့်မောင်းနှင်နိုင်ပြီး Auto Mode မှာလမ်းအခြေအနေအမျိုးမျိုးတွင် အလိုအလျောက် Mode များပြောင်းလဲပြီး မောင်းနှင်နိုင်ပါသည်။

လမ်းကြမ်းများတွင် Lock Mode များကိုရွေးချယ်ပြီး 4WD အနေဖြင့်မောင်းနှင်နိုင်ပါသည်။

ဂီယာကို X-Tronic CVT Transmission အသုံးပြုထားပါသည်။

X-Trail တွင်အဆင့်မြင့်လုံခြုံရေးစနစ်များအနေဖြင့် ABS,EBD, BA, Vehicle Dynamic Control(VDC), Limitted Slip Differential(LSD), Hill Start Assist ,Hill Decent Control, Immobiliser, Anti-thief Alarm များတပ်ဆင်ထားပါသည်။

ထို့ပြင်စီးနင်းသူများအန္တရာယ်ကင်းစေရန်ပတ်လည်အသက်ကယ်လေအိတ်များကိုပါ တပ်ဆင်ပေးထားပါသည်။

၂၀၁၆ မိုဒယ် Nissan X-Trail ၏ဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၆၆၀၀၀ ဝန်းကျင်ရှိပြီး ဝန်ဆောင်မှုများအနေဖြင့်သုံးနှစ် သို့မဟုတ် ကီလိုမီတာတစ်သိန်းအာမခံပေးထားပါသည်။

Read 2510 times