Nissan က X-in-1 နည်းလမ်း ထုတ်ပြန်ကြေညာ


Nissan က X-in-1 နည်းလမ်း ထုတ်ပြန်ကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Nissan သည် ဖွံ့ဖြိုး‌ေရးလုပ်ငန်းစဉ်နှင့် ထုတ်လုပ်မှုတို့အတွက် ကုန်ကျစရိတ်များကို လျှော့ချပေးမည့် လျှပ်စစ်သုံး ရွေ့လျားစေရေးအပိုင်းအတွက် လုပ်နည်းကိုင်ဟန်အသစ်တစ်မျိုးကို ထုတ်ပြန်ကြေညာခဲ့သည်။

လုပ်နည်းကိုင်ဟန် နည်းလမ်းသစ်ကို X-in-1 ဟု အမည်ပေးထားသည်။

 အီးဗီနှင့် အီးပါဝါ

 

 အီးဗီနှင့် အီးပါဝါ e-POWER ရွေ့လျားစေရေးအပိုင်း ပါဝါထရိန်း powertrain အစိတ်အပိုင်းများကို ကားမော်ဒယ် တစ်မျိုးချင်းစီအတွက် ဒီဇိုင်းထုတ်ခြင်းအစား ဘုံအဖြစ် မော်ဒယ်အားလုံးမှာ သုံးစွဲနိုင်အောင် ဒီဇိုင်းထုတ်ထားပါသည်။ X သည် ပါဝင်သည့် အဓိကအစိတ်အပိုင်း အရေအတွက်ကို ရည်ညွှန်းပါသည်။
 
 ဘုံသုံးအဖြစ် ဒီဇိုင်းထုတ်ပြီး သုံးစွဲစေခြင်းကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်နှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်တို့အတွက် ကုန်ကျစရိတ်သည် ၂၀၂၆ ခုနှစ်တွင် ၂၀၁၉ ခုနှစ်တုန်းက ကုန်ကျစရိတ်ထက် ၃၀% သက်သာသွားမည်ဟု ဆိုပါသည်။

 



 .
Nissan က 3-in-1 ပါဝါထရိန်း ရှေ့ပြေးပုံစံကို ဖွံ့ဖြိုး ထုတ်လုပ်ထားပါသည်။ အဓိက အပိုင်း ၃ ပိုင်းအဖြစ် motor, inverter နှင့် reducer တို့ကို အီးဗီမော်ဒယ်တိုင်းမှာ သုံးနိုင်အောင် ဒီဇိုင်း ထုတ်‌ပေးထားပါသည်။ 

e-POWER မော်တော်ယာဉ်များအတွက် 5-in-1 ပါဝါထရိန်း ရှေ့ပြေးပုံစံကို ဖွံ့ဖြိုး ထုတ်လုပ်ထားပါသည်။ အဓိက အပိုင်း ၅ ပိုင်းအဖြစ် motor, inverter, reducer, increaser (multiplier),  generator တို့ကို e-POWER ကားမော်ဒယ်တိုင်းမှာ သုံးနိုင်အောင် ဒီဇိုင်းထုတ်ပေးထားပါသည်။

3-in-1 နှင့် 5-in-1 တို့ကို ခြုံငုံပြီး X-in-1 နည်းလမ်းဖြင့် ဘုံသုံးစွဲနိုင်အောင် စီမံဆောင်ရွက်ပေးထားမည် ဖြစ်သည်။ ဖွံဖြိုးရေးကို တစ်နေရာတည်းမှာ မော်ဒယ်အားလုံးအတွက် လုပ်ကိုင်မည်။ ထုတ်လုပ်ရေးလိုင်း တစ်မျိုးတည်းဖြင့် ထုတ်လုပ်နိုင်စေမည် ဖြစ်သည်။

 

၂၀၁၀ ခုနှစ်တွင် Nissan အီးဗီကို အ‌မြောက်အမြား ပထမဆုံး ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်လာခဲ့သည်။ LEAF EV ကို ထုတ်လုပ်ခဲ့သည်။

၂၀၁၆ တွင် e-POWER ဟိုက်ဘရစ် ပါဝါထရိန်းကို စတင်ခဲ့ပြီး လျှပ်စစ်မော်တာ မောင်းနှင်အားကို ၁၀၀% ရာနှုန်းပြည့် သုံးစွဲထားသည်။

Nissan Ambition 2030 အစီအစဉ်အရ ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး လျှပ်စစ်သုံးမော်ဒယ် ၂၇ မျိုးအထိ ထုတ်လုပ်မည်ဖြစ်ပြီး အီးဗီမော်ဒယ် ၁၉ ခု ပါဝင်ပါသည်။

Source Nissan
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 305 times