Nissan Wingroad သည်အင်ဂျင်ပါဝါ ၁၅၀ဝ စီစီရှိပြီးဈေးနှုန်းကျပ်သိန်း ၂၀ဝ ကျော်ဝန်းကျင် ဝယ်ယူနိုင်သောကြောင့်လူသုံးများပါသည်။
ယင်းကားအမျိုးအစားတွင်ဖြစ်တတ်သည့်ပြဿနာအချို့ကိုအောက်တွင်ဖော်ပြပေးထားပါသည်။
ဒီဗီဒီကုတ်နံပါတ်လိုအပ်ခြင်း
၂၀၁၀ မော်ဒယ် Nissan Wingroad ၏DVD Screen က code number တောင်းဆိုသည့်ပြဿနာ ဖြစ်ပါသည်။
ကားဘက်ထရီကရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားပြီး ပြန်ဆက်သွယ်သည့်အခါ ဒီဗီဒီမှာဖွင့်မရဘဲ code number တောင်းဆိုနေခြင်းဖြစ်ပါသည်။
ယင်းဒီဗီဒီ၏ကုတ်နံပါတ်မသိသည့်အတွက်ဖွင့်လို့မရခြင်းဖြစ်ပါသည်။
အများအားဖြင့်တီဗီစခရင်ကိုဖွင့်ရန်ကုတ်နံပါတ်မသိသည့်အတွက်တီဗီနှင့်ချိတ်ဆက်ဖွင့်ရသည့်ဖျော်ဖြေရေး အစီအစဉ်များအားလုံးဖွင့်မရပဲဖြစ်နေတတ်ပါသည်။
ပစ္စည်းအသစ်နှင့်လဲလှယ်တပ်ဆင်ကြတာများပါသည်။
အောက်ဆီဂျင်ဆင်ဆာချို့ယွင်းခြင်း
၂၀ဝ၁ မော်ဒယ် Nissan Wingroad ကို မောင်းနှင်နေရင်းကရပ်တန့်သွားတတ်ပါသည်။
ဘယ်လောက်ကြာမောင်းနှင်ပါကရပ်မည်ကိုခန့်မှန်းနိုင်သော်လည်းစတင်မောင်းနှင်ပြီး တစ်နာရီအတွင်းမှာ စက်ရပ်သွားတာမျိုးဖြစ်တတ်ပါသည်။
ဘရိတ်စနစ်၊ အင်ဂျင်ပလပ်၊ လေစစ်၊ ဆီ စစ်၊ သာမိုစတတ်အားလုံးကောင်းမွန်နေသောကြောင့် အောက်ဆီဂျင်ဆင်ဆာ (oxygen sensor) ကချို့ယွင်းခြင်းဖြစ်ပါသည်။
ဟွန်းတီးမရခြင်း
၂၀ဝ၅ မော်ဒယ် Nissan Wingroad တွင်ဖြစ်တတ်ပါသည်။
ကားကိုလမ်းအဖြောင့်အတိုင်းမောင်းနှင်နေချိန်များတွင်ဟွန်းခလုတ်ကိုနှိပ်ပါကဟွန်းကအလုပ်မလုပ်ခြင်းဖြစ်ပါသည်။
သို့သော်ဘယ်ကွေ့၊ ညာကွေ့လမ်းများတွင်ဟွန်းကပုံမှန်အလုပ်လုပ်ပါသည်။
အဲဒါက clock spring ကိုစစ်ဆေးရန်လိုအပ်သကဲ့သို့စတီယာရင်စနစ်နှင့်ဟွန်းကိုပါဝါပေးသည့်စနစ်များ ပြန်လည်စစ်ဆေးရမည်ဖြစ်ပါသည်။
ကုန်းတက်တွင်ရုန်းကန်ရခြင်း
၂၀ဝ၅ မော်ဒယ်ကိုတစ်နာရီ ၄၀ ကီလိုမီတာနှုန်းနှင့်မောင်းနှင်ခြင်း၊ တောင်ကုန်းအတက်များ၊ စလိုးဒေါင်း (slows down) များကိုမနည်းရုန်းကန်နေရသည့်ပြဿနာဖြစ်ပါသည်။
တက္ကနစ်ရှင်အချို့ကတော့ ဂီယာဘောက်စ်အသစ်လဲလှယ်ဖို့အကြံ ပြုကြပါသည်။
ဂီယာဘောက်စ်မလဲခင်ပထမဆုံးစစ်ဆေးသင့်တာ air flow sensor ၊ အိတ်ဇောမန်နီဖိုး (exhaust mani-fold)နှင့် လောင်စာဆီပန့်ပ် (fuel pump) များဖြစ်ပါသည်။
အင်ဂျင်ပါဝါကျဆင်းလာခြင်း
၂၀ဝ၄ နှင့်၂၀ဝ၈ မော်ဒယ် Nissan Wingroad ကားများတွင်ကီလိုမီတာ ၂၀ဝ အထက်မောင်းနှင်ပြီးပါက အင်ဂျင်ဆွဲအားကျဆင်းတတ်ပါသည်။
အထူးသဖြင့် တောင်တက်ခရီးများတွင်အင်ဂျင်ပါဝါကျဆင်းပြီး အဆွဲအရုန်းကျဆင်းပါသည်။ မြေပြန့်တွေမှာတော့ ပုံမှန်အဆွဲအရုန်း ကောင်းမွန်နေပါသည်။
ကိုယ်ထည်တုန်ခါလာခြင်း
၂၀ဝ၅ မော်ဒယ် Wingroad ကို တစ်နာရီ ကီလိုမီတာ ၃၀ ကနေ ကီလိုမီတာ ၄၀ ဝန်းကျင် မောင်းနှင် ရုံမျှနဲ့ ကိုယ်ထည်တွေက တုန်ခါနေတာပါ။ Shocks နဲ့ bushes တွေ လဲလှယ်ထားပြီး wheel balance နဲ့ alignment တွေလည်း ချိန်ထားပြီးဖြစ်ပါ တယ်။ sway bars နဲ့ engine mounts တွေရဲ့ အချိတ်အဆက် နေရာတွေ စစ်ဆေးရမှာဖြစ်တယ်။
အာရုံခံကိရိယာချို့ယွင်းတာ
၂၀ဝ၇ မော်ဒယ် Nissan Wingroad မှာစတင်စက်နှိုးပြီးတာနဲ့ကားကိုအရှိန်မြှင့်တင်လို့မရတဲ့ပြဿနာပါ။ စက်ကလည်ပတ်နေသော်လည်းရွေ့လျားလို့မရဘဲအင်ဂျင်ချက်မီး (engine check light) လင်းလာတာပါ။ အဲဒါဟာ acceleration sensor ချို့ယွင်းခြင်းဖြစ်ပါသည်။