Nissan ကားကုမ္ပဏီသည် Tiida ကို တံခါး ငါးပေါက် Hatchback နှင့် တံခါးလေးပေါက် Sedan ကားဆိုပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
Nissan Tiida ကို ၂ဝဝ၄ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ မိုဒယ်အထိကို ပထမမျိုးဆက်နှင့် နောက်ပိုင်းကို ဒုတိယမျိုးဆက် အဖြစ် ထုတ်လုပ်ခဲ့ပါသည်။
Tiida ကို မြောက်အမေရိကဈေးကွက်တွင် Nissan Versa ၊ တောင်အမေရိက ဈေးကွက်တွင် Dodge Trazo နှင့် အရှေ့တောင်အာရှဈေးကွက်တွင် Nissan Latio ဆိုပြီး ရောင်းချမှုများ ပြုလုပ်ခဲ့ပါသည်။
Tiida ကို Nissan Sunny(B15) နေရာ အစားထိုးရန်အတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Nissan March ထက်ကြီးကာ Nissan Note နှင့်အရွယ်အစားတူပါသည်။
Toyota Belta နှင့် Toyota Vitz တို့ကဲ့သို့ Nissan Tiida Latio နှင့် Nissan Tiida ကလည်း ရှေ့ရုပ်ချင်းဆင်ပါသည်။
Tiida က Hatchback ကားဖြစ်သွားသည့်အတွက် နောက်ဖုံးဖွင့်တံခါး ငါးချပ် ဖြစ်သွားပါသည်။
2010 Late မှာ 15S ၊ 15M ၊ 15S Four ၊ 15M Four ၊ 15G နှင့် Leather Version စသော ဂရိတ်များရှိပါသည်။
G ဂရိတ်နှင့် Leather Version ဂရိတ်များက Aircon Auto ဖြစ်သကဲ့သို့ အလွိုင်းဆိုက်က ၁၅ လက်မဖြစ်သွားပါသည်။
Leather Version တွင် ဂရိတ်ခြောက်မျိုးခန့်ရှိပြီး အားလုံးကဂရိတ်အမြင့် ဖြစ်သည့်အတွက် Leather ထိုင်ခုံတွေဖြစ်သွားပါသည်။
ဂရိတ်အားလုံးတွင် Eco Mode ၊ Central Control စသော စနစ်များ ပါရှိပါသည်။
Nissan Tiida 2011 Late ၊ 2011 ၏ ဈေး က S နှင့် M ဂရိတ်များတွင် ကျပ်သိန်း ၁၄ဝ ဝန်းကျင်၊ T ဂရိတ်တွင် ကျပ် ၁၄၅ သိန်းဝန်းကျင်ရှိပြီး Leather ဂရိတ်များတွင် ကျပ်သိန်း ၁၅ဝ အပေါ်မှာ ရှိပါသည်။