Edaran Tan Chong Motor Myanmarမှ Nissan Terra SUV ကားအမျိုးအစားသစ် စတင်မိတ်ဆက် ရောင်းချ


Edaran Tan Chong Motor Myanmarမှ ခုနစ်ယောက်စီး Nissan Terra SUV ကားအမျိုးအစားသစ်ကို ပြည်တွင်းဈေးကွက်၌ စတင်မိတ်ဆက် ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

Nissan ၏ အထင်ကရ မိုဒယ်များဖြစ်သည့် Nissan Patrol ၊ Nissan Safari ၊ Nissan Terrano နှင့် Nissan Xterra တို့ အပါအဝင် Nissan ၏ နှစ်ပေါင်းခြောက်ဆယ် SUV အတွေ့အကြုံအပေါ် အခြေခံ၍ ကားအမျိုးအစားအသစ် Nissan Terra ကို တည်ဆောက်ထားခြင်းဖြစ်ပြီး ကားအပြင်ပိုင်းတွင် Daytime Running Light ၊ Auto Headlamps ၊ Front Fog Lamp ၊ Side Steps ၊ Roof Rails နှင့် Mud Guards တို့ တပ်ဆင်ထားပါတယ်။

Nissan Terra တွင် 2.5L DOHC ၊ VGS ၊ Inline 4-Cylinder ဒီဇယ်အင်ဂျင်၊ 7- Speed Automatic with Manual Mode တို့ တပ်ဆင်ထားပါတယ်။ Push-Button ဖြစ်ပြီး Intelligent Key(I-Key) နှင့် မောင်းနှင်သူ အထောက်အကူပြုဖန်သားပြင် ADAD လည်း ပါဝင်လာပါတယ်။ ငါးရောင်ခြယ် ဖန်သားပြင်သည် Off-Road Meter ၊ Tachometer ၊ အပူချိန်၊ ဆီအမှတ်တို့ကို ပြသပေးမှာ ဖြစ်ပါတယ်။ စတီယာရင်တွင် Audio System Control အသံ အတိုးအချဲ့အပြင် Bluetooth ဖြင့် ချိတ်ဆက်၍ Hands-Free ဖုန်း ခေါ်ဆိုမှုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Audio System အတွက် ကိုးလက်မ ဖန်သားပြင်၌ AM ၊ FM ၊ MP3 ၊ USB တို့ အသုံးပြု နိုင်ပြီး Speaker ခြောက်လုံး တပ် ဆင်ထားပါတယ်။ အတွင်းခန်းထိုင်ခုံများကို Leather ဖြင့် ပြုလုပ်ထားပြီး နိမ့်ရာမှ မြင့်သွားသည့် Theatre-style ဖွဲ့စည်းထားပါတယ်။ လုံခြုံရေးအတွက် လေအိတ်ခြောက်လုံး ပါဝင်ပြီး နောက်ကြည့်ကင်မရာ ၊ ကားပါကင်ထိုး အာရုံခံကိရိယာ၊ လမ်းချော်မှု သတိပေးစနစ်၊ ယာဉ်ခိုးယူမှု သတိပေးစနစ်တို့ ပါဝင်ကာ Hill Start Assist (ကုန်းတက်အကူအညီ) နှင့် Hill Descent Control (ကုန်းဆင်းအကူအညီ)၊ Anti-Lock Braking System(ABS) ၊ Electric Brakeforce Distribution (EBD) ၊ Brake Asist(BA) ၊ Vehicle Dynamic Control (VDC) ၊ Child Safety Lock နှင့် ကားလုံခြုံရေးအတွက် လော့ခ်ချနိုင်တဲ့စနစ်၊ ကားတိုက်မိချိန်တွင် ဖြစ် ပေါ်လာသည့် သက်ရောက်မှုများ ကို ဒဏ်ခံကာကွယ်ပေးတဲ့ Zone Body Construction စသည် တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ကားအမျိုးအစားသစ် Nissan Terra ကို အရောင်ရှစ်မျိုး ရရှိနိုင်မည်ဖြစ်သလို 2WD နှင့် 4WD ဟူ၍ ဂရိတ်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Nissan Terra 2WD ကို အမေရိကန်ဒေါ်လာ ၅၉,၀၀၀ နှင့် Nissan Terra 4WD ကို အမေရိကန်ဒေါ်လာ ၆၂,၈၀၀ ဖြင့် ဝယ်ယူနိုင်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း အာမခံပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Read 628 times