Nissan Sunny


Nissan Sunny ရဲ့ကိုယ်ထည်ကို ဆန်းသစ်သော ဒီဇိုင်းအပြင်အဆင်များနှင့် ပွဲထုတ်ထားပါသည်။

ရှေ့မျက်နှာနဲ့ တံခါးလက်ကိုင်များကို ခရိုမီယမ်များနှင့် ဖန်တီးထားပြီး အနက်ရောင်အနားကွပ်ရှေ့မီးကြီး ၊ နှင်းခွဲမီး၊ Day-time Running Light မီးတွေနဲ့ ရှေ့မျက်နှာစာဒီဇိုင်းနှင့် ပြည့်စုံခန့်ညားနေပါသည်။

ကိုယ်ထည်တွင်လည်း တိကျသေသပ်သော Craft Line တွေက Sunny ၏ရုပ်ထွက်ကို ဆင့်ကဲပြည့်စုံစေပါသည်။

Sunny ကို SL၊ SV နှင့် MT ဆိုသောဂရိတ်သုံးမျိုးထုတ်လုပ်ထားပြီး ကိုယ်ထည်အရောင်တွေမှာ ဂရိတ်အပေါ်မူတည်ပြီး ငွေရောင်၊ ကြေးနီအရောင်ရင့်၊ အနက်ရောင်၊ အဖြူရောင်အစရှိသောအရောင်လေးမျိုးရရှိနိုင်ပါသည်။

အတွင်းခန်းအပြင်အဆင်မှာ ထုတ်လုပ်ထားသောဂရိတ်အလိုက်ကွားခြားသွားမည်ဖြစ်သည်။

SL ဂရိတ်မှာအမြင့်ဆင့်ဖြစ်ပြီး TV၊ Smart Key၊ Push-Start၊ Steering Volume Control၊ Power Window၊ Parking Sensor တို့ပါဝင်မည်ဖြစ်သည်။

SV မှာအလယ်အလတ်ဂရိတ်ဖြစ်ပြီး CD Player၊ Ordinary Key၊ Power Window အစရှိသည်တို့ပါဝင်ပါသည်။

MT မှာအနိမ့်ဆုံးဂရိတ်ဖြစ်ပြီး Radio နှင့် Manual Window ပါဝင်မည်ဖြစ်သည်။

Nissan Sunny တွင် ဆီစားနှုန်းသက်သာသော 1.5 litre၊ CVTC ဓာတ်ဆီအင်ဂျင်ကို တပ်ဆင်အသုံးပြုထားပါသည်။

SL နှင့် SV ဂရိတ်တွင် 4-Speed Automatic ဂီယာကို တပ်ဆင်အသုံးပြုထားပြီး MT ဂရိတ်မှာ 5-Speed Manual ဂီယာကို တပ်ဆင်အသုံးပြုထားကြောင်းသိရသည်။

အင်ဂျင်အမြင့်ဆုံးစွမ်းဆောင်ရည်မှာ 6000RPM တွင် မြင်းကောင်ရေ ၉၉ ကောင်အားထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

လုံခြုံရေးစနစ်အနေဖြင့် ဘရိတ်ကို ရုတ်တရက်နင်းလိုက်ချိန်တွင် ဘီးလော့ခ် ကျမသွားစေရန် ဘီးတိုင်း၏ ဘရိတ်ဖိအားကို အီလက်ထရွန်းနစ်နည်းဖြင့် ထိန်းညှိပေးသော Anti-lock Braking System၊ မော်တော်ယာဉ်ထဲတွင် ခရီးသည်အပြည့်ရှိနေသည့်အခါမျိုးတွင် ယာဉ်အမြန်ဆုံးရပ်တန့်သွားစေရန် Electronic Brake-force Distribution ၊ ထပ်ဆောင်းဘရိတ်အင်အား ထုတ်ပေးပြီး ဘရိတ်၏ လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်စေရန် Brake Assit၊ အသက်ကယ်လေအိတ်နှစ်လုံး အစရှိသောပစ္စည်းများ တပ်ဆင်ပေးထားကြောင်းသိရသည်။

Nissan Sunny ၏ဈေးနှုန်းမှာ အမြင့်ဂရိတ်မှာ အမေရိကန်ဒေါ်လာ ၁၈,၉၈၈ ဝန်းကျင်ဖြစ်ပြီး အခွန်ပေးဆောင်ရမည်ဖြစ်သည်။

အလယ်အလတ်ဂရိတ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၆,၉၈၈ ဝန်းကျင်ဖြစ်ပြီး အနိမ့်ဆုံးဂရိတ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅,၉၈၈ ဝန်းကျင်ရှိမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် SKD စနစ်ဖြင့် ထုတ်လုပ်သည့်အတွက် ရန်ကုန်လိုင်စင်ရရှိမည်ဖြစ်ပြီး ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် (သို့မဟုတ်) ကီလိုတစ်သိန်းအာမခံပါရှိကြောင်းသိရသည်။

 

Read 5170 times