Nissan က မျိုးဆက်သစ် Sunny ကားမိုဒယ်ကို ကမ္ဘာတစ်ဝန်းတွင် ဧပြီ ၁၂ ရက်၌ မိတ်ဆက်ပြသမည်


Nissan သည်လာမည့် ဧပြီ ၁၂ ရက်တွင် မျိုးဆက်သစ် Sunny ကားမိုးဒယ်ကို ကမ္ဘာတစ်ဝန်း မိတ်ဆက်ပြသသွားမည်ဟု ဧပြီ ၁ ရက်တွင် Autocar India ကားဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။
နိုင်ငံအများအပြားတွင် Almera ၊ သို့မဟုတ် Versa အမည်ဖြင့် ဖြန်ချီမည့် ဆီဒန်ကားအမျိုးအစား Nissan Sunny ကို အရွယ်ကြီး Nissan Note hatchback ၊ Kicks SUV တို့တွင် အသုံးပြုသည့် V အောက်ခံပလက်ဖောင်းကို အခြေပြုတည်ဆောက်ထားပြီး ကြီးမားသော V-motion ရှဲလ်ပါဝင်သည့် ရှေ့ဘမ်ပါ ၊ ရှေ့မီးအုံဒီဇိုင်းသစ်တို့ဖြင့် တန်ဆာဆင်ထားကာ အမိုးမှာ Floating Roof ဒီဇိုင်းဖြစ်ပါတယ်။

ကားအတွင်းမှ အစိတ်အပိုင်း အများအပြားကို Nissan Micra ၊ Kicks တို့နှင့် တူညီစွာ အသုံးပြုထားသော Nissan Sunny တွင် Nissan Kicks နှင့် တူညီသည့် မြင်းကောင်ရေ ၁၁၄ ကောင်အား ဆလင်ဒါလေးလုံးထိုး 1.6L ဓာတ်ဆီအင်ဂျင် တပ်ဆင်အသုံးပြုဖွယ်ရှိပြီး လက်ရှိ Micra Hatchback ကားထက် ၆၈၀ မီလီမီတာ ပိုရှည်သဖြင့် နောက်ခန်းနှင့် နောက်ထိုင်ခုံတန်းတို့အား ကျယ်ဝန်းစွာ အသုံးပြုနိုင်ကြောင်းသိရပါတယ်။

Automobile Journal

Read 498 times