ကျပ်သိန်း ၂၅၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Nissan Sunny


Nissan Sunny ၏ ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းဖန်တီးမှုဟာ ကားချစ်သူများ အကြိုက်တွေ့စေမှာဖြစ်ပြီး Nissan Logo ကို အရှေ့ဘက်ရှဲလ်(Grille) အလယ်မှာ ထင်ရှားစွာတပ်ဆင်ထားပါတယ်။
ခေတ်မီ LED စနစ်ပါဝင်တဲ့ Halogen ရှေ့မီးကြီးများနဲ့ နှင်းခွဲမီးများ ပေါင်းစပ်ထားတဲ့ ကားရှေ့ဘက်ဒီဇိုင်းဟာ များစွာဝင့်ကြွားစေမှာဖြစ်ပြီး လိုက်ဖက်ညီစွာ ဖန်တီးထားတဲ့ ကားဘေးဘက်ကိုယ်ထည်ဟာလည်း Sedan ၏ ခံစားမှုကို ရရှိစေမှာဖြစ်ပါတယ်။ Remote Key(SV Grade) နဲ့ Intelligent Key(SL Grade) တို့ပါရှိမှာ ဖြစ်ပါတယ်။ ပုံစံသစ်ဖြစ်တဲ့ နောက်ဘက်မီးအုံနဲ့ အတူ Back-up Camera လည်း ပါရှိပါသေးတယ်။ ခရီးသည်ငါးယောက်စီး Sedan ပုံစံဖြစ်လို့ ကျယ်ဝန်းသပ်ရပ်တဲ့ အတွင်းခန်းအခင်းအကျင်းကို ခံစားစေရမှာပါ။ ခေတ်မှီနည်းပညာတွေဖြစ်တဲ့ Multi-Information Display ၊ Cloth Seats ၊ Automatic Aircon(SL Grade) ၊ Wide 2 IN AM ၊ FM ၊ CD ၊ MP3 ၊ USB ၊ AUX စတဲ့စနစ်တွေလဲ စုံလင်စွာ ပါရှိပါတယ်။

1.5 L 14 Engine ၊ DOHC 16-Valve with CVTC ဓာတ်ဆီအင်ဂျင်နှင့် 4-Speed Automatic Gearbox တို့ကို တွဲဖက်တပ်ဆင်ထားပါတယ်။ ဆီသိုလှောင်နိုင်မှုကတော့ ၄၁ လီတာဖြစ်ပါတယ်။ Auto Gear စနစ်ဖြစ်ပြီး အင်ဂျင်ပါဝါနည်းတဲ့အတွက် ဆီစားနှုန်းသက်သာစေမှာကတော့အမှန်ပါပဲ။ ခေတ်မီဆန်းသစ်တဲ့ နောက်ဆုံးပေါ် ဂျပန်နိုင်ငံထုတ် ကားတစ်စီး ဖြစ်တဲ့အတွက် အသုံးပြုရန်အထူးသင့်တော်ပါတယ်။ SKD စနစ်နဲ့ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်တဲ့ကားဖြစ်တာကြောင့် အပိုပစ္စည်းအစိတ်အပိုင်းများကို လွယ်ကူစွာရရှိနိုင်ပါတယ်။ ဒါ့အပြင် ရန်ကုန်လိုင်စင်လည်းရရှိမှာပါ။ SL Grade နဲ့ SV Grade ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထားကာ SL Grade ကိုတော့ ကျပ် ၂၅၆ သိန်းဝန်းကျင်ဖြင့်လည်းကောင်း ၊ SV Grade ကိုတော့ ကျပ် ၂၂၈ သိန်းဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Credit;Automobile Journal

 

 

Read 861 times