ယူကေတွင် အီးဗီနှင့် ဘက်ထရီအတွက် ဒေါ်လာ ၂.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်


ယူကေတွင် အီးဗီနှင့် ဘက်ထရီအတွက် ဒေါ်လာ ၂.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ယူကေတွင် Nissan Leaf ထုတ်လုပ်သည့် Sunderland ကားစက်ရုံကို အဆင့်မြှင့်တင်ပေးပြီး အီးဗီမော်ဒယ် အသစ် သုံးမျိုးကို ထုတ်လုပ်မည် ဖြစ်သည်။ 


Nissan Motor သည် ၎င်း၏ဗြိတိသျှ အီးဗီ လုပ်ငန်းကဏ္ဍတွင် ပေါင် ၂ ဘီလီယံ (ကန်ဒေါ်လာ ၂.၅ ဘီလီယံ) အထိ ရင်းနှီးမြုပ်နှံမည်ဟု နိုဝင်ဘာ ၂၄ ရက်က ကြေညာခဲ့ပြီး အများစုကို ကားထုတ်လုပ်သည့် ဆန်းဒါးလန်းစက်ရုံတွင် လျှပ်စစ်ကားမော်ဒယ်လ်အသစ်သုံးမျိုး ထုတ်လုပ်ရန် သုံးစွဲသွားမည် ဖြစ်သည်။
ထို့ပြင် ယူကေတွင် နီဆန်း၏ တတိယမြောက် ဘက်ထရီစက်ရုံ အသစ် ထူထောင်ရန် သုံးစွဲမည်။

 နီဆန်းက ၂၀၃၀ ပြည့်နှစ်တွင် ဥရောပမှာ ရောင်းချသည့် ကားမော်ဒယ် အသစ်အားလုံး အီးဗီ ဖြစ်ရမည်ဟု ချမှတ်ထားသည့် ရည်မှန်းချက်အတွက် ယူကေမှ နီဆန်း၏ အီးဗီကဏ္ဍတွင် ပေါင် ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၂၁ တွင် ကြေညာခဲ့သည်။ ယခုကြေညာသည့် ပေါင် ၂ ဘီလီယံသည် ထပ်တိုးလိုက်ခြင်း ဖြစ်သဖြင့် စုစုပေါင်း ပေါင် ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။

ဆန်းဒါးလန်းစက်ရုံတွင် လက်ရှိတွင် Leaf EV မော်ဒယ် ထုတ်လုပ်လျက်ရှိသည်။ 
အဆင့်မြှင့်တင်ပြီးလျှင် Juke EV နှင့် Qashqai EV မော်ဒယ်များ ထုတ်လုပ်မည် ဖြစ်သည်။ 


ဆန်းဒါးလန်းစက်ရုံကို ၁၉၈၆ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။ ဥရောပဈေးကွက်အတွက် ထုတ်လုပ်သည်။ တနှစ်လျှင် အစီးရေ ၄၂၅,၀၀၀ မှ ၄၅၀,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်သည်။ နီဆန်း၏ အကြီးမားဆုံး ကားစက်ရုံများထဲမှ တခု ဖြစ်သည်။
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 699 times