ဈေးကွက်အတွင်း မိတ်ဆက်လာတဲ့ Nissan Navara Plus


2.5L ဒီဇယ်အင်ဂျင်သုံး Nissan Navara Plus ကို Edaran Tan Chong Motor Myanmar က နိုဝင်ဘာလနှောင်းပိုင်းအတွင်း ဈေးကွက်မိတ်ဆက်ခဲ့ကြောင်း သိရသည်။CarsDBAuto Show တွင်ပြုလုပ်သည့် အဆိုပါကားအမျိုးအစားသည် 4 Cylinders In-line ၊DOHC 16-Valve VGS TurboIntercooler Engine ကို အသုံးပြုထားသည်။ အမြင့်ဆုံးအင်ဂျင်ပါဝါ 190Ps အထိ ထုတ်လုပ်ပေးနိုင်ပြီး3.0L ဒီဇယ်အင်ဂျင်၏ စွမ်းဆောင် ရည်နှင့်ညီမျှကြောင်း ဖော်ပြထားသည်။ လေအေးဖြန့်ဝေရေးစနစ်၊Intelligent Around View Monitor စနစ်တွင် ကင်မရာ လေးလုံးတပ်ဆင်ထား၍ ကားဘေးပတ်လည်ကို၃၆၀ ဒီဂရီ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၈,၅၀၀ စတင်ရောင်းချပေးလျက်ရှိပြီး ၃ နှစ် (သို့မဟုတ်) ကီလိုမီတာတစ်သိန်း အာမခံပေးထားသည်။

ကားအတွင်းပိုင်းတွင် အပူချိန်ကို ကိန်းဂဏန်းဖြင့် ပြသပေးထားသည်။ ဇုန် (၂)ခု ပိုင်းခြား ထားသည့်အတွက် ကားနောက်ခန်း လေအေးပေးစနစ်ပါရှိကာ ကားပေါ်ရှိ စီးနင်းသူအားလုံးကို သက်တောင့်သက်တာ ရှိစေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Safety ပိုင်းတွင် Anti-Lock Braking System ABS ၊Electronic Brake-force Distribution (EBD) ၊Brake Assist (BA) နှင့် Traction Control System (TCS) ၊The Vehicle Dynamic Control (VDC) ၊Active Brake Limited Slip (ABLS) ၊Hill Start Assist (HSA) ၊ Hill Descent Control (HDC) စသည့် စနစ်များ ပါဝင်ထားသဖြင့် စီးနင်းသူ၏ လုံခြုံရေးကို ကာကွယ်နိုင်မည်ဖြစ်ပြီး Air Bag 7 လုံးလည်း ပါဝင်ထားကြောင်း သိရသည်။

Read 638 times