Nissan Murano တွင် ဖြစ်ပေါ်လေ့ရှိသော ပြဿနာ ခုနစ်ချက်


Nissan Murano ကားအမျိုးအစား ၂၀၀၄ မိုဒယ်သည် ကွန်ပလိန်းအများဆုံးဖြစ်သည်ဟု carcomplaints.com က ဆိုပါသည်။

၂၀၀၄ မိုဒယ် Nissan Murano ကို မိုင် ၈၃၆၀၀ ကျော်မောင်းနှင်ပြီးသည့်အခါ ကားတံခါးလက်ကိုင်များ ကျိုးပဲ့ခြင်းများ အဖြစ်များပါသည်။

၁။ တဒုတ်ဒုတ်မြည်လာခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၁၂ မိုဒယ်အထိ Nissan Murano ကို မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ ကြမ်းခင်းက တဒုတ်ဒုတ်မြည်လာခြင်းဖြစ်ပါသည်။

အင်ဂျင်အထိုင်စနစ် ( engine mounts) များ ချို့ယွင်းသည့်အတွက် အင်ဂျင်လည်ပတ်သည့်အခါ အင်ဂျင်ကတုန်ခါလာခြင်းဖြစ်ပါသည်။

အင်ဂျင်အထိုင်စနစ်ကိ ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ပေးရမည်ဖြစ်ပါသည်။

၂။ ထိုင်ခုံများချို့ယွင်းလာခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၀၉ မိုဒယ်အထိ Nissan Murano ကို မိုင်တစ်သိန်းမောင်းနှင်ပြီးသည့်အခါ ထိုင်ခုံများက ချို့ယွင်းလာပါသည်။

ထိုင်ခုံအတွင်းတွင်ရှိသော ခလုတ်နှင့် ချိန်ညှိပေးနိုင်သည့် အစိတ်အပိုင်းများက ပျက်စီးနေခြင်းဖြစ်ပါသည်။

ထို့ကြောင့် ထိုင်ခုံကို အနောက်ကိုလှန်ချခြင်း၊ ရှေ့သို့ တည့်မတ်ခြင်းမျိုးများကို ချိန်ညှိ၍ မရနိုင်ဘဲ ထိုင်ခုံအတွင်းက အသံမြည်နေခြင်းဖြစ်ပါသည်။

၃။ Intake Air Ducts ချို့ယွင်းခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၀၇ မိုဒယ်အထိ Nissan Murano ၏ လေဝင်ပေါက်ပြွန် (Intake Air Ducts) ချို့ယွင်းသည့်ပြဿနာဖြစ်တက်သည့်အတွက် အင်ဂျင်က ရပ်တန့်သွားမည်ဖြစ်ပါသည်။

ထိုပြဿနာအတွက် Nissan Dealers များက ပြန်လည်ခေါ်ယူခြင်း (recall) ပြုလုပ်ပြီး စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ အသစ်လဲလှယ်ပေးခြင်းများကို အခမဲ့ဝန်ဆောင်မှုပေးပါသည်။

၄။ ပွတ်ကျိတ်သည့်အသံမျိုးထွက်လာခြင်း

Nissan Murano ကိ အရှိန်မြှင့်တင်လိုက်သည့်အခါ ပွတ်ကျိတ်သည့်အသံမျိုး တကျိကျိမည်လာခြင်းနှင့် ချက်ကနဲ ဖျောက်ခနဲ ပြင်းထန်သည့်အသံမြည်လာခြင်းမျိုးများ ဖြစ်တတ်ပါသည်။

ထိုအရာသည် hubs splines နှင့် CV axle shafts ၏ ကြားတွင် အညစ်အကြေးများ သံချေးများ ရှိနေတတ်၍ဖြစ်ပါသည်။

၂၀၀၃ မိုဒယ်မှ ၂၀၀၉ မိုဒယ်အထိ မိုင် ၇၀၀၀၀ ကျော်မောင်းနှင်ပြီးသည့်အခါမျိုးတွင် ဖြစ်တတ်ပါသည်။

၅။ ဆီဖြည့်သည့်တံခါးပေါက်ချို့ယွင်းခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၀၇ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ ဆီဖြည့်သည့် အပေါက်ကို ဖုံးအုပ်ထားသော အဖုံးက အဖွင့်အပိတ်လုပ်၍ မရနိုင်ခြင်းဖြစ်ပါသည်။

၆။ ယာဉ်လမ်းကြောင်းပြစနစ် အလုပ်မလုပ်ခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၀၆ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

Display က ချို့ယွင်းပြီး Screen ပေါ်တွင် ယာဉ်လမ်းကြောင်းပြစနစ်က ပေးသော သတင်းအချက်အလက်များ မဖော်ပြနိုင်ခြင်းဖြစ်ပါသည်။

၇။ ရက်တဲလ် (rattle) အသံထွက်လာခြင်း

၂၀၀၃ မိုဒယ်မှ ၂၀၁၅ မိုဒယ်အထိ မိုင်တစ်သိန်းကျော်မောင်းနှင်ပြီးသည့်အခါ အဖြစ်များပါသည်။

ရက်တဲလ် (rattle) အသံသည် အင်ဂျင်၏ ရှေ့ပိုင်းက ထွက်လာပါသည်။

ရက်တဲလ်အသံသည် ချောင်နေသော ပစ်စတင်ခတ်သံဖြစ်ပါသည်။

အင်ဂျင်၏ ပုံမှန်မဟုတ်သည့် အသံများကို စူးစမ်းလေ့လာသည့်အခါ အသံသည် အင်ဂျင်စက်၏ လည်ပတ်မှုတိုင်းတွင် ထွက်ပေါ်ခြင်း၊ အင်ဂျင်၏ လုပ်ဆောင်မှု ပတ်လည်အလိုက် ထွက်ပေါ်ခြင်း၊ အင်ဂျင်၏ လည်ပတ်မှုနှင့် မသက်ဆိုင်ဘဲ ပြတ်တောင်း ပြတ်တောင်း ထွက်ပေါ်လာခြင်းနှင့် အသံသည် စဉ်ဆက်မပြတ် ထွက်ပေါ်လာခြင်း စသည့် ထွ့်ပေါ်လာသည့် အသံများ၏ ကွဲပြားခြားနားမှု အလိုက် နှိုင်းယှဉ်လေ့လာနိုင်ပါသည်။

ပထမဆုံး လုပ်ဆောင်သင့်သည်က အင်ဂျင်၏လုပ်ဆောင်မှု အပူချိန် (operating temperature) ရောက်အောင် စက်နှိုးထားရပါမည်။

ဒုက္ခပေးနိုင်သော အသံမျိုးဖြစ်ပါက အင်ဂျင်ကို ချက်ချင်းရပ်လိုက်ရပါမည်။

အသံသည် စဉ်ဆက်မပြတ်ထွက်ပေါ်နေပါက လည်ပတ်နေသော ပစ္စည်းနှင့် တည်ငြိမ်နေသော ပစ္စည်းတို့ အဆက်မပြတ် ငြိတွယ်တိုက်ခိုက်မိနေခြင်းဖြစ်ပြီး တိုင်မင်ဂီယာများ အချင်းချင်း ပွတ်တိုက်ပြီး ထွက်ပေါ်လာသည့် အသံက လည်ပတ်နေသော ပစ္စည်းအချင်းချင်းပွတ်တိုက်သည့် အသံမျိုး ထွက်ပေါ်လာပါမည်။

 

Read 675 times