ဥရောပတွင် နီဆန်းက အီးဗီများသာ ရောင်းချမည်


ဥရောပတွင် နီဆန်းက အီးဗီများသာ ရောင်းချမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Nissan Motor သည် ဆယ်စုနှစ်အကုန် ၂၀၃၀ ပြည့်နှစ်တွင် ဥရောပမှာ လျှပ်စစ်ကားများကိုသာ ရောင်းချတော့မည်ဖြစ်ကြောင်း ဥက္ကဋ္ဌနှင့် စီအီးအို Makoto Uchida မှ ပြောကြားပါသည်။

၂၀၃၅ ခုနှစ်တွင် လောင်စာအင်ဂျင်မော်တော်ကားအသစ်ရောင်းချမှု အများစုကို ပိတ်ပင်ရန် ဥရောပသမဂ္ဂ၏ အစီအစဉ်ကို နီဆန်းက ၅ နှစ်စောပြီး အီးဗီသို့ ကူးပြောင်းမည် ဖြစ်သည်။
e-fuel(Electrofuel) နှင့် ဟိုက်ဒရိုဂျင် လောင်စာသုံးသည့် လောင်စာအင်ဂျင် မော်တော်ကားများကို ရောင်းချခွင့် ဆက်လက်ခွင့်ပြုပေးထားမည် ဖြစ်သည်။


Nissan သည် အင်္ဂလန်မြောက်ပိုင်းရှိ ဆန်းဒါးလန်း တပ်ဆင်စက်ရုံတွင် Leaf EV များကို ထုတ်လုပ်သည်။

၂၀၂၁ ခုနှစ်တွင် နီဆန်းသည် ဘက်ထရီစက်ရုံအသစ်အပါအဝင် အီးဗီ ထုတ်လုပ်ရေး အချက်အချာ တစ်ခု ထူထောင်ရန် ပေါင် ၁  ဘီလီယံ (လက်ရှိနှုန်းထားဖြင့် ကန်ဒေါ်လာ ၁.၂၁ ဘီလီယံ) အစီအစဉ်ကို ကြေညာခဲ့သည်။

နီဆန်းသည်  မတ်လတွင် ပြီးဆုံးသည့် ၂၀၂၇ ဘဏ္ဍာနှစ်မှာ ဥရောပတွင် ရောင်းချသည့် ကားစီးရေ စုစုပေါင်း၏ ၉၈% ကို လျှပ်စစ်ကားများဖြစ်ရန် ရည်မှန်းထားသည်။


Source Asia Nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 939 times