Nissan Motor Co နှင့်  Mitsubishi Motors Corp တို့က မီနီအီးဗီ ထုတ်လုပ်မည်


Nissan Motor Co နှင့်  Mitsubishi Motors Corp တို့က မီနီအီးဗီ ထုတ်လုပ်မည်


Nissan Motor Co နှင့်  Mitsubishi Motors Corp တို့က မီနီအီးဗီ မော်ဒယ်အသစ် ၂ ခုကို မိတ်ဆက်ခဲ့ကြပါတယ်။ အရွယ်ငယ်၊ တန်ဖိုးသင့်၊ ဂျပန်အီးဗီကို ဘက်ထရီပါဝါဖြင့် စီးချင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ဂျပန်ကားထုတ်လုပ်ရေး လုပ်ငန်းနှစ်ခုက မီနီအီးဗီ မိတ်ဆက်ပွဲကို အတူတကွ ကျင်းပခဲ့ပြီး လုပ်ငန်းနှစ်ခုရဲ့ စီအီးအိုတို့က ရှင်းလင်းပြောပြခဲ့ကြပါတယ်။
Nissan က  Sakura မော်ဒယ်ကို မိတ်ဆက်ပါတယ်။
Mitsubishi က eK X EV မော်ဒယ်ကို မိတ်ဆက်ပါတယ်။
အရွယ်ငယ်ငယ် လေးထောင့်ပုံးပုံ ချိုးထားတဲ့ မီနီအီးဗီတွေကို ယခုနှစ် နွေရာသီမှာ ဂျပန်ပြည်တွင်း ဈေးကွက်ထဲမှာ စတင်ရောင်းချပါမယ်။ အခြေခံ ရောင်းဈေးက US$15,000 အောက်မှာ ဖြစ်ပါတယ်။

 အရွယ်ငယ် တန်ဖိုးသင့် “kei” အတန်းအစား မီနီကားတွေ ဂျပန်မှာ လူသုံးများပါတယ်။ မြို့ကြီးပြကြီး မဟုတ်တဲ့နေရာတွေမှာ နေထိုင်ကြတဲ့ လုပ်သားတွေ မိသားစုတွေက “kei” အတန်းအစား ကားတွေ အစီးများကြပါတယ်။ လမ်းတွေ ကျဉ်းပြီး သွားရေးလာရေးအတွက် အများသုံးဘတ်စ်ကား မရှိတဲ့နေရာ‌တွေမှာ မီနီကားတွေကိုပဲ အားကိုးကြရပါတယ်။
 အိမ်စီးကားအသစ် ကနဦးမှတ်ပုံတင်တဲ့ ကားစီးရေမှာ ပျမ်းမျှအားဖြင့် သုံးပုံတစ်ပုံက မီနီကားတွေ ဖြစ်ပါတယ်။

ဂျပန်အစိုးရက ၂၀၅၀ မှာ အသားတင်မီးခိုး ထုတ်လွှတ်မှု သုည ဖြစ်ရေးကို ရည်မှန်းချက် ထားရှိပါတယ်။ 
kei ကားအမျိုးအစားတွေက လျှပ်စစ်ကားအဖြစ် ပြောင်းလဲဖို့ ခက်ခဲပါတယ်။ လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီက ဈေးမြင့်တော့ kei ကား ရောင်းဈေး မြင့်တက်သွားစေတဲ့ အခက်အခဲ ရှိနေပါတယ်။ ရေရှည်မှာ kei EV တွေရဲ့ ဈေးနှုန်းက ယန်း ၁ သန်းခွဲ($11,700) ဝန်းကျင်မှာ ဖြစ်ရပါလိမ့်မယ်။


Nissan နှင့် Mitsubishi တို့ရဲ့ မီနီအီးဗီတွေက ယန်း ၁.၈ သန်းဖြစ်တာကြောင့် ဈေးကြီးတဲ့ kei ကားတွေ ဖြစ်နေပါတယ်။ ကားမှာ လုပ်ဆောင်ချက် အင်္ဂ်ါရပ်တွေ ပိုစုံလင်အောင် ထည့်ပေးထားပြီး ဘေးကင်းရေးအတွက်လည်း နည်းပညာတွေထည့်ပေးထားတာကြောင့် ဈေးပိုမြင့်နေပါတယ်။

"လျှပ်စစ်ကားများက ပေးအပ်နိုင်တဲ့  အကျိုးကျေးဇူးများစွာကို သုံးစွဲသူများစွာ တွေ့ကြုံခံစားနိုင်ကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ Makoto Uchida က မိတ်ဆက်ပွဲမှာ ပြောကြားပါတယ်။ 

Nissan စီအီးအို Makoto Uchida က 20 kilowatt-hour ဘက်ထရီအငယ်စား သုံးထားပြီး တစ်နေ့တာ မြို့တွင်းသွားလာဖို့ အားလုံလောက်ကြောင်း ပြောကြားပါတယ်။ 

 Honda Motor Co, Toyota Motor Corp ရဲ့ လက်အောက်ခံ Daihatsu Motor Co တို့မှာလည်း မီနီအီးဗီများ ထုတ်လုပ်ဖို့ အစီအစဉ်များ ရှိပါတယ်။ 

Read 3019 times