ကျပ်သိန်း ၁၅၀ အောက်ဖြင့်ရွေးချယ်သင့်သည့် ၁၃၀၀ စီစီ Hatchback ကား Nissan March


၂၀၁၀ မိုဒယ်မတိုင်ခင်ထုတ်လုပ်ထားတဲ့ Nissan March က Volkswagen ပုံသဏ္ဍာန်လို အမိုးခုံးပုံစံတည်ဆောက်ထားပြီး တခြား ၁၃၀၀ စီစီကားများနှင့်ယှဉ်ရင် ပုံစံရိုးရှင်းလွန်းတဲ့အတွက် လူကြိုက်နည်းပါတယ်။

ဒါပေမဲ့ ၂၀၁၀ Late ကစလို့ ပုံပြောင်းသွားပြီး Toyota Vitz, Honda Fit, Mazda Demio တို့လို Hatchback ပုံစံဖြစ်သွားသလို ကားရဲ့ အသွင်သဏ္ဍာန်က ဆန်းသစ်လှပသွားပါတယ်။


Nissan ကုမ္ပဏီက ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းတွင် Toyota ကထုတ်လုပ်တဲ့ Starlet ရဲ့အောင်မြင်မှုကို တန်ပြန်ဖို့အတွက် Nissan Plusar ထက်အရွယ်အစားသေးငယ်တဲ့ Mrach ကိုထုတ်လုပ်ခဲ့ပါတယ်။ March ကို ဂျပန်မှာ Micra လို့လူသိများပြီး Export ဈေးကွက်မှာပဲ March လို့သိကြတာဖြစ်ပါတယ်။ တစ်ချိန်က ဂျပန်နိုင်ငံရဲ့ အမျိုးသားလှုပ်ရှားမှု စတင်ခဲ့တဲ့လကို အစွဲပြုပြီးတော့ Nissan ကုမ္ပဏီက ဒီကားကို မှတ်မိလွယ်အောင် March လို့အမည်ပေးခဲ့တာဖြစ်ပါတယ်။

Nissan March ကို ၁၉၈၂ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၁၉၉၂ ကနေ ၂၀၀၃ မိုဒယ်အထိကို ဒုတိယမျိုးဆက်၊ ၂၀၀၂ ကနေ ၂၀၁၀ မိုဒယ်အထိကို တတိယမျိုးဆက်နဲ့ ၂၀၁၀ နှောင်းပိုင်းကို စတုတ္ထမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းပိုင်းခန်း အပြင်အဆင်

၂၀၁၁ မိုဒယ်ပုံပြောင်းက ပုံဟောင်းလို အမိုးခုံးပုံသဏ္ဍာန်မဟုတ်တော့ဘဲ Hatchback ကားနဲ့တူသွားပြီး နောက်ဖုံးပေါ်မှာလည်း ဘရိတ်မီးတန်းပါရှိသွားပါတယ်။ အပြင်ပိုင်း ပုံသဏ္ဍာန်ပြောင်းလဲ သွားရုံမကဘဲ အတွင်းခန်း၊ Dashboard အထိုင်နဲ့ ဒိုင်ခွက်ပုံစံတွေပါ ပြောင်းသွားပါတယ်။  ဒီမိုဒယ်မှာ Bolero ဂရိတဆ်က ပုံစံတစ်မျိုးခွဲထွက်သွားပြီး 12S, 12S V Package , 12X ,12G, 12G4 စတဲ့ဂရိတ်တွေရှိသလို G ဂရိတ်က ဂရိတ်မြင့်ဖြစ်လို့ Aircon Auto နှင့် Push-start ဖြစ်သွားပါတယ်။

အင်ဂျင်အမျိုးအစား

Nissan March ကို ၂၀၁၀ မိုဒယ်မတိုင်ခင် ၁၁၉၈ စီစီ၊ ၁၂၄၀ စီစီနဲ့ ၁၃၈၆ စီစီစတဲ့ အင်ဂျင်ပါဝါသုံးမျိုး ထုတ်လုပ်ခဲ့ပေမဲ့ ပုံပြောင်းသွားတဲ့အချိန်ကစပြီး ၁၁၉၈ စီစီတစ်မျိုးတည်းကိုသာ ထုတ်လုပ်ခဲ့ပါတယ်။ ပုံပြောင်းမှာ Auto Gear တစ်မျိုးတည်းကိုသာ 2WD, 4WD နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Chassis နံပါတ်နဲ့ခွဲမယ်ဆိုရင် 2WD က K13 နဲ့ 4WD က NK 13 ဖြစ်ပြီး HR12DE အင်ဂျင်ဖြစ်ကာ ဆလင်ဒါသုံးလုံးထိုးဖြစ်ပါတယ်။

ဈေးနှုန်း

Nissan March 2010 Late, 2011 Model ပုံပြောင်းနံပါတ်ထွက်ပြီးသားဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၄၀ ကနေ ၁၅၀ ကြားမှာရှိပါတယ်။ ပုံဟောင်းကားထဲကတော့ ကျပ်သိန်း ၁၃၀ အောက်မှာ ဝယ်ယူလို့ရပါတယ်။

 

Read 1093 times