သိန်း ၁၅ဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် အင်ဂျင်ပါဝါနည်းကား (Nissan March)


၂ဝ၁ဝ မိုဒယ်မတိုင်ခင် ထုတ်လုပ်ထားတဲ့ Nissan March က Volkswagen ပုံသဏ္ဌာန်လို အမိုးခုံပုံစံ တည်ဆောက်ထားပြီး တခြား ၁၃ဝဝ စီစီ ကားတွေနဲ့ယှဉ်ရင် ပုံစံရိုးရှင်းလွန်းတဲ့အတွက် လူကြိုက်နည်းခဲ့ပါတယ်။

ဒါပေမဲ့ 2010 Late ကစလို့ ပုံပြောင်းသွားပြီး Toyota Vitz ၊ Honda Fit ၊ Mazda Demio တို့လို Hatchback ပုံစံဖြစ်သွားလို့ ကားရဲ့အသွင်သဏ္ဌာန်က ဆန်းသစ်လှပသွားပါတယ်။ Nissan ကုမ္ပဏီက ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းမှာ Toyota က ထုတ်လုပ်တဲ့ Starlet ရဲ့ အောင်မြင်မှုကို တုံ့ပြန်ဖို့အတွက် Nissan Plusar ထက် အရွယ်အစားသေးငယ်တဲ့ March ကို ထုတ်လုပ်ခဲ့ပါတယ်။

March ကို ဂျပန်မှာ Micra လို့ လူသိများပြီး Export ဈေးကွက်မှာပဲ Marchလို့ သိကြတာ ဖြစ်ပါတယ်။ တစ်ချိန်က ဂျပန်နိုင်ငံရဲ့ အမျိုးသားရေးလှုပ်ရှားမှု စတင်ခဲ့တဲ့လကို အစွဲပြုပြီးတော့ Nissan ကုမ္ပဏီက ဒီကားကို မှတ်မိလွယ်အောင် March လို့ အမည်ပေး ခဲ့တာ ဖြစ်ပါတယ်။

Nissan Marchကို ၁၉၈၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်အထိကို ပထမမျိုးဆက် ၁၉၉၂ ကနေ ၂၀၀၃ ခုနှစ်အထိကို ဒုတိယမျိုးဆက် ၂၀၀၃ ကနေ ၂၀၁၀ ပြည့်နှစ်အထိကို တတိယမျိုး ထက်နဲ့ ၂၀၁၀ မိုဒယ်နှောင်းပိုင်းကို စတုတ္ထမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။


အင်ဂျင်အမျိုးအစား

Nissan March ကို ၂၀၁၀ မိုဒယ်မတိုင်ခင်က ၁၁၉၈ စီစီ၊ ၁၂၄၀ စီစီနဲ့ ၁၃၈၆ စီစီ စတဲ့ အင်ဂျင်ပါဝါသုံးမျိုး ထုတ်လုပ်ခဲ့ပေမဲ့ ပုံပြောင်းသွားတဲ့ အချိန်ကစလို့ ၁၁၉၈ စီစီ တစ်မျိုးတည်းကိုပဲ ထုတ်လုပ်ခဲ့ပါတယ်။ ပုံပြောင်းမှာ Auto Gear တစ်မျိုးတည်းကိုပဲ 2WD ၊ 4WD နှစ်မျိုးနဲ့ ထုတ် လုပ်ထားပါတယ်။ Chassis နံပါတ်နဲ့ခွဲမယ်ဆိုရင် 2WD က K13၊ 4WD က NK13 ဖြစ်ပြီး HR12DE အင်ဂျင် ဆလင်ဒါသုံးလုံးထိုး ဖြစ်ပါတယ်။


အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၂၀၁၁ မိုဒယ်ပုံပြောင်းက ပုံဟောင်းလို အမိုးခုံးပုံသဏ္ဌာန်မဟုတ်တော့ဘဲ Hatchback ကားနဲ့ တူသွားပြီး နောက်ဖုံးအပေါ်မှာလည်း ဘရိတ်မီးတန်း ပါရှိသွားပါတယ်။ အပြင်ပိုင်းပုံသဏ္ဌာန် ပြောင်းလဲသွားရုံမကဘဲ အတွင်း ခန်း၊ Dashboard အထိုင်နဲ့ ဒိုင်ခွက်ပုံစံတွေပါ ပြောင်းသွားပါတယ်။

ဒီမိုဒယ်မှာ Bolero ဂရိတ်က ပုံစံတစ်မျိုး ခွဲထွက်သွားသလို 12S၊ 12S _V Package ၊ 12X၊ 12G၊ 12G4 စတဲ့ ဂရိတ်တွေရှိပြီး G ဂရိတ်က ဂရိတ်မြင့်ဖြစ်လို့ Aircon Auto နဲ့ Push-Start ဖြစ်သွားပါတယ်။

ဈေးနှုန်း Nissan March ပုံပြောင်းကို ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားနဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၅၀ နဲ့ ၁၆၀ ကြားမှာ ရှိပါတယ်။ Bolero ကတော့ ပုံမှန်ဂရိတ်တွေထက် ဈေးပိုများပါတယ်။

Read 987 times