ပြည်တွင်းတွင် Nissan Leaf လျှပ်စစ်ကားအရေအတွက် ၁၅၀ ကျော်အထိကနဦးမှတ်ပုံတင် ပြုလုပ်ထားပြီးဖြစ်ကြောင်းသိရသည်။
ယင်းလျှပ်စစ်ကားများသည် အင်ဂျင်မပါဝင်သောကြောင့် အင်ဂျင်ပါဝါ သုညဖြစ်ပြီး လေထုညစ်ညမ်း မရှိသည့်အတွက် ဆိပ်ကမ်းခွန်နှင့် ကညနခွန်ကင်းလွတ်ခွင့်ပြုထားရာ ဝယ်ယူမှုများပြားလာပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အထိ အစီးရေ ၁၅၈ စီး ကနဦးမှတ်ပုံတင်လာရောက် လုပ်ဆောင် ထားကြောင်းသိရသည်။
၎င်းအပြင်ယခုနှစ်၏ မိုဒယ်သတ်မှတ်ချက်တွင် ၂၀၁၅ မိုဒယ်များကို ဘယ်မောင်းအမျိုးအစားသာ တင်သွင်းခွင့်ပြုထားသောကြောင့် အခွန်သက်သာပြီး ၂၀၁၅ မိုဒယ်ဖြစ်သော Nissan Leaf ဘယ်မောင်းကားများမှ မှာယူတင်သွင်းရန် အသင့်တော်ဆုံးဖြစ်ကြောင်း ကားတင်သွင်းသူများ သုံးသပ်ထားကြသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယပတ်အထိ Nissan Leaf လျှပ်စစ်ကား ၁၅၈ စီး ကနဦးမှတ်ပုံတင် လာရောက်ပြုလုပ်ထားပါသည်။
နောက်ဆုံးကနဦးလုပ်ဆောင်သော လျှပ်စစ်ကားမှာ 9M/9900 ဝန်းကျင်တွင် ရှိနေကြောင်းသိရသည်။
မိုဒယ်သတ်မှတ်ချက်များကြောင့် ၂၀၁၅ မိုဒယ်ဘယ်မောင်းကားများနည်းသည့်အတွှက် အခွန်နှုန်းထား သက်သာသော Nissan Leaf ၂၀၁၅ မိုဒယ်ဘယ်မောင်းကားများတင်သွင်းမှုပိုများလာပြီး ပြီးခဲသည့် ဇန်နဝါရီလအတွင်းတွင် ၁၅ စီးအထိကနဦးလုပ်ဆောင်ခဲ့ကြောင်းသိရှိခဲ့ပါသည်။
Nissan Leaf 2015 မိုဒယ်(ဘယ်မောင်း)ကို ဂျပန်ငွေယန်း ၁၅ သိန်းဖြင့် ဝယ်ယူရရှိနိုင်ပြီး အမေရိကန်နှင့် ကနေဒါနိုင်ငံစသည့် ဘယ်မောင်းနိုင်ငံတွေမှတစ်ဆင့် မှာယူတင်သွင်းရမည်ဖြစ်ကာ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့သာ ပေးဆောင်ရသည့်အတွက် ကျပ်သိန်းနှစ်ရာဝန်းကျင်သာ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။