Nissan LEAF ကို ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး အမေရိကန်၊ ကနေဒါနှင့် ဥရောပနိုင်ငံများသို့ ၂၀၁၁ ခုနှစ်မှစတင်ပြီး တင်ပို့ရောင်းချခဲ့ပါသည်။
Nissan Leaf တွင်အင်ဂျင်မရှိသည့်အတွက် Zero Engine ဖြစ်ပြီး ၃၀ Kilowatt Hour(30kWh) ဘက်ထရီတပ်ဆင် ထားသကဲ့သို့အားအပြည့်သွင်းထားပါက ၁၇၂ ကီလို(၁၀၇ မိုင်) အထိမောင်းနှင်ရမည် ဖြစ်ကြောင်းသိရသည်။
ထိုကားကိုပုံမှန်အားသွင်းပါက အချိန်လေးနာရီလောက်ကြာမည်ဖြစ်သော်လည်း DC Fast Charging နှင့် အားသွင်းပါက မိနစ်သုံးဆယ်လောက်ဖြင့် အားသွင်းရုံနှင့် ၈၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိအား ပြည့်မည်ဖြစ်ပါသည်။
အင်ဂျင်မပါသည့်အတွက် Chassis မှာ zero ဖြစ်ပြီး နံပါတ်မှာ AZE0 ဖြစ်ပါသည်။
Nissan Leaf ကိုလေခွင်းအား(Aerodynamic Drag) ကောင်းမွန်အောင် V-Shape ပုံစံဒီဇိုင်းဆင်ထားပြီး ရှေ့မီးကြီးများကိုလည်း ဘက်ထရီစားသက်သာအောင် LED မီးများအသုံးပြုထားပါသည်။
လူငါးယောက်စီး Hatchback ကားအမျိုးအစားဖြစ်ပြီး လျှပ်စစ်ကားဖြစ်သည့်အတွက် ကုန်ပစ္စည်းများ သယ်ဆောင်ရန် အဆင်မပြေနိုင်ပါ။
၂၀၁၅ မိုဒယ်မှာ S,X,G, S Aero Style, X Aero Style, G Aero Style ရှိပြီး ပုံမှန်ဂရိတ်နှင့် Aero Style ဂရိတ်မှာ Signal မီးတွေမှာ LED ဒေါင်လိုက်ဖြစ်သွားပါသည်။
ဂရိတ်အားလုံးမှာ Digital Aircon, Push-start ဖြစ်ပြီး Steering Volume Control နှင့် Central Switch တို့ပါဝင်ပါသည်။
Aero Style ဂရိတ်တွင် Leather Steering ဖြစ်သွားသကဲ့သို့ Original Alloy Size မှာလည်း ၁၇ လက်မ ဖြစ်သွားပါသည်။
Nissan Leaf 2015 မိုဒယ်(ဘယ်မောင်း) ကိုအမေရိကန်နှင့် ကနေဒါအစရှိသည့် ဘယ်မောင်းနိုင်ငံများမှမှာယူတင်သွင်းနိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့သာ ပေးဆောင်ရမည်ဖြစ်သောကြောင့် ကျပ်သိန်းနှစ်ရာဝန်းကျင်သာကျသင့်မည်ဖြစ်ပါသည်။