Nissan Jukeကားအမျိုးအစားသည် ပြည်တွင်းတွင် စျေးကွက်ဝင်သော ကားအမျိုးအစားဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် ဖြစ်ပေါ်တတ်သောပြဿနာများကို ကြိုတင်သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
(၁) စတင်စက်နှိုးရခက်ခဲခြင်း
၂၀၁၂မော်ဒယ် Nissan Jukeကို မိုင်၃၀၀၀၀မောင်းနှင်ပြီးသောအခါ စက်စတင်နှိုးရန်ခက်ခဲသောပြဿနာ အဖြစ်များပြီး စက်နှိုးပြီးသွားလျှင်ပုံမှန်အတိုင်း မောင်းနှင်နိုင်ပါသည်။
ဘက်ထရီတွင်ပြဿနာရှိနေနိုင်သည့်အတွက် ဘက်ထရီအသစ်လဲလှယ်ပြီး ခုနှစ်လအထိ
ကောင်းမွန်နေသော်လည်း နောက်ပိုင်းတွင် ယခင်အတိုင်း စက်နှိုးရန်ခက်ခဲနေတတ်ပါသည်။
(၂) ပါဝါဝင်းဒိုးစနစ် အလုပ်မလုပ်ခြင်း
အလိုအလျောက်ဖွင့်ခြင်း ပိတ်ခြင်း၊ လော့ခ်ချခြင်းပြုလုပ်၍မရဘဲ Manualဖြင့်သာ ဖွင့်ပိတ်နိုင်ခြင်းသည် ပါဝါစနစ်အလုပ်မလုပ်ခြင်းဖြစ်သည်။
ထိုကဲ့သို့ဖြစ်ပေါ်ခဲ့ပါက ဝါယာရင်းစနစ်များကို ပြန်လည်ပြုပြင်ပေးရမည်ဖြစ်ပါသည်။
(၃)အင်ဂျင်ပြဿနာ
၂၀၁၂မော်ဒယ် Nissan Jukeကို မိုင်၁၀၀၀၀၀အထိမောင်းနှင်ပြီးသောအခါ Turb Charger ချို့ယွင်းသောပြဿနာမှာ အင်ဂျင်ပြဿနာဖြစ်ပါသည်။
အင်ဂျင်ချက်မီးမလင်းဘဲ လေချွန်သံကဲ့သို့အသံများကြားရပြီး အမြန်နှုန်းကိုမြင့်တင်၍မရသော ပြဿနာဖြစ်ပါသည်။
(၄)မန်နီဖိုး အက်ကွဲခြင်း
၂၀၁၂မော်ဒယ် Nissan Jukeကို ၈၉၀၀၀မိုင် မောင်းနှင်ပြီး အိပ်ဇောမန်နီဖိုး အက်ကွဲသည့်အတွက် အသစ်လဲလှယ်ရခြင်းမျိုးရှိတတ်ပါသည်။
(၅) ဂီယာပြဿနာ
၂၀၁၂မော်ဒယ် Nissan Jukeကို ၂၁၄၃၇မိုင်မောင်းနှင်ပြီး ဂီယာပြဿနာဖြစ်တတ်ပါသည်။ မောင်းနှင်နေစဉ်ဂီယာကို အသုံးပြု၍မရဘဲ မာနေခြင်း၊ ဂီယာအသုံးပြုသည့်အခါ အသံထွက်လာခြင်းမျိုးဖြစ်တတ်ပါသည်။
ထိုသို့ဖြစ်ပေါ်လာပါက ဂီယာလဲလှယ်ရမည်ဖြစ်ပါသည်။
(၆) ပါ၀ါကျဆင်းခြင်း
၂၀၁၂မော်ဒယ် Nissan Jukeကို မိုင်၈၂၀၀၀ မောင်းနှင်ပြီးသည့်အခါ ပါ၀ါကျဆင်းခြင်းမျိုးဖြစ်တတ်ပါသည်။
ထိုအခါ မောင်းနှင်ရင်း အင်ဂျင်ပါ၀ါကျတတ်ခြင်း၊ ၈၅မိုင်မောင်းနှင်ရင်းမှ မိုင်နှုန်းမလျော့ချဘဲ ၅၀မိုင်နှုန်းကို ကျဆင်းသွားခြင်း၊ လီဗာနင်းသော်လည်း အမြန်နှုန်းမြင့်မတတ်လာခြင်းမျိုးဖြစ်တတ်ပါသည်။
(၇)ကားအတွင်းခန်းပစ္စည်းများ၏ ပြဿနာ
၂၀၁၂မော်ဒယ် Nissan Jukeကိုု မိုင်၁၀၀၀၀ကျော်မောင်းနှင်ပြီးသောအခါ ကားအတွင်းခန်းတွင်ပါရှိသော ပစ္စည်းများ၏ချို့ယွင်းမှုများရှိတတ်ပါသည်။
(၈)Fuel pressure sensorချို့ယွင်းခြင်း
၂၀၁၂မော်ဒယ် Nissan Juke ကို ၆၅၀၀၀မိုင် မောင်းနှင်ပြီးသောအခါ Fuel pressure sensorချို့ယွင်းခြင်းမျိုးဖြစ်တတ်ပါသည်။
ဓာတ်ဆီအနံ့များရနေသည့်အတွက် စစ်ဆေးသည့်အခါ လောင်စာနှင့်ပတ်သတ်သော အာရုံခံကိရိယာ (Fuel pressure sensor) ချို့ယွင်းခြင်းဖြစ်ပါသည်။