Nissan GTR (R35) ရဲ့ ပါဝါခွဲဝေမှုပုံစံ


ဖော်ပြထားတဲ့ ပုံလေးကိုကြည့်ပြီး R35 ရဲ့ဖွဲ့စည်းထားပုံကို လေ့လာကြည့်ရအောင်။ ပထမဆုံးအရှေ့ပိုင်းကနေစကြည့်ရင် တာဘိုချာဂျာ ၂ လုံးအတွက် အလယ်မှာ အင်တာကူလာ ၂ လုံးပါပါတယ်။

ညာဘက်မှာတော့ အင်ဂျင်အအေးခံဖို့အတွက်ရေဒီရေတာ ၁ လုံး ပါဝင်ပါတယ်။

အင်ဂျင်ကိုတော့ V6 အင်ဂျင် ၃.၈ လီတာ တာဘို ၂ လုံး ကိုအသုံးပြုထားတယ်။ အလယ်မှာတော့ ဘီးလေးဘီးလုံးကို ပါဝါတွေပို့ပေးမယ့် Drive Shaft ၂ ချောင်းပါဝင်ပါတယ်။ R35 ရဲ့ ထူးခြားချက်တွေထဲက တစ်ခုပါပဲ။ အလယ်က ပင်မရှပ်ချောင်း အကြီးက နောက်ဘီးတွေကိုပါဝါပို့ ပေးပါတယ်။ ညာဘက်က ဒုတိယ ရှပ်ချောင်းကအရှေ့ဘီးတွေကို ပါဝါပေးတယ်။  ရှပ် ၂ ချောင်းလုံးကို အလေးချိန်ပေါ့ပါးစေဖို့ ကာဗွန်ဖိုက်ဘာတွေနဲ့ ပဲ ပြုလုပ်ထားပါတယ်။

ရှပ်ချောင်းတွေရဲ့အဆုံးမှာတွေ့ရမှာကတော့ GTR ရဲ့ ဘီးလေးဘီးလုံးကို ပါဝါခွဲဝေမှုတွေ အဓိကလုပ်ဆောင်ပေးမယ့် Transmission and Transfer Case ပါပဲ။ အဲ့ဒီမှာ Nissan ရဲ့ ထူးခြားတဲ့နည်းပညာသစ်တစ်ခုဖြစ်တဲ့ ATTESAE-TS လို့ခေါ်တဲ့ Advanced Total Traction Engineering System for All-terrain with Electronic Torque Split ပါဝင်ပါတယ်။

ATTESAE-TS ဟာ GTR ကို ၂.၅ စက္ကန့်အတွင်း တစ်နာရီ ၆၂ မိုင်နှုန်းကို ရရှိစေတဲ့ ပင်မအကြောင်းရင်း တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီစနစ်ကပဲ ပါဝါခွဲဝေမှုကို တွက်ချက်လုပ်ဆောင်ပေးပါတယ်။စစထွက်ချင်းမှာ ရှေ့ဘီးကို ပါဝါ ၂ % ပို့ပေးပြီး နောက်ဘီးတွေ ကိုတော့ ၉၈ % ပို့ပေးမှာပဲဖြစ်ပါတယ်။

နောက်တော့မှ အာရုံခံ ဆင်ဆာ တွေရဲ့အချက်ပြမှုတွေအပေါ် မှုအပေါ် မူတည်ပြီး ရှေ့ဘီးနဲ့ နောက်ဘီးတွေကို လိုအပ်သလို ပါဝါတွေကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ R35 ဟာ စူပါကားတွေထဲမှာမှ ရှားရှားပါးပါး All-Wheel-Drive (AWD) ကားတစ်စီးပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ထုံးစံအတိုင်း အိတ်ဇောငွေ့တွေ အတွက် အိတ်ဇောပိုက် ပိုက်လေးခုကိုတွေ့ရမှာပဲဖြစ်ပါတယ်။

Source:Flying_With_Car

Read 706 times