Nissan စက်ရုံကို ဝယ်ယူဖို့ စပိန်က တရုတ်မှ Great Wall Motor နှင့် ဆွေးနွေးညှိနှိုင်း


စပိန်နိုင်ငံ ဘာစီလိုနားမြို့မှာ တည်ရှိတဲ့ နီဆန်းကားစက်ရုံငယ် ၃ ခုကို ဝယ်ယူဖို့အတွက် စပိန်အာဏာပိုင်များနဲ့ နီဆန်းတို့က တရုတ်နိုင်ငံမှ ဂရိတ်ဝေါမော်တော်ကို ဖြစ်နိုင်မဖြစ်နိုင် ဆွေးနွေးညှိနှိုင်းနေပါတယ်။ စက်ရုံ‌ေတွကို လာမယ့် ဒီဇင်ဘာလမှာ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

နိုင်ငံနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များက နီဆန်းနဲ့ စက်ရုံငယ် နှစ်ခုအတွက် ဝယ်လက်ကို ရှာနေကြတယ်။ စပိန်မှ လျှပ်စစ်မော်တောဆိုင်ကယ် ထုတ်လုပ်တဲ့ လုပ်ငန်း Silence ကိုလည်း ကမ်းလှမ်းတယ်။ ဒေသခံ အင်ဂျင်နီယာလုပ်ငန်း QEV Technologies နဲ့လည်း ဆွေးနွေးနေတယ်။ QEV Technologies က ဆွီဒင်မှ လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်းနှစ်ခု  Inzile နဲ့  Volta တို့ ပေါင်းစည်း လုပ်ကိုင်တဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Nissan က ဘာစီလိုနားမြို့မှာ စက်ရုံ ၃ ရုံ ထားရှိပြီး လူ ၃,၀၀၀ ဦးဝန်းကျင်ကို တိုက်ရိုက်အလုပ်ခန့်ထားပြီး လူ ၂၀,၀၀၀ ဝန်းကျင်ကို သွယ်ဝိုက်သောအားဖြင့် အလုပ်ရရှိနေစေပါတယ်။ တိုက်ရိုက်ခန့်ထားတဲ့သူတွေထဲမှာ ၁,၆၀၀ က စက်ရုံပိတ်သိမ်းတဲ့အခါ ဒုက္ခရောက်ကြလိမ့်မယ်။ ကျန်တဲ့သူတွေက အငြိမ်းစား အကျိုးခံစားခွင့် ရထားကြသူတွေ ဖြစ်ပါတယ်။

Great Wall က ပိုကြီးတဲ့ စက်ရုံကို စိတ်ဝင်စားပြီး အငယ်နှစ်ရုံကို သုံးလို့ ရမရ လေ့လာနေတယ်။
Silence နဲ့ QEV Technologies တို့က အငယ်စက်ရုံနှစ်ရုံကိုပဲ စိတ်ဝင်စားကြတယ်။
ဥရောပရဲ့ ဒုတိယအကြီးမားဆုံး ကားထုတ်လုပ်ရေးလုပ်ငန်း Nissan က ကမ္ဘာတစ်လွှားမှာ  ပြန်လည်ဖွဲ့တည်ခြင်း လုပ်ဆောင်နေတာကြောင့် စပိန်မှ စက်ရုံ ၃ ခုကို ပိတ်သိမ်းတော့မှာ ဖြစ်ကြောင်း ယမန်နှစ်က ကြေညာခဲ့ပါတယ်။
စစချင်းမှာ ကြေညာခဲ့တာက ၂၀၂၀ ဒီဇင်ဘာလမှာ စက်ရုံတွေကို ပိတ်ဖို့ ဖြစ်ပြီး နောက်တော့ အချိန် တစ်နှစ် နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

 

.reuters.com

Read 2754 times